[Zawgyi]

အနုပညာအလုပ္ေတြ ကို လုပ္ကိုင္ဖို႔ တာစူေနတဲ့ ၿဖိဳးျမတ္ေအာင္

Myanmar Idol Season 3 ရဲ ႔ Winner ျဖစ္သူ ၿဖိဳးျမတ္ေအာင္က အနုပညာအလုပ္ေတြ ျဖစ္တဲ့ သရုပ္ေဆာင္ျခင္းကိုပါလုပ္ေဆာင္ဖို႔ အတြက္ ျပင္ဆင္ေနတာေတြရွိတယ္လို႕ သိရပါတယ္။ တကယ္လို႔ သူ႔ကို ကမ္းလွမ္းလာတဲ့ အခါမွာလည္း Sky Net ကတာဝန္ရွိသူေတြ သာလက္ခံမယ္ဆိုရင္ သူကိုယ္တိုင္ကလည္း ျငင္းမွာမဟုတ္ဘူးလို႔ ေျပာခဲ့တာကိုေတြ႔ရပါတယ္။

ၿဖိဳးျမတ္ေအာင္ဟာ သီခ်င္းဆိုေကာင္းသလို သီဆိုတဲ့ အခါမွာလည္း အိုက္တင္အျပည့္နဲ႔သီဆိုတတ္တယ္ဆိုၿပီးေတာ့ ဒိုင္ေတြကလည္း သီခ်င္းဆိုၿပိဳင္ပြဲ အတြင္းမွာ ခဏခဏ Comment ေပးတာေတြကို ၾကားခဲ့ရဖူးပါတယ္။

အခုဆိုရင္ေတာ့ ၿဖိဳးျမတ္ေအာင္ ေမြးရပ္ဇာတိေျမျဖစ္တဲ့ ဟသၤာတၿမိဳ ႔မွာ ပရိသတ္ေတြနဲ႔ ျပန္လည္ေတြ႔ဆံုတဲ့ အစီအစဥ္ကို ျပဳလုပ္လ်က္ရွိတာျဖစ္ပါတယ္။ မျပန္ခင္ရက္က သရုပ္ေဆာင္ ထက္ထက္ထြန္း ၊ ေမျမင့္မိုရ္ တို႔နဲ႔ ရိုက္ကူးေရးတစ္ခုျပဳလုပ္ခဲေ့သးတာကိုလည္း အခုလိုေတြ႕ခဲ့ရပါေသးတယ္။ ရိုက္ကူးေရးတစ္ခုလုပ္ေနပါတယ္ဆိုၿပီး ထက္ထက္ထြန္းကသူမရဲ ႔လူမႈကြန္ရက္မွာ ၿဖိဳးျမတ္ေအာင္နဲ႔ အတူတြဲရိုက္ထားတဲ့ ပံုေတြကိုတင္ထားၿပီး ဘာရိုက္ေနတယ္ဆိုတာကိုေတာ့ ေသေသခ်ာခ်ာေျပာျပထားျခင္းမရွိပါဘူး။

Photo Credit: Htet Htet Tun Facebook ၊ Myanmar Idol Facebook Page

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

အနုပညာအလုပ်တွေ ကို လုပ်ကိုင်ဖို့ တာစူနေတဲ့ ဖြိုးမြတ်အောင်

Myanmar Idol Season 3 ရဲ့ Winner ဖြစ်သူ ဖြိုးမြတ်အောင်က အနုပညာအလုပ်တွေ ဖြစ်တဲ့ သရုပ်ဆောင်ခြင်းကိုပါလုပ်ဆောင်ဖို့ အတွက် ပြင်ဆင်နေတာတွေရှိတယ်လို့ သိရပါတယ်။ တကယ်လို့ သူ့ကို ကမ်းလှမ်းလာတဲ့ အခါမှာလည်း Sky Net ကတာဝန်ရှိသူတွေ သာလက်ခံမယ်ဆိုရင် သူကိုယ်တိုင်ကလည်း ငြင်းမှာမဟုတ်ဘူးလို့ ပြောခဲ့တာကိုတွေ့ရပါတယ်။

ဖြိုးမြတ်အောင်ဟာ သီချင်းဆိုကောင်းသလို သီဆိုတဲ့ အခါမှာလည်း အိုက်တင်အပြည့်နဲ့သီဆိုတတ်တယ်ဆိုပြီးတော့ ဒိုင်တွေကလည်း သီချင်းဆိုပြိုင်ပွဲ အတွင်းမှာ ခဏခဏ Comment ပေးတာတွေကို ကြားခဲ့ရဖူးပါတယ်။

အခုဆိုရင်တော့ ဖြိုးမြတ်အောင် မွေးရပ်ဇာတိမြေဖြစ်တဲ့ ဟင်္သာတမြို့မှာ ပရိသတ်တွေနဲ့ ပြန်လည်တွေ့ဆုံတဲ့ အစီအစဉ်ကို ပြုလုပ်လျက်ရှိတာဖြစ်ပါတယ်။ မပြန်ခင်ရက်က သရုပ်ဆောင် ထက်ထက်ထွန်း ၊ မေမြင့်မိုရ် တို့နဲ့ ရိုက်ကူးရေးတစ်ခုပြုလုပ်ခဲေ့သးတာကိုလည်း အခုလိုတွေ့ခဲ့ရပါသေးတယ်။ ရိုက်ကူးရေးတစ်ခုလုပ်နေပါတယ်ဆိုပြီး ထက်ထက်ထွန်းကသူမရဲ့လူမှုကွန်ရက်မှာ ဖြိုးမြတ်အောင်နဲ့ အတူတွဲရိုက်ထားတဲ့ ပုံတွေကိုတင်ထားပြီး ဘာရိုက်နေတယ်ဆိုတာကိုတော့ သေသေချာချာပြောပြထားခြင်းမရှိပါဘူး။

Photo Credit: Htet Htet Tun Facebook ၊ Myanmar Idol Facebook Page

ကြည်သာ (Akhayar)

www.akhayar.com