[Zawgyi]

ဇာတိၿမိဳ႕ ကို ျပန္တဲ့ အခါပရိသတ္အခိုင္အမာ ရရွိထားတယ္ဆိုတာကို သက္ေသျပခဲ့တဲ့ ၿဖိဳးျမတ္ေအာင္

ျဖိဳးျမတ္ေအာင္ဟာ ၾသဂုတ္လ ၅ ရက္ေန႔က သူ႔ရဲ႕ဇာတိျမိဳ႕ျဖစ္တဲ့ ဧရာဝတီတိုင္း ဟသၤာတျမိဳ႕ကိုခဏျပန္ခဲ့ရာ ေညာင္တုန္းၿမိဳ႕ ကို ေရာက္ရိွခဲ့တဲ့ ပံုရိပ္တခ်ိဳ႕ ကို အခုလိုေတြ႔ျမင္ရတာျဖစ္ပါတယ္။

ဇာတိေျမ ဟသၤာတၿမိဳ႕မွာ သူ႔ကိုအားေပးၾကသူေတြနဲ႔ ေတြ႕ဆံုၿပီးေတာ့ “ၾသဂုတ္လ ၆ ရက္ ေန႔ ညေန ၃နာရီမွာေတာ့ ဟသၤာတၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ခန္းမမွာ ဟသၤာတက ကၽြန္ေတာ္တိုု႔ရဲ႕ Band အဖြဲ႕နဲ႔အတူတူ ခ်စ္တဲ့ ပရိသတ္ မိသားစုေတြကို ေဖ်ာ္ေျဖရင္း ေတြ႕ဆံုခ်င္ပါတယ္”လို႔လည္း  သူ႔ရဲ႕ လူမႈကြန္ရက္ ကေနတဆင့္ ပရိသတ္ေတြကိုဖိတ္ၾကားထားတာကို ေတြ႔ရပါတယ္။

“မထင္မွတ္ပဲ အိမ္ကိုျပန္ရတဲ့ က်ေနာ့္ရဲ႕ ခရီးေလးမွာ လမ္းတေလွ်ာက္ကေန ႏႈတ္ဆက္ဖို႔ ေစာင့္ေနၾကၿပီး ကြ်န္​ေ​နာ္နဲ႔ မေတြ႕လိုက္ရတဲ့၊ ကြ်န္​ေ​နာ္ လည္း ​ႏႈတ္မဆက္ျဖစ္တဲ့ ကြ်န္​ေ​နာ့္ရဲ႕မိသားစုေတြကို စိတ္ထဲကေန လႈိက္လႈိက္လွဲလွဲ ေတာင္းပန္ပါတယ္ဗ်ာ …

အျပန္ခရီးကလည္း အခ်ိန္နဲ႔လုၿပီး ျပန္ရတာမို႔လို႔ အါးလံုးကို ေတြ႕ဖို႔ ကြ်န္​ေ​နာ့္အတြက္ ခက္ခဲတာကို နားလည္ေပးၾကပါေနာ္ …

ဒီၿပိဳင္ပြဲၿပီးေတာ့မွ ကြ်န္​ေ​နာ္ခ်စ္ရတဲ့ မိသားစုေတြနဲ႔ ေအးေအးေဆးေဆး ဆံုခ်င္ပါေသးတယ္ဗ်ာ …

ေစာင့္ေနၿပီး မေတြ႕လိုက္ရတဲ့ မိသားစုေတြ ကြ်န္​ေ​နာ္ကို ခြင့္လႊတ္ၾကပါေနာ္ …..

ကြၽန္​​ေတာ္​ကို အခုလို ႀကိဳဆို ​ေပးၾကလို႔ ကြၽန္​​ေတာ္​လည္​း အရမ္​း ဝမ္​းသာ ပီတိ ျဖစ္​မိပါတယ္​

အါးလုံးကို အရမ္​းခ်စ္​တယ္​ ဗ်ာ
Final မွာကြၽန္​​ေတာ္​ အ​ေကာင္​းဆုံး ႀကိဳးစား သြားပါ့မယ္​လို႔ ကတိ​ေပးပါတယ္​ ဗ်“ဆိုၿပီးေတာ့လည္း ေရးထားပါေသးတယ္။

ၿဖိဳးျမတ္ေအာင္ဟာ Myanmar Idol Season 3 Grand Final ကို တက္ေရာက္နိုင္ခဲ့တဲ့ ၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္သလို ပရိသတ္ရဲ ႔အားေပး ဝန္းရံမႈကို အျပည့္အဝရရွိထားသူတစ္ေယာက္ျဖစ္တယ္ဆိုတာလည္း သူ႔ကိုႀကိဳဆိုေနၾကတဲ့ ပံုေတြကိုၾကည့္ရင္ပိုမိုသိရွိနုိင္ပါတယ္။

ၿဖိဳးျမတ္ေအာင္ နဲ႔ ခ်မ္းေျမ ႔ေမာင္ခ်ိဳ နွစ္ေယာက္ထဲက တစ္ေယာက္ဘယ္သူက Winner ျဖစ္မလဲ ဆိုတာကေတာ့ ၾသဂုတ္လ ၁၁ ရက္ေန႔ စေနေန႔ ည မွာ သိရွိရေတာ့မွာျဖစ္ပါတယ္။

Photo – Naung Naung

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

ဇာတိမြို့ ကို ပြန်တဲ့ အခါပရိသတ်အခိုင်အမာ ရရှိထားတယ်ဆိုတာကို သက်သေပြခဲ့တဲ့ ဖြိုးမြတ်အောင်

ဖြိုးမြတ်အောင်ဟာ သြဂုတ်လ ၅ ရက်နေ့က သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဧရာဝတီတိုင်း ဟင်္သာတမြို့ကိုခဏပြန်ခဲ့ရာ ညောင်တုန်းမြို့ ကို ရောက်ရှိခဲ့တဲ့ ပုံရိပ်တချို့ ကို အခုလိုတွေ့မြင်ရတာဖြစ်ပါတယ်။

ဇာတိမြေ ဟင်္သာတမြို့မှာ သူ့ကိုအားပေးကြသူတွေနဲ့ တွေ့ဆုံပြီးတော့ “သြဂုတ်လ ၆ ရက် နေ့ ညနေ ၃နာရီမှာတော့ ဟင်္သာတမြို့ရဲ့ မြို့တော်ခန်းမမှာ ဟင်္သာတက ကျွန်တော်တို့ရဲ့ Band အဖွဲ့နဲ့အတူတူ ချစ်တဲ့ ပရိသတ် မိသားစုတွေကို ဖျော်ဖြေရင်း တွေ့ဆုံချင်ပါတယ်”လို့လည်း သူ့ရဲ့ လူမှုကွန်ရက် ကနေတဆင့် ပရိသတ်တွေကိုဖိတ်ကြားထားတာကို တွေ့ရပါတယ်။

“မထင်မှတ်ပဲ အိမ်ကိုပြန်ရတဲ့ ကျနော့်ရဲ့ ခရီးလေးမှာ လမ်းတလျှောက်ကနေ နှုတ်ဆက်ဖို့ စောင့်နေကြပြီး ကျွန်နော်နဲ့ မတွေ့လိုက်ရတဲ့၊ ကျွန်နော် လည်း နှုတ်မဆက်ဖြစ်တဲ့ ကျွန်နော့်ရဲ့မိသားစုတွေကို စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ တောင်းပန်ပါတယ်ဗျာ …

အပြန်ခရီးကလည်း အချိန်နဲ့လုပြီး ပြန်ရတာမို့လို့ အါးလုံးကို တွေ့ဖို့ ကျွန်နော့်အတွက် ခက်ခဲတာကို နားလည်ပေးကြပါနော် …

ဒီပြိုင်ပွဲပြီးတော့မှ ကျွန်နော်ချစ်ရတဲ့ မိသားစုတွေနဲ့ အေးအေးဆေးဆေး ဆုံချင်ပါသေးတယ်ဗျာ …

စောင့်နေပြီး မတွေ့လိုက်ရတဲ့ မိသားစုတွေ ကျွန်နော်ကို ခွင့်လွှတ်ကြပါနော် …..

ကျွန်တော်ကို အခုလို ကြိုဆို ပေးကြလို့ ကျွန်တော်လည်း အရမ်း ဝမ်းသာ ပီတိ ဖြစ်မိပါတယ်

အါးလုံးကို အရမ်းချစ်တယ် ဗျာ
Final မှာကျွန်တော် အကောင်းဆုံး ကြိုးစား သွားပါ့မယ်လို့ ကတိပေးပါတယ် ဗျ“ဆိုပြီးတော့လည်း ရေးထားပါသေးတယ်။

ဖြိုးမြတ်အောင်ဟာ Myanmar Idol Season 3 Grand Final ကို တက်ရောက်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်သလို ပရိသတ်ရဲ့အားပေး ဝန်းရံမှုကို အပြည့်အဝရရှိထားသူတစ်ယောက်ဖြစ်တယ်ဆိုတာလည်း သူ့ကိုကြိုဆိုနေကြတဲ့ ပုံတွေကိုကြည့်ရင်ပိုမိုသိရှိနိုင်ပါတယ်။

ဖြိုးမြတ်အောင် နဲ့ ချမ်းမြေ့မောင်ချို နှစ်ယောက်ထဲက တစ်ယောက်ဘယ်သူက Winner ဖြစ်မလဲ ဆိုတာကတော့ သြဂုတ်လ ၁၁ ရက်နေ့ စနေနေ့ ည မှာ သိရှိရတော့မှာဖြစ်ပါတယ်။

Photo – Naung Naung

ကြည်သာ (Akhayar)

www.akhayar.com