[Zawgyi]

ေဝဖန္ေထာက္ျပေျပာဆို သူေတြေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ျပန္သံုးသပ္နိုင္တယ္လို႔ ေျပာခဲ့တဲ့ ၿဖိဳးျမတ္ေအာင္

Myanmar Idol ကၿဖိဳးျမတ္ေအာင္ က Winner ျဖစ္ေအာင္ႀကိဳးစားသြားပါ့မယ္လို႔ ေျပာခဲ့ၿပီး တစ္ပတ္နဲ႔တစ္ပတ္လည္း မတူေအာင္သူႀကိဳးစားၿပီးေတာ့ ေဖ်ာ္ေျဖသြားမယ္လို႔ သူရဲ ႔လူမႈကြန္ရက္မွာ Live လႊင့္ၿပီးေတာ့ ေျပာခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ တပတ္က သူ Bottom three မွာထိုင္ခဲ့ရတဲ့ အတြက္လည္း စိတ္မေကာင္းမျဖစ္ဖို႔နဲ႔ တခါမွမထိုင္ရေသးလို႔ထိုင္လိုက္တဲ့ သေဘာပါလို႔ ၿဖိဳးျမတ္ေအာင္ကေျပာပါတယ္။

အဲ့လိုထိုင္လိုက္ရတာကလည္း အြန္လိုင္း Voting နည္းသြားလို႔ျဖစ္မွာပါဆိုၿပီးေတာ့ သူ႔ရဲ ႔ပရိသတ္ေတြကို ေျပာခဲ့ပါေသးတယ္။ အားလံုးကို ခ်စ္ၿပီးေတာ့ သူ႔ကို အားေပးရက်ိဳးနပ္ေအာင္ႀကိဳးစားေနၿပီး ကခ်င္ျပည္နယ္ ၊ ေတာင္ႀကီး စတဲ့ ျမိဳ႕ေတြကေနၿပီးေတာ့ Voting ေပးၾကတဲ့ သူေတြကို ေက်းဇူးတင္သလို တိုင္းနဲ႔ျပည္နယ္ အကုန္လံုးကေနအားေပးၾကသူေတြကို လည္း ေက်းဇူးတင္တယ္လို႔ဆိုပါတယ္။

Season 2 ရဲ ႔Winner ျဖစ္သူ သားငယ္နဲ႔ အတူေတြ႔ရတဲ့ ၿဖိဳးျမတ္ေအာင္

ျပင္းထန္တယ္ဆိုတာထက္ကိုလည္း ၿပိဳင္ပြဲက ပိုၿပီးျပင္းထန္လာတဲ့ အတြက္ လိုင္းေပၚမွာ Reply မလုပ္ျဖစ္တာေတြရွိခဲ့ရင္လည္း နားလည္ေပးေစလိုပါတယ္လို႔ေျပာပါတယ္။ ဘဝအတြက္ခြန္အားျဖစ္ေစမယ့္ သီခ်င္းေတြကိုေရြးခ်ယ္ၿပီး လုပ္ေဆာင္ဖို႕ရွိတယ္လို႔လည္း သိရပါတယ္။

ေဝဖန္တဲ့သူေတြရွိေနတာကိုလည္း သေဘာက်သလို သူတို႔ေတြေထာက္ျပတဲ့ အခ်က္ေတြကိုျပန္ၿပီးသံုးသပ္နိုင္တဲ့အတြက္ အခုလိုေဝဖန္ေနသူေတြ ကိုလည္း ခ်စ္ပါတယ္လို႔ၿဖိဳးျမတ္ေအာင္က ေျပာခဲ့ပါတယ္။

 

ဒီလာမယ့္တစ္ပတ္မွာ သံုးေယာက္ပဲက်န္ေတာ့တဲ့အတြက္ အားလံုးရဲ ႔ႀကိဳးစားမႈေတြကိုလည္း အသိအမွတ္ျပဳေပးေစလိုၿပီး ဆိုခဲ့သမွ် သီခ်င္းေတြမွာေတာ့ အဆိုေတာ္မ်ိဳးႀကီးရဲ ႔ မိုးသီခ်င္းမွာ နဲနဲေလးခြ်ဲကပ္သြားတယ္လို႔ဆိုပါတယ္ ဒါကလည္း က်န္းမာေရးေၾကာင့္ပါလို႔ၿဖိဳးျမတ္ေအာင္က ေျပာခဲ့ပါေသးတယ္။  ဘယ္လိုပဲခက္ခဲတဲ့ သီခ်င္းေတြပဲျဖစ္ေနပါေစ ႀကိဳးစားဖို႕အတြက္ အားေပးတဲ့ သူေတြကခြန္အားျဖစ္ေစတယ္လုိ႔ဆိုၿပီး ပရိသတ္ေတြကို ခ်ဳပ္လိုက္ပါေသးတယ္။

ဆရာဥကၠာဦးသာ နဲ႔ အတူေတြ႔ရတဲ့ Season 3 အဖြ႔ဲသားမ်ား

သူ႔ရဲ ႔ Facebook အေကာင့္ကေတာ့ Phyo Myat Aung (အဂၢနီ) နာမည္နဲ႔ ဖေယာင္းတိုင္ေလးတစ္တိုင္ မီထြန္းထားတဲ့ Profile ပဲျဖစ္ပါတယ္။ Myanmar Idol Season 3 မွာ ၿပိဳင္ပြဲဝင္ ၁၁ ဦးအနက္ကေန အခုဆိုရင္ ၿပိဳင္ပြဲဝင္ ၃ ဦးသာက်န္ရွိေနၿပီး ခ်မ္းေျမ႕ေမာင္ခ်ိဳ ၊ ၿဖိဳးျမတ္ေအာင္ နဲ႔ ေဇာ္ႀကီး တို႔သံုးေယာက္ ထဲကမွ ဘယ္သူက Winner ျဖစ္မလဲဆိုတာကေတာ့ စိတ္ဝင္စားစရာလည္း ျဖစ္ပါတယ္။

Photo Credit: Phyo Myat Aung Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

ဝေဖန်ပြောဆိုထောက်ပြသူတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်နိုင်တယ်လို့ ပြောခဲ့တဲ့ ဖြိုးမြတ်အောင်

Myanmar Idol ကဖြိုးမြတ်အောင် က Winner ဖြစ်အောင်ကြိုးစားသွားပါ့မယ်လို့ ပြောခဲ့ပြီး တစ်ပတ်နဲ့တစ်ပတ်လည်း မတူအောင်သူကြိုးစားပြီးတော့ ဖျော်ဖြေသွားမယ်လို့ သူရဲ့လူမှုကွန်ရက်မှာ Live လွှင့်ပြီးတော့ ပြောခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပတ်က သူ Bottom three မှာထိုင်ခဲ့ရတဲ့ အတွက်လည်း စိတ်မကောင်းမဖြစ်ဖို့နဲ့ တခါမှမထိုင်ရသေးလို့ထိုင်လိုက်တဲ့ သဘောပါလို့ ဖြိုးမြတ်အောင်ကပြောပါတယ်။

အဲ့လိုထိုင်လိုက်ရတာကလည်း အွန်လိုင်း Voting နည်းသွားလို့ဖြစ်မှာပါဆိုပြီးတော့ သူ့ရဲ့ပရိသတ်တွေကို ပြောခဲ့ပါသေးတယ်။ အားလုံးကို ချစ်ပြီးတော့ သူ့ကို အားပေးရကျိုးနပ်အောင်ကြိုးစားနေပြီး ကချင်ပြည်နယ် ၊ တောင်ကြီး စတဲ့ မြို့တွေကနေပြီးတော့ Voting ပေးကြတဲ့ သူတွေကို ကျေးဇူးတင်သလို တိုင်းနဲ့ပြည်နယ် အကုန်လုံးကနေအားပေးကြသူတွေကို လည်း ကျေးဇူးတင်တယ်လို့ဆိုပါတယ်။

Season 2 ရဲ့Winner ဖြစ်သူ သားငယ်နဲ့ အတူတွေ့ရတဲ့ ဖြိုးမြတ်အောင်

ပြင်းထန်တယ်ဆိုတာထက်ကိုလည်း ပြိုင်ပွဲက ပိုပြီးပြင်းထန်လာတဲ့ အတွက် လိုင်းပေါ်မှာ Reply မလုပ်ဖြစ်တာတွေရှိခဲ့ရင်လည်း နားလည်ပေးစေလိုပါတယ်လို့ပြောပါတယ်။ ဘဝအတွက်ခွန်အားဖြစ်စေမယ့် သီချင်းတွေကိုရွေးချယ်ပြီး လုပ်ဆောင်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

ဝေဖန်တဲ့သူတွေရှိနေတာကိုလည်း သဘောကျသလို သူတို့တွေထောက်ပြတဲ့ အချက်တွေကိုပြန်ပြီးသုံးသပ်နိုင်တဲ့အတွက် အခုလိုဝေဖန်နေသူတွေ ကိုလည်း ချစ်ပါတယ်လို့ဖြိုးမြတ်အောင်က ပြောခဲ့ပါတယ်။

 

ဒီလာမယ့်တစ်ပတ်မှာ သုံးယောက်ပဲကျန်တော့တဲ့အတွက် အားလုံးရဲ့ကြိုးစားမှုတွေကိုလည်း အသိအမှတ်ပြုပေးစေလိုပြီး ဆိုခဲ့သမျှ သီချင်းတွေမှာတော့ အဆိုတော်မျိုးကြီးရဲ့ မိုးသီချင်းမှာ နဲနဲလေးချွဲကပ်သွားတယ်လို့ဆိုပါတယ် ဒါကလည်း ကျန်းမာရေးကြောင့်ပါလို့ဖြိုးမြတ်အောင်က ပြောခဲ့ပါသေးတယ်။ ဘယ်လိုပဲခက်ခဲတဲ့ သီချင်းတွေပဲဖြစ်နေပါစေ ကြိုးစားဖို့အတွက် အားပေးတဲ့ သူတွေကခွန်အားဖြစ်စေတယ်လို့ဆိုပြီး ပရိသတ်တွေကို ချုပ်လိုက်ပါသေးတယ်။

ဆရာဥက္ကာဦးသာ နဲ့ အတူတွေ့ရတဲ့ Season 3 အဖွ့ဲသားများ

သူ့ရဲ့ Facebook အကောင့်ကတော့ Phyo Myat Aung (အဂ္ဂနီ) နာမည်နဲ့ ဖယောင်းတိုင်လေးတစ်တိုင် မီထွန်းထားတဲ့ Profile ပဲဖြစ်ပါတယ်။ Myanmar Idol Season 3 မှာ ပြိုင်ပွဲဝင် ၁၁ ဦးအနက်ကနေ အခုဆိုရင် ပြိုင်ပွဲဝင် ၃ ဦးသာကျန်ရှိနေပြီး ချမ်းမြေ့မောင်ချို ၊ ဖြိုးမြတ်အောင် နဲ့ ဇော်ကြီး တို့သုံးယောက် ထဲကမှ ဘယ်သူက Winner ဖြစ်မလဲဆိုတာကတော့ စိတ်ဝင်စားစရာလည်း ဖြစ်ပါတယ်။

Photo Credit: Phyo Myat Aung Facebook

ကြည်သာ (Akhayar)

www.akhayar.com