[Zawgyi]








ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

မူးယစ်ဆေးဝါး မလုပ်ပါဘူး ဆိုပြီး ပရိသတ်ကို ကတိပေးလိုက်တဲ့ ဖြိုးမြတ်အောင်

အန်ကယ် ဦးသိန်းတန်ပြောတဲ့ စကားကို ကျွန်တော်မမေ့ပါဘူး။ အရက် နဲ့ မူးယစ်ဆေးဝါးကို လည်း ကျွန်တော်မလုပ်ပါဘူး။ ကျွန်တော်အရိုးသားဆုံးဝန်ခံရရင် ကျွန်တော်အရက်တော့မသောက်ဘူး ဒါပေမယ့် ဝိုင်လောက်တော့သောက်ခွင့်ပြုပါလို့ သူ့ပရိသတ်တွေ ကို Live လွှင့်ပြီးတော့ တောင်းဆိုခဲ့ပါတယ်။ ဆေးလိပ်ကိုတော့ ဖြိုးမြတ်အောင်ကသောက်ပါတယ် ကျွန်တော်ကြိုးစားပြီး ဖြတ်ပါမယ်လို့လည်း ပရိသတ်ကို ပြောခဲ့ပါတယ်။

ဖြိုးမြတ်အောင် နဲ့ သူ့ရဲ့မိခင်

ဖြိုးမြတ်အောင်နဲ့ နေခန့်မင်းသစ်

မူးယစ်ဆေးဝါးကိုတော့ အာမခံပါတယ်။ သူ မလုပ်ပါဘူး ပရိသတ်ကို ကတိပေးပါတယ်လို့ ပြောခဲ့ပါတယ်။ သူ့ကို အားပေးကြတဲ့ ပရိသတ်တွေ ကို ချစ်ပါတယ် ၊ ပရိသတ်တွေ ဆီကနေ ခွန်အားတွေ အများကြီးရပါတယ်လို့လည်းသိရပါတယ်။

အနုပညာနာမည်ကိုတော့ ဖြိုးမြတ်အောင်နဲ့ ပဲဆက်လုပ်မှာပါ ဒါပေမယ့်လည်း အဂ္ဂနီဆိုတဲ့ နာမည်နဲ့အခွေထုတ်ဖို့ စဉ်းစားထားတယ်ဆိုပြီး Live မှာ ပြောခဲ့တာပါ။ ဘုရားထီးတင်တာကိုတော့ တန်ဆောင်မုန်းလလောက်မှာတင်ဖို့ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Photo Credit: Phyo Myat Aung Facebook

ကြည်သာ (Akhayar)

www.akhayar.com