[Zawgyi]

ငယ္ဘဝကိုျပန္လြမ္းမိေစမယ့္ ရန္ကုန္ၿမိဳ႕ရဲ႕ ေရွးအက်ဆံုး ေခတ္ဦးဘာဂါဆိုင္ေလး

လြန္ခဲ့တဲ့ ဆယ္စုႏွစ္ဝန္းက်င္နည္းပညာေတြမဖြံ႔ျဖိဳးေသးခင္ကာလ၊ အရာရာသတင္းျပန္႔ႏွံ့မႈနည္းပါးခဲ့တဲ့ ကာလေတြတုန္းက ရန္ကုန္ၿမိဳ႕ ၆မိုင္ခြဲ IBC ေရွ႕နားမွာ လွည္းေလးနဲ႔ အန္တီႀကီးတစ္ေယာက္ ကိုယ္တိုင္လုပ္ေရာင္းခဲ့တဲ့ဘာဂါဆိုင္ေလးတစ္ဆိုင္က ဘာဂါခ်စ္သူေတြရဲ႕ ရတနာသိုက္ေလးတစ္ခုပါ။

ကိုယ္တိုင္ လုပ္တဲ့ ေပါင္မုန္႔သား၊ ကိုယ္တိုင္ဖန္တီးတဲ့ Ketchup၊ Import လုပ္ထားတဲ့အမဲသားကိုမွ ကိုယ္တိုင္ ေသခ်ာအရသာရွိေအာင္ Grill လုပ္ေပးတဲ့ Maggi ဟမ္ဘာဂါဆိုတာ သူ႔ေခတ္သူ႔အခါက ရန္ကုန္ၿမိဳ႕ရဲ႕ အေကာင္းဆံုးစာရင္းဝင္ခဲ့ပါတယ္။

ဒါေပမယ့္ စားေသာက္ဆိုင္ေတြမိႈလိုေပါက္လာတဲ့အခ်ိန္မွာ အခ်ိန္ေတာ္ေတာ္ၾကာၾကာ ေပ်ာက္ဆံုးေနခဲ့တဲ့ ရန္ကုန္ၿမိဳ႕ရဲ႕ အရသာအရွိဆံုး ဘာဂါဆိုင္ေလးဟာ ျမန္မာ႐ုပ္ရွင္ကားေတြထဲကလို ႏွစ္ကာလမ်ားစြာၾကာေသာအခါ ဆိုတဲ့အတိုင္း လွည္းေလးအဆင့္ကေန အထာက်က်ဘာဂါဆိုင္ေလးအျဖစ္ကို အသြင္ေျပာင္းၿပီး ေပၚလာခဲ့ပါတယ္။

သခ်ၤာဂဏန္း (Pi) ဆိုတဲ့အဓိပၸာယ္နဲ႔ 3.14 ဆိုၿပီး အင္းစိန္လမ္းမေပၚမွာ ေကာ္ဖီေသာက္ရင္းအနားယူလို႔ရမယ့္ ဆိုင္လွလွေလးအျဖစ္ ျပန္ေပၚထြက္လာခဲ့ပါၿပီ။

ေျမညီထပ္ဆိုင္ခန္းက်ဥ္းေလးကို သခ်ၤာဂဏန္းေလးေတြနဲ႔ အလွဆင္ထားပါတယ္။ ဆိုင္ေရွ႕ကြက္လပ္ေလးဟာလည္း ေနသာတဲ့ညေနခင္းေတြအတြက္ Chilling လုပ္ေကာင္းတဲ့ေနရာေလးပါပဲ။ ႐ိုးရွင္းၿပီး ဘာနဲ႔မွ မ်က္စိအျမင္ကို မရႈပ္ေစတဲ့ဆိုင္ေလးပါ။

အဓိက ေရာင္းတာကေတာ့ ဘာဂါေတြ၊ European မနက္စာေတြ၊ Sandwich ေတြ၊ Pie ေတြနဲ႔ Muffins ေတြ အမ်ားဆံုးရပါတယ္။

အေကာင္းဆံုးလား? ၫႊန္းရမယ္ဆိုရင္ေတာ့ ဟိုးအရင္လက္ရာကို ခုထိထိန္းထားႏိုင္တယ္လို႔ ေျပာစမွတ္ျပဳခ်ီးက်ဴးရမယ့္ ဆိုင္ရဲ႕ နာမည္ႀကီး Maggi Burger ပါပဲ။ အမဲသားအျပားခပ္ႀကီးႀကီးကို ပံုမွန္ဘာဂါေတြမွာပါေလ့ရွိတဲ့ ၾကက္သြန္ကြင္း၊ ခရမ္းခ်ဥ္သီး၊ Ketchup တို႔နဲ႔ ပံုမွန္ ဖန္တီးတာေပမယ့္ လွ်ာေပၚထိ ေမႊးဆိမ့္ေနေအာင္ေကာင္းတဲ့ ေပါင္မုန္႔အသားနဲ႔ တကိုက္စားၿပီးရင္းတစ္ကိုက္ထပ္ကိုက္ခ်င္မိေအာင္ ေမႊးလြန္းတဲ့ Homemade Ketchup ပါ။ Cheese မပါပါဘူး။ ၾကက္ဥမပါပါဘူး။ တစ္လံုးကို ၃၅၀၀ ပါ။ ဒါေပမယ့္ ထပ္ထပ္စားခ်င္ေလာက္ေအာင္ကို အမဲသား၊ ေပါင္မုန္႔…..အကုန္ေပါင္းထားတဲ့ ဘာဂါတစ္လံုးလံုး ရွယ္ေကာင္းလြန္းလို႔ အမွတ္ျပည့္ေပးခ်င္မိတဲ့အရသာပါပဲ။ ၾကက္ဥ၊ Cheese ထည့္ခ်င္ရင္လည္း ေၿပာလို႔ရပါတယ္။

ဒုတိယအႀကိဳက္ဆံုးကေတာ့ ေရြးခ်ယ္စရာ နားမလည္တဲ့ မီႏူးေတြ အမ်ားႀကီးထဲကမွ မွန္မွန္ကန္ကန္ေရြးခ်ယ္ခဲ့မိတဲ့ Coco Mango Smoothie ပါ။ အုန္းသီးရည္ကို သရက္သီးစိန္တလံုးေမႊးေမႊးေလးနဲ႔ Smoothie ပံုစံ ခ်ဥ္ခ်ဥ္ေလးေဖ်ာ္ထားတာ သဘာဝအရသာ လန္းဆန္းေနေအာင္ခံစားရပါတယ္။ ၃၀၀၀ပါပဲ။

အဲ့ဒီေလာက္နဲ႔တင္ ကိုယ့္တစ္နပ္စာက ဗိုက္ျပည့္တင္းသြားခဲ့ပါတယ္။ ေစ်းႏႈန္းအေနနဲ႔ဆို မနည္းလြန္း မမ်ားလြန္းတဲ့ အေနအထားပါ။

ဒါေပမယ့္ အာမခံႏိုင္တာက အရသာ၊ သန္႔ရွင္းမႈနဲ႔ ေႏြးေထြးတဲ့ေစတနာပါ။ ႏိုင္ငံျခားဆန္ဆန္ မီႏူးကအစ ေသခ်ာျပင္ထားသလို သန္႔ရွင္းမႈကိုလည္း ေသခ်ာဦးစားေပးထားပါတယ္။

ထပ္ခါထပ္ခါျပန္လာစားခ်င္တဲ့အရသာပါ။ ဒီလို အရသာေကာင္းေကာင္းနဲ႔ ဘာဂါေကာင္းေကာင္းေလးကို စားရင္း၊ ေကာ္ဖီဆိုင္ေလးရဲ႕ ျပတင္းေပါက္မွာထိုင္ရင္း မိုးစက္ေတြကို ေငးဖို႔အတြက္ေတာ့ ရန္ကုန္ၿမိဳ႕ရဲ႕ စြန္႔ဦးပထမဘာဂါဆိုင္လွလွေလးက တစ္ခါေလာက္လာခဲ့ဖို႔ ေစာင့္ေမွ်ာ္ေနမွာပါ။

လိပ္စာကေတာ႔ အမွတ္ ၄၊ လိႈင္သီရိအိမ္ယာ၊ အင္းစိန္လမ္းမေပၚမွာပါ။ ေထာင့္စြန္းေလးမွာမို႔ လမ္းမေပၚမွာမွ ေသခ်ာရွာရပါတယ္။ ဖြင့္ခ်ိန္မနက္ ၁၀ နာရီကေန ည ၈ နာရီထိပါ။

FoodieEi (Akhayar)

[Unicode]

ငယ်ဘဝကိုပြန်လွမ်းမိစေမယ့် ရန်ကုန်မြို့ရဲ့ ရှေးအကျဆုံး ခေတ်ဦးဘာဂါဆိုင်လေး

လွန်ခဲ့တဲ့ ဆယ်စုနှစ်ဝန်းကျင်နည်းပညာတွေမဖွံ့ဖြိုးသေးခင်ကာလ၊ အရာရာသတင်းပြန့်နှံ့မှုနည်းပါးခဲ့တဲ့ ကာလတွေတုန်းက ရန်ကုန်မြို့ ၆မိုင်ခွဲ IBC ရှေ့နားမှာ လှည်းလေးနဲ့ အန်တီကြီးတစ်ယောက် ကိုယ်တိုင်လုပ်ရောင်းခဲ့တဲ့ဘာဂါဆိုင်လေးတစ်ဆိုင်က ဘာဂါချစ်သူတွေရဲ့ ရတနာသိုက်လေးတစ်ခုပါ။

ကိုယ်တိုင် လုပ်တဲ့ ပေါင်မုန့်သား၊ ကိုယ်တိုင်ဖန်တီးတဲ့ Ketchup၊ Import လုပ်ထားတဲ့အမဲသားကိုမှ ကိုယ်တိုင် သေချာအရသာရှိအောင် Grill လုပ်ပေးတဲ့ Maggi ဟမ်ဘာဂါဆိုတာ သူ့ခေတ်သူ့အခါက ရန်ကုန်မြို့ရဲ့ အကောင်းဆုံးစာရင်းဝင်ခဲ့ပါတယ်။

ဒါပေမယ့် စားသောက်ဆိုင်တွေမှိုလိုပေါက်လာတဲ့အချိန်မှာ အချိန်တော်တော်ကြာကြာ ပျောက်ဆုံးနေခဲ့တဲ့ ရန်ကုန်မြို့ရဲ့ အရသာအရှိဆုံး ဘာဂါဆိုင်လေးဟာ မြန်မာရုပ်ရှင်ကားတွေထဲကလို နှစ်ကာလများစွာကြာသောအခါ ဆိုတဲ့အတိုင်း လှည်းလေးအဆင့်ကနေ အထာကျကျဘာဂါဆိုင်လေးအဖြစ်ကို အသွင်ပြောင်းပြီး ပေါ်လာခဲ့ပါတယ်။

သင်္ချာဂဏန်း (Pi) ဆိုတဲ့အဓိပ္ပာယ်နဲ့ 3.14 ဆိုပြီး အင်းစိန်လမ်းမပေါ်မှာ ကော်ဖီသောက်ရင်းအနားယူလို့ရမယ့် ဆိုင်လှလှလေးအဖြစ် ပြန်ပေါ်ထွက်လာခဲ့ပါပြီ။

မြေညီထပ်ဆိုင်ခန်းကျဉ်းလေးကို သင်္ချာဂဏန်းလေးတွေနဲ့ အလှဆင်ထားပါတယ်။ ဆိုင်ရှေ့ကွက်လပ်လေးဟာလည်း နေသာတဲ့ညနေခင်းတွေအတွက် Chilling လုပ်ကောင်းတဲ့နေရာလေးပါပဲ။ ရိုးရှင်းပြီး ဘာနဲ့မှ မျက်စိအမြင်ကို မရှုပ်စေတဲ့ဆိုင်လေးပါ။

အဓိက ရောင်းတာကတော့ ဘာဂါတွေ၊ European မနက်စာတွေ၊ Sandwich တွေ၊ Pie တွေနဲ့ Muffins တွေ အများဆုံးရပါတယ်။

အကောင်းဆုံးလား? ညွှန်းရမယ်ဆိုရင်တော့ ဟိုးအရင်လက်ရာကို ခုထိထိန်းထားနိုင်တယ်လို့ ပြောစမှတ်ပြုချီးကျူးရမယ့် ဆိုင်ရဲ့ နာမည်ကြီး Maggi Burger ပါပဲ။ အမဲသားအပြားခပ်ကြီးကြီးကို ပုံမှန်ဘာဂါတွေမှာပါလေ့ရှိတဲ့ ကြက်သွန်ကွင်း၊ ခရမ်းချဉ်သီး၊ Ketchup တို့နဲ့ ပုံမှန် ဖန်တီးတာပေမယ့် လျှာပေါ်ထိ မွှေးဆိမ့်နေအောင်ကောင်းတဲ့ ပေါင်မုန့်အသားနဲ့ တကိုက်စားပြီးရင်းတစ်ကိုက်ထပ်ကိုက်ချင်မိအောင် မွှေးလွန်းတဲ့ Homemade Ketchup ပါ။ Cheese မပါပါဘူး။ ကြက်ဥမပါပါဘူး။ တစ်လုံးကို ၃၅၀၀ ပါ။ ဒါပေမယ့် ထပ်ထပ်စားချင်လောက်အောင်ကို အမဲသား၊ ပေါင်မုန့်…..အကုန်ပေါင်းထားတဲ့ ဘာဂါတစ်လုံးလုံး ရှယ်ကောင်းလွန်းလို့ အမှတ်ပြည့်ပေးချင်မိတဲ့အရသာပါပဲ။ ကြက်ဥ၊ Cheese ထည့်ချင်ရင်လည်း ပြောလို့ရပါတယ်။

ဒုတိယအကြိုက်ဆုံးကတော့ ရွေးချယ်စရာ နားမလည်တဲ့ မီနူးတွေ အများကြီးထဲကမှ မှန်မှန်ကန်ကန်ရွေးချယ်ခဲ့မိတဲ့ Coco Mango Smoothie ပါ။ အုန်းသီးရည်ကို သရက်သီးစိန်တလုံးမွှေးမွှေးလေးနဲ့ Smoothie ပုံစံ ချဉ်ချဉ်လေးဖျော်ထားတာ သဘာဝအရသာ လန်းဆန်းနေအောင်ခံစားရပါတယ်။ ၃၀၀၀ပါပဲ။

အဲ့ဒီလောက်နဲ့တင် ကိုယ့်တစ်နပ်စာက ဗိုက်ပြည့်တင်းသွားခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့ဆို မနည်းလွန်း မများလွန်းတဲ့ အနေအထားပါ။

ဒါပေမယ့် အာမခံနိုင်တာက အရသာ၊ သန့်ရှင်းမှုနဲ့ နွေးထွေးတဲ့စေတနာပါ။ နိုင်ငံခြားဆန်ဆန် မီနူးကအစ သေချာပြင်ထားသလို သန့်ရှင်းမှုကိုလည်း သေချာဦးစားပေးထားပါတယ်။

ထပ်ခါထပ်ခါပြန်လာစားချင်တဲ့အရသာပါ။ ဒီလို အရသာကောင်းကောင်းနဲ့ ဘာဂါကောင်းကောင်းလေးကို စားရင်း၊ ကော်ဖီဆိုင်လေးရဲ့ ပြတင်းပေါက်မှာထိုင်ရင်း မိုးစက်တွေကို ငေးဖို့အတွက်တော့ ရန်ကုန်မြို့ရဲ့ စွန့်ဦးပထမဘာဂါဆိုင်လှလှလေးက တစ်ခါလောက်လာခဲ့ဖို့ စောင့်မျှော်နေမှာပါ။

လိပ်စာကတော့ အမှတ် ၄၊ လှိုင်သီရိအိမ်ယာ၊ အင်းစိန်လမ်းမပေါ်မှာပါ။ ထောင့်စွန်းလေးမှာမို့ လမ်းမပေါ်မှာမှ သေချာရှာရပါတယ်။ ဖွင့်ချိန်မနက် ၁၀ နာရီကနေ ည ၈ နာရီထိပါ။

FoodieEi (Akhayar)