[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ဗိုလ်လုပွဲမှာ ပရိသတ်ရဲ့အထူးအားပေးမှုကို ရရှိခဲ့တဲ့ ဖြိုးမြတ်အောင်

သြဂုတ်လ ၂၉ ရက်နေ့က KBZ Bank Women’s League ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ လာရောက်သီဆိုဖျော်ဖြေတဲ့ ဖြိုးမြတ်အောင်ရဲ့ပုံရိပ်တွေကို တွေ့ခဲ့ရပါတယ်။ ပရိသတ်တွေ ကဆိုရင် ဖြိုးမြတ်အောင်ကို သည်းသည်းလှုပ်အားပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

Myanmar Idol Season 3 Winner ဖြစ်တဲ့ ဖြိုးမြတ်အောင်ဟာ အခုဆိုရင် ပရိသတ်တွေအခိုင်အမာရရှိထားပြီး သူ့ရဲ့သီဆိုမှုကို အားပေးကြတဲ့ သူတွေများစွာကိုတွေ့ရတဲ့ အတွက်လည်း ပြောမပြတတ်အောင်ကိုပျော်ရွှင်နေမယ်ဆိုတာကလည်း သေချာပါတယ်။

သူနှစ်သက်တဲ့ အလုပ်ကို တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ရလဒ်တွေ ဟာ အခုဆိုရင် သိသိသာသာကို တွေ့မြင်နေရပါပြီ။ ရှေ့ဆက်ပြီး အောင်မြင်မှုတွေ များစွာကို သိမ်းပိုက်နိုင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းရင်း ဖြိုးမြတ်အောင်ကို ပရိသတ်တွေ အားပေးနေကြတဲ့ ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit: ရွှေအင်းသားခင်မောင်ဝင်း(phyo myat aung fan club official)

ကြည်သာ (Akhayar)

www.akhayar.com