[Zawgyi]

ကိုယ့္ႏိုင္ငံကို ေရျမင့္သလိုၾကာတင့္ေစခ်င္တယ္ဆိုတဲ့ ျဖဴျဖဴေက်ာ္သိန္း

ျမန္မာႏိုင္ငံမွာ ႏိုင္ငံျခားအဆိုေတာ္ေတြေဖ်ာ္ေျဖလာၾကတာရယ္ ကိုယ္တိုင္က ႏိုင္ငံျခားအဆိုေတာ္နဲ႔တြဲၿပီးဆိုလာရတဲ့ ခံစားခ်က္နဲ႔ပတ္သက္လို႔ ေတးသံရွင္ျဖဴျဖဴေက်ာ္သိန္းက အခုလိုေျပာျပခဲ့ပါတယ္။ “ေပ်ာ္စရာေကာင္းတယ္။ ဂုဏ္ယူစရာေကာင္းတာေပါ့။ ျဖဴျဖဴတို႔ထက္ဆိုရင္ ကိုယ့္ႏိုင္ငံကပရိသတ္ေတြအတြက္ ပိုေကာင္းပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ေလးေတြအေနနဲ႔ ျပည္တြင္းျဖစ္အဆိုေတာ္ေတြပဲ ၾကည့္ေနရတာေလ။ ျပင္ပရႈိးေတြၾကည္႔ခ်င္ရင္ ႏိုင္ငံျခားကိုထြက္ၿပီး ပိုက္ဆံအမ်ားႀကီးအကုန္ခံၿပီးမွပဲ ၾကည့္ရတာေလ။ အခုလိုမ်ိဳး ဂီတခ်စ္တဲ့ပရိသတ္ေတြဆီကို ကမၻာေက်ာ္အဆိုေတာ္ အခုေလာေလာလတ္လတ္မွာေပါက္ေနတဲ့ ႏိုင္ငံတကာအဆိုေတာ္ေတြ ေရာက္လာတဲ့အခါက်ေတာ့ ပရိသတ္ေတြအတြက္ ပိုၿပီးေပ်ာ္စရာေကာင္းတယ္လို႔ ထင္ပါတယ္”လို႔ ဆိုပါတယ္။

ႏိုင္ငံျခားက အဆိုေတာ္ေတြအေနန႔ဲ ေအာင္ျမင္မႈေတြဘယ္လိုရရွိခဲ့လဲ။ ဘယ္လိုၾကိဳးစားေနသလဲဆိုတာေတြကို ေလ့လာေလ့ျဖစ္လားဆိုတဲ့အေၾကာင္းကိုလည္း ဆက္လက္ေျပာၾကားခဲ့ပါတယ္။ “အရင္ကဆို ျဖဴျဖဴ Jason Mraz နဲ႔လည္း တြဲဆိုခဲ့ဘူးပါတယ္။ ေနာက္ၿပီး အေမရိကန္အဆိုေတာ္ Lancifer နဲ႔လည္း တြဲၿပီး Miracle သီခ်င္းလည္း ဆိုဘူးပါတယ္။ ကိုယ္အၿမဲတမ္းေလ့လာတာက သူတို႔ဘာလို႔ ဒီလိုေနရာေရာက္လဲ ဒီေနရာေရာက္ေနတဲ့သူေတြရဲ႕ ေဘးမွာ၀န္းရံထားတဲ့သူေတြကေရာ ဘယ္လိုအလုပ္လုပ္ၾကလဲေပါ့။ သူတို႔အလုပ္လုပ္တဲ့ပုံစံ၊ သူတို႔ရဲ႕စံနမူနာ၊ သူတို႔အင္တာဗ်ဴးေျဖတဲ့ပုံစံ မ်က္ႏွာထားကအစ ဘယ္လိုပုံစံဆိုတာ ေလ့လာတယ္။ သူတို႔လာတဲ့အခါမွာ သူတို႔ဆီက သင္ယူစရာေတြ အမ်ားႀကီးရိွပါတယ္။ ဒီမွာလည္း အတတ္ႏိုင္ဆုံး ႀကိဳးစားျပရတာေပါ့ေနာ္”လို႔ ဆုိပါတယ္။

ႏုိင္ငံျခားအဆိုေတာ္ေတြနဲ႔ ျမန္မာႏိုင္ငံက အဆိုေတာ္ေတြ ေရေျမအေျခအေနကစလို႔ ေက်ာေထာက္ေနာက္ခံကအစ ကြာျခားမႈေလးေတြရွိေနတယ္လို႔လည္း ျဖဴျဖဴေက်ာ္သိန္းက အခုလုိ ဆက္လက္ေျပာၾကားခဲ့ပါတယ္။ “အမ်ားႀကီးကြာတာေတာ့ ကြာတာေပါ့။ ကြာတယ္ဆိုတာ ႏိုင္ငံကြာတယ္။ ၀န္းက်င္ကြာတယ္။ ေက်ာေထာက္ေနာက္ခံကြာတာေပါ့ေလ။ ေရျမင့္ေလ ၾကာတင့္ေလပဲေလ။ ေရမျမင့္ရင္ ၾကာမျမင့္ဘူး။ ေရျမင့္ေစခ်င္တယ္။ေရျမင့္လာရင္ ျဖဴျဖဴတို႔ ၾကာပန္းေလးေတြ ကိုယ္မွမဟုတ္ဘူးေလ။ ႏိုင္ငံသားေတြအားလုံး ၾကာပန္းေလးေတြေပါ့။ ျဖဴျဖဴတို႔ေတြအားလုံး ပိုၿပီးတင့္တယ္လာမွာေပါ့” လို႔ ဆိုၿပီးေျပာျပခဲ့ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကိုယ့်နိုင်ငံကို ရေမြင့်သလိုကြာတင့်စေချင်တယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း

မြန်မာနိုင်ငံမှာ နိုင်ငံခြားအဆိုတော်တွေဖျော်ဖြေလာကြတာရယ် ကိုယ်တိုင်က နိုင်ငံခြားအဆိုတော်နဲ့တွဲပြီးဆိုလာရတဲ့ ခံစားချက်နဲ့ပတ်သက်လို့ တေးသံရှင်ဖြူဖြူကျော်သိန်းက အခုလိုပြောပြခဲ့ပါတယ်။ “ပျော်စရာကောင်းတယ်။ ဂုဏ်ယူစရာကောင်းတာပေါ့။ ဖြူဖြူတို့ထက်ဆိုရင် ကိုယ့်နိုင်ငံကပရိသတ်တွေအတွက် ပိုကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လေးတွေအနေနဲ့ ပြည်တွင်းဖြစ်အဆိုတော်တွေပဲ ကြည့်နေရတာလေ။ ပြင်ပရှိုးတွေကြည့်ချင်ရင် နိုင်ငံခြားကိုထွက်ပြီး ပိုက်ဆံအများကြီးအကုန်ခံပြီးမှပဲ ကြည့်ရတာလေ။ အခုလိုမျိုး ဂီတချစ်တဲ့ပရိသတ်တွေဆီကို ကမ္ဘာကျော်အဆိုတော် အခုလောလောလတ်လတ်မှာပေါက်နေတဲ့ နိုင်ငံတကာအဆိုတော်တွေ ရောက်လာတဲ့အခါကျတော့ ပရိသတ်တွေအတွက် ပိုပြီးပျော်စရာကောင်းတယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။

နိုင်ငံခြားက အဆိုတော်တွေအနေနဲ့ အောင်မြင်မှုတွေဘယ်လိုရရှိခဲ့လဲ။ ဘယ်လိုကြိုးစားနေသလဲဆိုတာတွေကို လေ့လာလေ့ဖြစ်လားဆိုတဲ့အကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။ “အရင်ကဆို ဖြူဖြူ Jason Mraz နဲ့လည်း တွဲဆိုခဲ့ဘူးပါတယ်။ နောက်ပြီး အမေရိကန်အဆိုတော် Lancifer နဲ့လည်း တွဲပြီး Miracle သီချင်းလည်း ဆိုဘူးပါတယ်။ ကိုယ်အမြဲတမ်းလေ့လာတာက သူတို့ဘာလို့ ဒီလိုနေရာရောက်လဲ ဒီနေရာရောက်နေတဲ့သူတွေရဲ့ ဘေးမှာဝန်းရံထားတဲ့သူတွေကရော ဘယ်လိုအလုပ်လုပ်ကြလဲပေါ့။ သူတို့အလုပ်လုပ်တဲ့ပုံစံ၊ သူတို့ရဲ့စံနမူနာ၊ သူတို့အင်တာဗျူးဖြေတဲ့ပုံစံ မျက်နှာထားကအစ ဘယ်လိုပုံစံဆိုတာ လေ့လာတယ်။ သူတို့လာတဲ့အခါမှာ သူတို့ဆီက သင်ယူစရာတွေ အများကြီးရှိပါတယ်။ ဒီမှာလည်း အတတ်နိုင်ဆုံး ကြိုးစားပြရတာပေါ့နော်”လို့ ဆိုပါတယ်။

နိုင်ငံခြားအဆိုတော်တွေနဲ့ မြန်မာနိုင်ငံက အဆိုတော်တွေ ရေမြေအခြေအနေကစလို့ ကျောထောက်နောက်ခံကအစ ကွာခြားမှုလေးတွေရှိနေတယ်လို့လည်း ဖြူဖြူကျော်သိန်းက အခုလို ဆက်လက်ပြောကြားခဲ့ပါတယ်။ “အများကြီးကွာတာတော့ ကွာတာပေါ့။ ကွာတယ်ဆိုတာ နိုင်ငံကွာတယ်။ ဝန်းကျင်ကွာတယ်။ ကျောထောက်နောက်ခံကွာတာပေါ့လေ။ ရေမြင့်လေ ကြာတင့်လေပဲလေ။ ရေမမြင့်ရင် ကြာမမြင့်ဘူး။ ရေမြင့်စေချင်တယ်။ရေမြင့်လာရင် ဖြူဖြူတို့ ကြာပန်းလေးတွေ ကိုယ်မှမဟုတ်ဘူးလေ။ နိုင်ငံသားတွေအားလုံး ကြာပန်းလေးတွေပေါ့။ ဖြူဖြူတို့တွေအားလုံး ပိုပြီးတင့်တယ်လာမှာပေါ့” လို့ ဆိုပြီးပြောပြခဲ့ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။