[Zawgyi]

မန္ယူအသင္းအက်ႌ၀တ္ထားတဲ့ Willian နဲ႔ Alderweireld ပုံေတြ လူမႈကြန္ရက္မွာ ပ်ံ႔ႏွံ႔ေနၿပီ

မန္ယူအသင္းက ေခၚယူဖုိ႔ပစ္မွတ္ထားေနတဲ့ ခ်ယ္လ္ဆီး ေတာင္ပံကစားသမား ၀ီလီယံ Willian နဲ႔ စပါးေနာက္ခံလူ အယ္လ္ဒါ၀ီယဲလ္ Alderweireld တို႔ မန္ယူအသင္းအက်ႌ၀တ္ဆင္ထားတဲ့ပုံေတြ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ပ်ံ႔ႏွံ႔ေနၿပီျဖစ္ပါတယ္။ ဒီပုံေတြကုိ Manchester United Updates Facebook စာမ်က္ႏွာမွာ ေဖာ္ျပခဲ့တာျဖစ္ၿပီး အဲဒီမွာေရးထားတာကေတာ့”အယ္လ္ဒါ၀ီယဲလ္နဲ႔ ၀ီလီယံတို႔ မန္ယူအသင္းအက်ႌ၀တ္ထားတဲ့ပုံေတြက အင္တာနက္မွာ ပ်ံ႔ႏွံ႔ေနပါၿပီ။

Pictures-of-Alderweireld-and-Willian-in-a-United-kit-are-flying-around-the-internet-today

Pictures-of-Alderweireld-and-Willian-in-a-United-kit-are-flying-around-the-internet-today

မန္ယူပရိသတ္ေတြဆုိတာကလည္း အရင္ႏွစ္ေတြတုန္းက Photoshop နဲ႔ ဒီလုိပံုေတြ ဖန္တီးတဲ့အက်င့္ေတြလည္းရွိတယ္။ ဒီပုံေတြကလည္း ဟုတ္၊ မဟုတ္ဆုိတာကေတာ့ အတိအက် မသိႏုိင္ပါဘူး။ ဒါေပမဲ့ ဘာပဲျဖစ္ျဖစ္ အခုလုိပုံေတြ ေတြ႕လုိက္ရေတာ့လည္း မန္ယူပရိသတ္ေတြ ေက်နပ္စရာေပါ့။ ခင္ဗ်ားတို႔ေရာ ဘယ္လုိထင္လဲ၊ ဒါေတြက အတုလား၊ အစစ္လားဆုိတာ”လုိ႔ ေဖာ္ျပခဲ့တယ္။

Willian-

Willian-

၀ီလီယံကုိ ေပါင္(၆၆)သန္းနဲ႔ ေခၚဖုိ႔ မန္ယူနဲ႔ခ်ယ္လ္ဆီးတို႔ သေဘာတူညီမႈရရွိခဲ့ၿပီဆုိတဲ့သတင္းေတြကလည္း အခုရက္ပုိင္းအတြင္း ၿဗိတိန္သတင္းမီဒီယာေတြရဲ႕ စာမ်က္ႏွာထက္မွာ က်ယ္က်ယ္ျပန္႔ျပန္႔ေနရာယူထားပါတယ္။ မန္ယူအသင္းနည္းျပေမာ္ရင္ဟုိ Mourinho ဟာ အသင္းရဲ႕ခံစစ္အတြက္ စပါးေနာက္ခံလူ အယ္လ္ဒါ၀ီယဲလ္ကုိလည္း ပစ္မွတ္ထားေနၿပီး အခုေလာေလာဆယ္ေတာ့ အတိအက် ဘာသတင္းမွ မထြက္ေသးပါဘူး။

Alderweireld

Alderweireld

လက္ရွိအခ်ိန္မွာေတာ့ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ၀ီလီယံနဲ႔အယ္လ္ဒါ၀ီယဲလ္တို႔ရဲ႕ ပုံေတြကုိ မန္ယူပရိသတ္ေတြက အၿပိဳင္အဆုိင္ Share ေနၾကပါၿပီ။ ပရိသတ္ေတြလည္း .. ဒီပုံေတြက အစစ္လား၊ အတုလားဆုိတာ ကုိယ္တိုင္ပဲဆုံးျဖတ္ၾကပါေတာ့ . . .

REF:Manchester United Updates
Photo:Manchester United Updates,Getty Images,Evening Standard
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူအသင်းအင်္ကျီဝတ်ထားတဲ့ Willian နဲ့ Alderweireld ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီ

မန်ယူအသင်းက ခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ ချယ်လ်ဆီး တောင်ပံကစားသမား ဝီလီယံ Willian နဲ့ စပါးနောက်ခံလူ အယ်လ်ဒါဝီယဲလ် Alderweireld တို့ မန်ယူအသင်းအင်္ကျီဝတ်ဆင်ထားတဲ့ပုံတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပြီဖြစ်ပါတယ်။ ဒီပုံတွေကို Manchester United Updates Facebook စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပြီး အဲဒီမှာရေးထားတာကတော့”အယ်လ်ဒါဝီယဲလ်နဲ့ ဝီလီယံတို့ မန်ယူအသင်းအင်္ကျီဝတ်ထားတဲ့ပုံတွေက အင်တာနက်မှာ ပျံ့နှံ့နေပါပြီ။

Pictures-of-Alderweireld-and-Willian-in-a-United-kit-are-flying-around-the-internet-today

Pictures-of-Alderweireld-and-Willian-in-a-United-kit-are-flying-around-the-internet-today

မန်ယူပရိသတ်တွေဆိုတာကလည်း အရင်နှစ်တွေတုန်းက Photoshop နဲ့ ဒီလိုပုံတွေ ဖန်တီးတဲ့အကျင့်တွေလည်းရှိတယ်။ ဒီပုံတွေကလည်း ဟုတ်၊ မဟုတ်ဆိုတာကတော့ အတိအကျ မသိနိုင်ပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အခုလိုပုံတွေ တွေ့လိုက်ရတော့လည်း မန်ယူပရိသတ်တွေ ကျေနပ်စရာပေါ့။ ခင်ဗျားတို့ရော ဘယ်လိုထင်လဲ၊ ဒါတွေက အတုလား၊ အစစ်လားဆိုတာ”လို့ ဖော်ပြခဲ့တယ်။

Willian-

Willian-

ဝီလီယံကို ပေါင်(၆၆)သန်းနဲ့ ခေါ်ဖို့ မန်ယူနဲ့ချယ်လ်ဆီးတို့ သဘောတူညီမှုရရှိခဲ့ပြီဆိုတဲ့သတင်းတွေကလည်း အခုရက်ပိုင်းအတွင်း ဗြိတိန်သတင်းမီဒီယာတွေရဲ့ စာမျက်နှာထက်မှာ ကျယ်ကျယ်ပြန့်ပြန့်နေရာယူထားပါတယ်။ မန်ယူအသင်းနည်းပြမော်ရင်ဟို Mourinho ဟာ အသင်းရဲ့ခံစစ်အတွက် စပါးနောက်ခံလူ အယ်လ်ဒါဝီယဲလ်ကိုလည်း ပစ်မှတ်ထားနေပြီး အခုလောလောဆယ်တော့ အတိအကျ ဘာသတင်းမှ မထွက်သေးပါဘူး။

Alderweireld

Alderweireld

လက်ရှိအချိန်မှာတော့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝီလီယံနဲ့အယ်လ်ဒါဝီယဲလ်တို့ရဲ့ ပုံတွေကို မန်ယူပရိသတ်တွေက အပြိုင်အဆိုင် Share နေကြပါပြီ။ ပရိသတ်တွေလည်း .. ဒီပုံတွေက အစစ်လား၊ အတုလားဆိုတာ ကိုယ်တိုင်ပဲဆုံးဖြတ်ကြပါတော့ . . .

REF:Manchester United Updates
Photo:Manchester United Updates,Getty Images,Evening Standard
Naing Linn(Akhayar)
www.akhayar.com