[Zawgyi]

ဂီတသက္တမ္း ၁၅ နွစ္ျပည့္မွာ ပံုေဖာ္ခဲ့တဲ့ျဖဴျဖဴ ရဲ ႔အခ်စ္ကို ယံုၾကည္ေနဆဲပဲ

ျဖဴျဖဴေက်ာ္သိန္း ကသူမရဲ ႔သီခ်င္း အသစ္ျဖစ္တဲ့ “အခ်စ္ကိုယံုၾကည္ေနဆဲပဲ” ဆုိတဲ့ သီခ်င္းအတြက္ MV ေလးကို သူမရဲ ႔ဂီတသက္တမ္း ၁၅ နွစ္ျပည့္ေန႔မွာ ရိုက္ခဲ့တယ္ဆိုၿပီးေတာ့ အခုလိုေဖာ္ျပလိုက္တာျဖစ္ပါတယ္။

“Still Believe in Love
အခ်စ္ကိုယံုၾကည္ေနဆဲပဲ…

ဒီသီခ်င္းသစ္ေလးရဲ႕ Music Video ကိုျဖဴျဖဴ့ရဲ႕ ဂီတသက္တမ္း ၁၅ ႏွစ္ျပည့္တဲ့ေန႔မွာရိုက္ျဖစ္ခဲ့ပါတယ္
ဒီသီခ်င္းကိုျဖဴျဖဴဆိုခ်င္တဲ့အတိုင္းေရးသားတီးခတ္ဖန္တီးေပးတဲ့ Lancifer နဲ႔ DJ Ohfrik၊ Music Video မွာအမိုက္စားရိုက္ကူးပံုေဖာ္ေပးတဲ့ဒါရိုက္တာ Milos Curameng နဲ႔ FG Entertainment မိသားစုအဖြဲ႕သား ေတြ၊ အလန္းဆံုးဒီဇိုင္းေတြကိုမန္းေလးကေနဆင္းလာၿပီး ဆင္ေပးတဲ့ဒီဇိုင္နာ Henry Z နဲ႔ ျဖဴျဖဴရစ္သမၽွအလွဆံုး ခ်ဳပ္ေပးတဲ့ဒီဇိုင္နာ ShweSin(GoldFlake)၊ ဝတ္သမၽွ အထည္တိုင္းနဲ႔လိုက္ေအာင္ျပင္ေပးတဲ့မိတ္ကပ္ David၊ choreography လုပ္ေပးတဲ့ Live & Dance ကိုမင္းမင္းထြန္းနဲ႔အဖြဲ႕၊ venue sponsor လုပ္ေပးတဲ့ Vintage Luxury Yacht နဲ႔ဝန္းရံအားျဖည့္ေပးသူ အားလံုးကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္” ဆိုၿပီးေတာ့ လူမႈကြန္ရက္စာမ်က္နွာမွာတင္ထားတာလည္း ျဖစ္ပါတယ္။

ျဖဴျဖဴေတာင္ ဂီတသက္တမ္း ၁၅ နွစ္ျပည့္ခဲ့ၿပီေနာ္ ဒါေပမယ့္လည္း မေန႕တစ္ေန႔ ကလိုပါပဲ ။ သီခ်င္းဆိုရင္ အာေပါင္အာရင္းသန္သန္သီဆိုတတ္တဲ့ ျဖဴျဖဴေက်ာ္သိန္း ရဲ ႔သီခ်င္းေတြကိုေတာ့ ဒီေန႕ဒီအခ်ိန္ထိ အျမဲနားထဲမွာ ၾကားေယာင္မိလို႔ေနပါတယ္။ သူမသီဆိုခဲ့တဲ့ ဘယ္သူကိုယ့္ေလာက္ခ်စ္သလဲ ၊ မိုးခါးေရ ၊ လမ္းခြဲ နဲ႔ အျခားေအာင္ျမင္ခဲ့တဲ့ သီခ်င္းမ်ားစြာကလည္း ယေန႔တိုင္အထိေအာင္ျမင္ေနဆဲပါပဲ။

Photo Credit:PhyuPhyuKyawThein Facebook Page

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

ဂီတသက်တမ်း ၁၅ နှစ်ပြည့်မှာ ပုံဖော်ခဲ့တဲ့ဖြူဖြူ ရဲ့အချစ်ကို ယုံကြည်နေဆဲပဲ

ဖြူဖြူကျော်သိန်း ကသူမရဲ့သီချင်း အသစ်ဖြစ်တဲ့ “အချစ်ကိုယုံကြည်နေဆဲပဲ” ဆိုတဲ့ သီချင်းအတွက် MV လေးကို သူမရဲ့ဂီတသက်တမ်း ၁၅ နှစ်ပြည့်နေ့မှာ ရိုက်ခဲ့တယ်ဆိုပြီးတော့ အခုလိုဖော်ပြလိုက်တာဖြစ်ပါတယ်။

“Still Believe in Love
အချစ်ကိုယုံကြည်နေဆဲပဲ…

ဒီသီချင်းသစ်လေးရဲ့ Music Video ကိုဖြူဖြူ့ရဲ့ ဂီတသက်တမ်း ၁၅ နှစ်ပြည့်တဲ့နေ့မှာရိုက်ဖြစ်ခဲ့ပါတယ်
ဒီသီချင်းကိုဖြူဖြူဆိုချင်တဲ့အတိုင်းရေးသားတီးခတ်ဖန်တီးပေးတဲ့ Lancifer နဲ့ DJ Ohfrik၊ Music Video မှာအမိုက်စားရိုက်ကူးပုံဖော်ပေးတဲ့ဒါရိုက်တာ Milos Curameng နဲ့ FG Entertainment မိသားစုအဖွဲ့သား တွေ၊ အလန်းဆုံးဒီဇိုင်းတွေကိုမန်းလေးကနေဆင်းလာပြီး ဆင်ပေးတဲ့ဒီဇိုင်နာ Henry Z နဲ့ ဖြူဖြူရစ်သမျှအလှဆုံး ချုပ်ပေးတဲ့ဒီဇိုင်နာ ShweSin(GoldFlake)၊ ဝတ်သမျှ အထည်တိုင်းနဲ့လိုက်အောင်ပြင်ပေးတဲ့မိတ်ကပ် David၊ choreography လုပ်ပေးတဲ့ Live & Dance ကိုမင်းမင်းထွန်းနဲ့အဖွဲ့၊ venue sponsor လုပ်ပေးတဲ့ Vintage Luxury Yacht နဲ့ဝန်းရံအားဖြည့်ပေးသူ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်” ဆိုပြီးတော့ လူမှုကွန်ရက်စာမျက်နှာမှာတင်ထားတာလည်း ဖြစ်ပါတယ်။

ဖြူဖြူတောင် ဂီတသက်တမ်း ၁၅ နှစ်ပြည့်ခဲ့ပြီနော် ဒါပေမယ့်လည်း မနေ့တစ်နေ့ ကလိုပါပဲ ။ သီချင်းဆိုရင် အာပေါင်အာရင်းသန်သန်သီဆိုတတ်တဲ့ ဖြူဖြူကျော်သိန်း ရဲ့သီချင်းတွေကိုတော့ ဒီနေ့ဒီအချိန်ထိ အမြဲနားထဲမှာ ကြားယောင်မိလို့နေပါတယ်။ သူမသီဆိုခဲ့တဲ့ ဘယ်သူကိုယ့်လောက်ချစ်သလဲ ၊ မိုးခါးရေ ၊ လမ်းခွဲ နဲ့ အခြားအောင်မြင်ခဲ့တဲ့ သီချင်းများစွာကလည်း ယနေ့တိုင်အထိအောင်မြင်နေဆဲပါပဲ။

Photo Credit:PhyuPhyuKyawThein Facebook Page

ကြည်သာ (Akhayar)

www.akhayar.com