[Zawgyi]

ဇာတ္ကားေတြအ႐ိုက္က်ဲလို႔ ပရိသတ္ကို အားမလိုအားမရမျဖစ္ဖို႔ ေျပာလိုက္တဲ့ ၿဖိဳးေငြစိုး

ၿဖိဳးေငြစိုး ပါဝင္႐ိုက္ကူးထားတဲ့ ႐ုံမတင္ရေသးတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြထဲကမွ ပရိသတ္စိတ္ဝင္စားေနတဲ့ အနႏၲနဲ႔ႀကိဳးဖုန္း ဇာတ္ကားအေၾကာင္းကို အခုလိုေမးျမန္းျဖစ္ခဲ့ပါတယ္။ ဒီဇာတ္ကားႏွစ္ကားလုံးအတြက္ ႐ုံတင္ရက္ေတြကိုေတာ့ အတိအက်မသိရွိေသးပါဘူး။ ဒါ့အျပင္ မင္းသားၿဖိဳးေငြစိုးကို အရင္ကေလာက္ ဇာတ္ကား႐ိုက္ကူးမႈေတြ မေတြ႕ ရတာနဲ႔ပတ္သက္လို႔ေမးလိုက္တဲ့ အခါမွာလည္း အခုလိုေျပာပါတယ္။

ဒါ႐ိုက္တာညိဳမင္းလြင္ရဲ႕ အနႏၲ႐ုပ္ရွင္နဲ႔ပတ္သက္လို႔

“အဲ့ဇာတ္ကားကေလ ကိုညိဳက သူစိတ္ေပါက္တဲ့ အခ်ိန္ဆိုရင္ ထထ႐ိုက္တာ။ ဘယ္ႏွစ္ရက္ ဘယ္ႏွစ္ရက္ဆိုၿပီး႐ိုက္ၾကတာမဟုတ္ဘူး ။ ဘယ္ရက္မွာဘယ္ရက္မွာ ႐ိုက္မယ္ဆိုရင္သြား႐ိုက္လိုက္တယ္။ ေနာက္ၿပီး အဲ့တုန္းက႐ိုက္ကြင္းမွာ သူလုပ္တာေတြကြၽန္ေတာ္တို႔က နားမလည္ဘူး အေပၚမွာဘာမွလည္း မရွိဘဲ အေပၚကေနဆင္းလာတာေတြလုပ္ နည္းနည္းေတာ့ခက္တယ္ဗ်ာ။ မလုပ္ဖူးတဲ့ဟာေတြလုပ္ရတာဆိုေတာ့ေလ။ ဒါေပမယ့္လည္း Edit ၿပီးတဲ့အခါမွာၾကည့္လိုက္ေတာ့လည္း မိုက္တယ္။

ဒီဇာတ္ကားမွာ အဓိကကေတာ့ ကိုညိဳမင္းလြင္ပါ။ ဒီဇာတ္ကားကို ေပၚလြင္ေအာင္လို႔ ကြၽန္ေတာ္တို႔ကေဘးနားကေနၿပီး ရံေပးရတဲ့သူေတြပါပဲ။ ဒီဇာတ္ကားမွာ သူ႔ရဲ႕အယူအဆသူ႔ရဲ႕ တီထြင္ဖန္တီးမႈေတြကိုပဲ အဓိကထားၿပီးၾကည့္ရမွာပါ”။

ဒါ႐ိုက္တာအာကာရဲ႕ႀကိဳးဖုန္း႐ုပ္ရွင္နဲ႔ပတ္သက္လို႔

“ႀကိဳးဖုန္းက ကြၽန္ေတာ္တို႔ရွားရွားပါးပါး႐ိုက္ျဖစ္တဲ့ သရဲကားပါ။ နံပါတ္တစ္ ကြၽန္ေတာ္တို႔အာမခံတာကေတာ့ ေၾကာက္စရာေကာင္းတယ္။ အဲ့ကားကို ႐ိုက္တဲ့ အာကာတို႔အဖြဲ႕ေတြက ကြၽန္ေတာ္တို႔လက္တြဲေနၾကသူေတြမဟုတ္လို႔ ပုံစံသစ္ ဒီဇိုင္းသစ္ေတြ ကြၽန္ေတာ္ကအဲ့ထဲမွာသူတို႔ပုံစံအတိုင္း သြားရတဲ့သူေတြဆိုေတာ့ အေတြ႕အႀကဳံသစ္လည္း ျဖစ္ပါတယ္။ အဲ့ကားေလးကိုကြၽန္ေတာ္ကေတာ့ ႀကိဳက္တယ္။ တီးလုံးေလးေတြကအစ ေသေသခ်ာလုပ္ထားတာ အခ်ိန္လည္း ကြၽန္ေတာ္တို႔ေသေသခ်ာခ်ာေပးၿပီး႐ိုက္ျဖစ္ၾကတယ္”။

မင္းသားတစ္ေယာက္အေနနဲ႔ ကား႐ိုက္က်ဲရတဲ့ အေၾကာင္း

“အဲ့ဒါကေတာ့ ကြၽန္ေတာ္ထင္ပါတယ္။ ကြၽန္ေတာ္ကသိပ္ၿပီးေတာ့ အခ်ိဳးမေျပတာလားမသိပါဘူး။ ဒီလိုပါအဲ့ဒါကေတာ့ ျပႆနာမဟုတ္ပါဘူး။နည္းတာ မ်ားတာကကြၽန္ေတာ့္ အတြက္ျပႆနာမဟုတ္ပါဘူး။ တခါလည္း ေျပာဖူးပါတယ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္လုပ္တဲ့ အလုပ္က ကြၽန္ေတာ္လုပ္ခ်င္လို႔လုပ္တာ ႀကိဳက္လို႔လုပ္တာဆိုေတာ့ ကြၽန္ေတာ္မလုပ္ခ်င္တဲ့ အရာကိုေတာ့ ဘာေၾကာင့္မွကြၽန္ေတာ္မလုပ္ဘူး။ ေငြေရးေၾကးေရးေၾကာင့္မို႔ေသာ္လည္းေကာင္း ဘာေၾကာင့္ပဲျဖစ္ျဖစ္ေပါ့ေလ မလုပ္ခ်င္တဲ့ဟာဆိုရင္မလုပ္ပါဘူး”။

“ကြၽန္ေတာ္ဘယ္ေတာ့မွ ပိုက္ဆံအမ်ားႀကီးမယူတတ္ဘူး။ ကြၽန္ေတာ္နဲ႔ထိုက္သင့္တဲ့ ပိုက္ဆံကိုပဲကြၽန္ေတာ္ယူေလ့ရွိတယ္။ တခါတေလက်ရင္ သိပ္လြယ္လြန္းအား သိပ္ေပါလြန္းအားႀကီးရင္လည္း တန္ဖိုးမထားတက္ၾကဘူး အဲ့ဒါမ်ိဳးေတြရွိတယ္။ ကြၽန္ေတာ္က အႏုပညာေလာကမွာ အၾကာႀကီးေနၿပီး အႏုပညာအလုပ္ေတြကို အၾကာႀကီးလုပ္မွာပါ။ ခဏေလးေနၿပီး ခဏေလးလုပ္မွာမဟုတ္တဲ့ အတြက္ ကြၽန္ေတာ္ကား႐ိုက္က်ဲ တယ္ဆိုရင္ေတာင္ အားမလိုအားမရမျဖစ္ပါနဲ႔” ပရိသတ္ကိုေျပာျပခဲ့တာလည္း ျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: Phyo Ngwe Soe

www.akhayar.com
[Unicode]

ဇာတ်ကားတွေအရိုက်ကျဲလို့ ပရိသတ်ကို အားမလိုအားမရမဖြစ်ဖို့ ပြောလိုက်တဲ့ ဖြိုးငွေစိုး

ဖြိုးငွေစိုး ပါဝင်ရိုက်ကူးထားတဲ့ ရုံမတင်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲကမှ ပရိသတ်စိတ်ဝင်စားနေတဲ့ အနန္တနဲ့ကြိုးဖုန်း ဇာတ်ကားအကြောင်းကို အခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားနှစ်ကားလုံးအတွက် ရုံတင်ရက်တွေကိုတော့ အတိအကျမသိရှိသေးပါဘူး။ ဒါ့အပြင် မင်းသားဖြိုးငွေစိုးကို အရင်ကလောက် ဇာတ်ကားရိုက်ကူးမှုတွေ မတွေ့ ရတာနဲ့ပတ်သက်လို့မေးလိုက်တဲ့ အခါမှာလည်း အခုလိုပြောပါတယ်။

ဒါရိုက်တာညိုမင်းလွင်ရဲ့ အနန္တရုပ်ရှင်နဲ့ပတ်သက်လို့

“အဲ့ဇာတ်ကားကလေ ကိုညိုက သူစိတ်ပေါက်တဲ့ အချိန်ဆိုရင် ထထရိုက်တာ။ ဘယ်နှစ်ရက် ဘယ်နှစ်ရက်ဆိုပြီးရိုက်ကြတာမဟုတ်ဘူး ။ ဘယ်ရက်မှာဘယ်ရက်မှာ ရိုက်မယ်ဆိုရင်သွားရိုက်လိုက်တယ်။ နောက်ပြီး အဲ့တုန်းကရိုက်ကွင်းမှာ သူလုပ်တာတွေကျွန်တော်တို့က နားမလည်ဘူး အပေါ်မှာဘာမှလည်း မရှိဘဲ အပေါ်ကနေဆင်းလာတာတွေလုပ် နည်းနည်းတော့ခက်တယ်ဗျာ။ မလုပ်ဖူးတဲ့ဟာတွေလုပ်ရတာဆိုတော့လေ။ ဒါပေမယ့်လည်း Edit ပြီးတဲ့အခါမှာကြည့်လိုက်တော့လည်း မိုက်တယ်။

ဒီဇာတ်ကားမှာ အဓိကကတော့ ကိုညိုမင်းလွင်ပါ။ ဒီဇာတ်ကားကို ပေါ်လွင်အောင်လို့ ကျွန်တော်တို့ကဘေးနားကနေပြီး ရံပေးရတဲ့သူတွေပါပဲ။ ဒီဇာတ်ကားမှာ သူ့ရဲ့အယူအဆသူ့ရဲ့ တီထွင်ဖန်တီးမှုတွေကိုပဲ အဓိကထားပြီးကြည့်ရမှာပါ”။

ဒါရိုက်တာအာကာရဲ့ကြိုးဖုန်းရုပ်ရှင်နဲ့ပတ်သက်လို့

“ကြိုးဖုန်းက ကျွန်တော်တို့ရှားရှားပါးပါးရိုက်ဖြစ်တဲ့ သရဲကားပါ။ နံပါတ်တစ် ကျွန်တော်တို့အာမခံတာကတော့ ကြောက်စရာကောင်းတယ်။ အဲ့ကားကို ရိုက်တဲ့ အာကာတို့အဖွဲ့တွေက ကျွန်တော်တို့လက်တွဲနေကြသူတွေမဟုတ်လို့ ပုံစံသစ် ဒီဇိုင်းသစ်တွေ ကျွန်တော်ကအဲ့ထဲမှာသူတို့ပုံစံအတိုင်း သွားရတဲ့သူတွေဆိုတော့ အတွေ့အကြုံသစ်လည်း ဖြစ်ပါတယ်။ အဲ့ကားလေးကိုကျွန်တော်ကတော့ ကြိုက်တယ်။ တီးလုံးလေးတွေကအစ သေသေချာလုပ်ထားတာ အချိန်လည်း ကျွန်တော်တို့သေသေချာချာပေးပြီးရိုက်ဖြစ်ကြတယ်”။

မင်းသားတစ်ယောက်အနေနဲ့ ကားရိုက်ကျဲရတဲ့ အကြောင်း

“အဲ့ဒါကတော့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ကသိပ်ပြီးတော့ အချိုးမပြေတာလားမသိပါဘူး။ ဒီလိုပါအဲ့ဒါကတော့ ပြဿနာမဟုတ်ပါဘူး။နည်းတာ များတာကကျွန်တော့် အတွက်ပြဿနာမဟုတ်ပါဘူး။ တခါလည်း ပြောဖူးပါတယ် ရုပ်ရှင်သရုပ်ဆောင်လုပ်တဲ့ အလုပ်က ကျွန်တော်လုပ်ချင်လို့လုပ်တာ ကြိုက်လို့လုပ်တာဆိုတော့ ကျွန်တော်မလုပ်ချင်တဲ့ အရာကိုတော့ ဘာကြောင့်မှကျွန်တော်မလုပ်ဘူး။ ငွေရေးကြေးရေးကြောင့်မို့သော်လည်းကောင်း ဘာကြောင့်ပဲဖြစ်ဖြစ်ပေါ့လေ မလုပ်ချင်တဲ့ဟာဆိုရင်မလုပ်ပါဘူး”။

“ကျွန်တော်ဘယ်တော့မှ ပိုက်ဆံအများကြီးမယူတတ်ဘူး။ ကျွန်တော်နဲ့ထိုက်သင့်တဲ့ ပိုက်ဆံကိုပဲကျွန်တော်ယူလေ့ရှိတယ်။ တခါတလေကျရင် သိပ်လွယ်လွန်းအား သိပ်ပေါလွန်းအားကြီးရင်လည်း တန်ဖိုးမထားတက်ကြဘူး အဲ့ဒါမျိုးတွေရှိတယ်။ ကျွန်တော်က အနုပညာလောကမှာ အကြာကြီးနေပြီး အနုပညာအလုပ်တွေကို အကြာကြီးလုပ်မှာပါ။ ခဏလေးနေပြီး ခဏလေးလုပ်မှာမဟုတ်တဲ့ အတွက် ကျွန်တော်ကားရိုက်ကျဲ တယ်ဆိုရင်တောင် အားမလိုအားမရမဖြစ်ပါနဲ့” ပရိသတ်ကိုပြောပြခဲ့တာလည်း ဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Phyo Ngwe Soe

www.akhayar.com