[Zawgyi]

ျပန္ဆုိေတးေတြသီဆိုတာ အနည္းဆံုးထဲမွာျဖဴျဖဴပါတယ္ဆိုလာတဲ့ ျဖဴျဖဴေက်ာ္သိန္း

ဂီတေလာကမွာ အဆိုေတာ္ ေတာ္ေတာ္မ်ားမ်ားက ျပန္ဆိုေတးေတြကိုလည္း သီဆိုတတ္ၾကပါတယ္။ အဲဒီထဲမွာမွ အဆိုေတာ္ျဖဴျဖဴေက်ာ္သိန္းကေတာ့ ျပန္ဆိုေတးသီဆိုတဲ့ အဆိုေတာ္ေတြထဲမွာ အနည္းဆံုးအေနနဲ႔ ပါဝင္ပါတယ္။

ျပန္ဆိုေတးေတြသီဆိုတာနည္းရတာနဲ႔ပတ္သက္ၿပီးေတာ့လည္း အဆိုေတာ္ျဖဴျဖဴေက်ာ္သိန္းက “ ျဖဴျဖဴလြန္ခဲ့တဲ့ ၁၄ ႏွစ္ေလာက္ကတည္းက သီခ်င္းေတြကို သီဆုိခဲ့တာပါ။ ျဖဴျဖဴသီခ်င္းစဆိုတုန္းကထက္အခုက ပိုၿပီးျပန္ဆုိေတးေတြဆုိၾကတာမ်ားပါတယ္။ အဆိုေတာ္ေတာ္ေတာ္မ်ားမ်ားကလည္း ျပန္ဆိုေတးေတြ ဆိုၾကပါတယ္။ အဲဒီထဲမွာ ျပန္ဆိုေတးကို ျဖဴျဖဴသိပ္ၿပီးမဆိုခဲ့ပါဘူး။ ျပန္ဆုိေတးအနည္းဆံုးဆိုတဲ့အဆုိေတာ္လို႔ေတာင္ ေျပာလို႔ရပါတယ္။ ျပန္ဆိုေတးကိုဆုိရတယ္ဆိုရင္လည္း အရင္ကဆုိခဲ့တဲ့အဆိုရွင္ေတြ၊ သီခ်င္းေရးသားေပးခဲ့တဲ့သူေတြကို ေလးစားတဲ့စိတ္နဲ႔ အျမဲအေကာင္းဆံုး ျပန္သီဆိုပါတယ္။ ေနာက္တစ္ခုက ျဖဴျဖဴျပန္ဆိုေတးဆိုရင္လည္း ျဖဴျဖဴပင္ကိုယ္ပံုစံနဲ႔ပဲသီဆိုျဖစ္တယ္။ အဲဒီမွာမွ ပရိသတ္ေတြ အားေပးမႈကလာပါတယ္။ ျဖဴျဖဴလုပ္ခဲ့တဲ့အရာအားလံုးကို ဘယ္ေတာ့မွေနာင္တမရတတ္ပါဘူး။ တစ္ခုရွိတာက ဒီဘက္ေခတ္က ဆိုရွယ္မီဒီယာအရမ္းကိုအားေကာင္းတဲ့ေခတ္ဆိုေတာ့ေလ ပိုၿပီးေဝဖန္မႈမ်ားတယ္။ ေကာင္းတယ္ဆိုရင္လည္း အရမ္းကိုေျပာၾကတယ္။ မေကာင္းတာကိုလည္းအရမ္းေျပာၾကတယ္” လို႔ ျဖဴျဖဴေက်ာ္သိန္းကေျပာပါတယ္။

အဆိုေတာ္ျဖဴျဖဴေက်ာ္သိန္း ေအာင္ျမင္ခဲ့တဲ့ “ဇာတ္ဆရာအလိုက်” ၊ “အခ်စ္တဲ့လား”သီခ်င္းေတြတုန္းကလည္း ပရိသတ္ေတြရဲ႕ေဝဖန္မႈေတြကိုခံခဲ့ရေပမယ့္၊ သူမရဲ႕သီခ်င္းေတာ္ေတာ္မ်ားမ်ားကိုလည္း မိန္းကေလးပရိသတ္ေတြက လက္ခံအားေပးခဲ့ၾကပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္

[Unicode]

ပြန်ဆိုတေးတွေသီဆိုတာ အနည်းဆုံးထဲမှာဖြူဖြူပါတယ်ဆိုလာတဲ့ ဖြူဖြူကျော်သိန်း

ဂီတလောကမှာ အဆိုတော် တော်တော်များများက ပြန်ဆိုတေးတွေကိုလည်း သီဆိုတတ်ကြပါတယ်။ အဲဒီထဲမှာမှ အဆိုတော်ဖြူဖြူကျော်သိန်းကတော့ ပြန်ဆိုတေးသီဆိုတဲ့ အဆိုတော်တွေထဲမှာ အနည်းဆုံးအနေနဲ့ ပါဝင်ပါတယ်။

ပြန်ဆိုတေးတွေသီဆိုတာနည်းရတာနဲ့ပတ်သက်ပြီးတော့လည်း အဆိုတော်ဖြူဖြူကျော်သိန်းက “ ဖြူဖြူလွန်ခဲ့တဲ့ ၁၄ နှစ်လောက်ကတည်းက သီချင်းတွေကို သီဆိုခဲ့တာပါ။ ဖြူဖြူသီချင်းစဆိုတုန်းကထက်အခုက ပိုပြီးပြန်ဆိုတေးတွေဆိုကြတာများပါတယ်။ အဆိုတော်တော်တော်များများကလည်း ပြန်ဆိုတေးတွေ ဆိုကြပါတယ်။ အဲဒီထဲမှာ ပြန်ဆိုတေးကို ဖြူဖြူသိပ်ပြီးမဆိုခဲ့ပါဘူး။ ပြန်ဆိုတေးအနည်းဆုံးဆိုတဲ့အဆိုတော်လို့တောင် ပြောလို့ရပါတယ်။ ပြန်ဆိုတေးကိုဆိုရတယ်ဆိုရင်လည်း အရင်ကဆိုခဲ့တဲ့အဆိုရှင်တွေ၊ သီချင်းရေးသားပေးခဲ့တဲ့သူတွေကို လေးစားတဲ့စိတ်နဲ့ အမြဲအကောင်းဆုံး ပြန်သီဆိုပါတယ်။ နောက်တစ်ခုက ဖြူဖြူပြန်ဆိုတေးဆိုရင်လည်း ဖြူဖြူပင်ကိုယ်ပုံစံနဲ့ပဲသီဆိုဖြစ်တယ်။ အဲဒီမှာမှ ပရိသတ်တွေ အားပေးမှုကလာပါတယ်။ ဖြူဖြူလုပ်ခဲ့တဲ့အရာအားလုံးကို ဘယ်တော့မှနောင်တမရတတ်ပါဘူး။ တစ်ခုရှိတာက ဒီဘက်ခေတ်က ဆိုရှယ်မီဒီယာအရမ်းကိုအားကောင်းတဲ့ခေတ်ဆိုတော့လေ ပိုပြီးဝေဖန်မှုများတယ်။ ကောင်းတယ်ဆိုရင်လည်း အရမ်းကိုပြောကြတယ်။ မကောင်းတာကိုလည်းအရမ်းပြောကြတယ်” လို့ ဖြူဖြူကျော်သိန်းကပြောပါတယ်။

အဆိုတော်ဖြူဖြူကျော်သိန်း အောင်မြင်ခဲ့တဲ့ “ဇာတ်ဆရာအလိုကျ” ၊ “အချစ်တဲ့လား”သီချင်းတွေတုန်းကလည်း ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုခံခဲ့ရပေမယ့်၊ သူမရဲ့သီချင်းတော်တော်များများကိုလည်း မိန်းကလေးပရိသတ်တွေက လက်ခံအားပေးခဲ့ကြပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်