[Zawgyi]

ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕ ဒုိင္လူႀကီးအႀကီးအကဲရာထူးက ႏႈတ္ထြက္ခဲ့တဲ့ ေကာ္လီနာ Collina

ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္ (UEFA) လက္ေအာက္မွာ ဒိုင္လူႀကီးအႀကီးအကဲအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ နာမည္ေက်ာ္ ကြင္းလယ္ဒိုင္ေဟာင္း ေကာ္လီနာ Collina ဟာ ရာထူးကေန ရုတ္တရက္ႏႈတ္ထြက္ခဲ့ပါတယ္။ ပုဂၢိဳလ္ေရးဆိုင္ရာကိစၥတခ်ိဳ႕ေၾကာင့္ (၈)ႏွစ္ၾကာ တာဝန္ယူခဲ့တဲ့ ရာထူးကေန ႏႈတ္ထြက္ေၾကာင္း ေကာ္လီနာ Collina က တရားဝင္ေၾကညာခဲ့တာျဖစ္ပါတယ္။ လာမယ့္ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ VAR စနစ္ အသံုးျပဳဖို႔ တိုက္တြန္းခဲ့တဲ့ ေကာ္လီနာ Collina အႀကံေပးမႈကို UEFA ဘက္က ျငင္းဆန္ခဲ့လို႔ သူ႔အေနနဲ႔ ရာထူးကို စြန္႔လႊတ္ခဲ့တာျဖစ္ေၾကာင္း ဥေရာပအေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပခဲ့ပါတယ္။ UEFA ဥကၠဌ ဆီဖာရင္ Ceferin က VAR စနစ္ဟာ နည္းပညာအသစ္တစ္ခုျဖစ္တာေၾကာင့္ အခ်ိန္ေပးဖို႔ လိုအပ္ေၾကာင္း ေျပာၾကားခဲ့ၿပီး ေကာ္လီနာ Collina ရဲ႕ တိုက္တြန္းမႈကို ပယ္ခ်ခဲ့လို႔ ရာထူးကေန ႏႈတ္ထြက္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

Pierluigi-Collina-has-stepped-down-as-UEFAs-refereeing-boss

Pierluigi-Collina-has-stepped-down-as-UEFAs-refereeing-boss

FIFA ရဲ႕ ဒုိင္လူႀကီးေကာ္မတီမွာ အႀကီးအကဲတစ္ဦးအျဖစ္လည္း တာဝန္ထမ္းေဆာင္ေနတဲ့ ေကာ္လီနာ Collina ဟာ VAR စနစ္ကို ေထာက္ခံအားေပးသူျဖစ္ၿပီး ၿပီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ VAR စနစ္ကို ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပထမဆံုးအႀကိမ္ အသံုးျပဳဖို႔ အဓိကႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။ ေကာ္လီနာ Collina ရာထူးကႏႈတ္ထြက္ခဲ့တဲ့အေပၚ UEFA ဥကၠဌ ဆီဖာရင္ Ceferin က “ေကာ္လီနာ Collina ဟာ သူ႔ထမ္းေဆာင္ခဲ့တဲ့ ရာထူးကို သရုပ္ျပပြဲတစ္ပြဲမွာ ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ယူေနတဲ့ ပံုစံမ်ိဳးနဲ႔သာ နားလည္ထားသူတစ္ဦးပါ”လို႔ ေဝဖန္ခဲ့ေျပာၾကားခဲ့ပါတယ္။ေကာ္လီနာ Collina ရဲ႕ ေနရာကို နာမည္ေက်ာ္ ကြင္းလယ္ဒိုင္ေဟာင္းတစ္ဦးျဖစ္တဲ့ ရိုဆက္တီ Rosetti နဲ႔ အစားထိုးခန္႔အပ္လိုက္ေၾကာင္း UEFA က တရားဝင္ေၾကညာခဲ့ပါတယ္။ အသက္ (၅၀)အရြယ္ရွိ အီတလီလူမ်ိဳး ရိုဆက္တီ Rosetti ကလည္း VAR စနစ္ကို ေထာက္ခံသူတစ္ဦးျဖစ္ၿပီး ၿပီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ VAR စနစ္ ႀကီးၾကပ္သူတစ္ဦးအျဖစ္ တာဝန္ယူခဲ့တာျဖစ္ပါတယ္။

REF:Daily Mail
Photo:GDS.it, Aktuelle Nachrichten
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဒိုင်လူကြီးအကြီးအကဲရာထူးက နှုတ်ထွက်ခဲ့တဲ့ ကော်လီနာ Collina

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) လက်အောက်မှာ ဒိုင်လူကြီးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ နာမည်ကျော် ကွင်းလယ်ဒိုင်ဟောင်း ကော်လီနာ Collina ဟာ ရာထူးကနေ ရုတ်တရက်နှုတ်ထွက်ခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတချို့ကြောင့် (၈)နှစ်ကြာ တာဝန်ယူခဲ့တဲ့ ရာထူးကနေ နှုတ်ထွက်ကြောင်း ကော်လီနာ Collina က တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ လာမယ့်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ VAR စနစ် အသုံးပြုဖို့ တိုက်တွန်းခဲ့တဲ့ ကော်လီနာ Collina အကြံပေးမှုကို UEFA ဘက်က ငြင်းဆန်ခဲ့လို့ သူ့အနေနဲ့ ရာထူးကို စွန့်လွှတ်ခဲ့တာဖြစ်ကြောင်း ဥရောပအခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ UEFA ဥက္ကဌ ဆီဖာရင် Ceferin က VAR စနစ်ဟာ နည်းပညာအသစ်တစ်ခုဖြစ်တာကြောင့် အချိန်ပေးဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ကော်လီနာ Collina ရဲ့ တိုက်တွန်းမှုကို ပယ်ချခဲ့လို့ ရာထူးကနေ နှုတ်ထွက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Pierluigi-Collina-has-stepped-down-as-UEFAs-refereeing-boss

Pierluigi-Collina-has-stepped-down-as-UEFAs-refereeing-boss

FIFA ရဲ့ ဒိုင်လူကြီးကော်မတီမှာ အကြီးအကဲတစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်နေတဲ့ ကော်လီနာ Collina ဟာ VAR စနစ်ကို ထောက်ခံအားပေးသူဖြစ်ပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ VAR စနစ်ကို ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အသုံးပြုဖို့ အဓိကကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ကော်လီနာ Collina ရာထူးကနှုတ်ထွက်ခဲ့တဲ့အပေါ် UEFA ဥက္ကဌ ဆီဖာရင် Ceferin က “ကော်လီနာ Collina ဟာ သူ့ထမ်းဆောင်ခဲ့တဲ့ ရာထူးကို သရုပ်ပြပွဲတစ်ပွဲမှာ ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူနေတဲ့ ပုံစံမျိုးနဲ့သာ နားလည်ထားသူတစ်ဦးပါ”လို့ ဝေဖန်ခဲ့ပြောကြားခဲ့ပါတယ်။ကော်လီနာ Collina ရဲ့ နေရာကို နာမည်ကျော် ကွင်းလယ်ဒိုင်ဟောင်းတစ်ဦးဖြစ်တဲ့ ရိုဆက်တီ Rosetti နဲ့ အစားထိုးခန့်အပ်လိုက်ကြောင်း UEFA က တရားဝင်ကြေညာခဲ့ပါတယ်။ အသက် (၅၀)အရွယ်ရှိ အီတလီလူမျိုး ရိုဆက်တီ Rosetti ကလည်း VAR စနစ်ကို ထောက်ခံသူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ VAR စနစ် ကြီးကြပ်သူတစ်ဦးအဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။

REF:Daily Mail
Photo:GDS.it, Aktuelle Nachrichten
Aung Kyaw Wai (Akhayar)
www.akhayar.com