[Zawgyi]

ဒီေန႔ကစျပီး ကိုျဖိဳးေလးနဲ႔ ဝါဆိုလမ္းခြဲလိုက္ပါျပီတဲ့

Snare အဖြဲ႔ထဲက ဘၾကီးျဖိဳးလို႔ ေခၚတဲ့ အဆိုေတာ္ျဖိဳးေလးနဲ႔ သရုပ္ေဆာင္ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္တဲ့ ဝါဆိုမိုးဦးတို႔ ႏွစ္ေယာက္တြဲေနခဲ့တာ ၾကာျပီျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ကို စျပီး သတိထားမိတာ ဒီဓာတ္ပံုေတြမွာ ျဖစ္ျပီး ျဖိဳးေလးက ေကာင္းကင္, ေတာင္တန္း ,ဒုဌဝတီနဲ႔ က်ေနာ္တို႔ ႏွစ္ေယာက္ဆိုျပီး တင္ထားခဲ့တာ ျဖစ္ပါတယ္။

အဲဒီကေနစျပီး သူတို႔ဟာ လူမႈကြန္ရက္ေတြေပၚမွာလည္း စံုတြဲပံုေတြ တင္ၾကတဲ့အတြက္လည္း မင္းသမီးနဲ႔ အဆုိေတာ္ လိုက္ဖက္တဲ့ အတြဲရယ္လို႔ မွတ္ခ်က္ျပဳၾကပါတယ္။

Happy Birthday My Luv 🎈🎊🎂🎉🎁
ေမြးေန႔မွာ ေပ်ာ္ရႊင္ပါေစ 😘😘 လို႔ ဝါဆိုေမြးေန႔မွာ ဆုေတာင္းေပးတာပါ

ခရီးေတြလည္း တူတူသြားခဲ့ၾကသလို အလွဴအတန္းေတြလည္း တူတူလုပ္ၾကတာကို ေတြ႔ရပါတယ္။

 

Hpa An Lodge မွာ ရိုက္ထားတဲ့ ပံုျဖစ္ပါတယ္

ပြဲြလမ္းေတြလည္း အတူတူတက္ၾကပါတယ္။

ေမလ ၄ ရက္ မေန႔ကေတာ့ အခ်င္းခ်င္းနားလည္မႈလြဲျပီး စိတ္ဆိုးစိတ္ေကာက္ေနၾကသလို ျဖိဳးေလးဘက္က Infinity War (အဆံုးမဲ့စစ္ပြဲ) လို႔ Status တင္ခဲ့သလို

ဝါဆိုမိုးဦးဘက္ကလည္း ကိုျဖိဳးေလးနဲ႔ သူဒီေန႔ပဲ လမ္းခြဲလိုက္ပါျပီ၊ စိတ္သေဘာထားခ်င္းမတုိက္ဆုိင္လို႔ပါလို႔ ဒီလို Status တင္လာတဲ့အတြက္ ပရိသတ္ေတြက သို႔ေလာ သို႔ေလာ ျဖစ္ခဲ့ၾကပါတယ္။

စိတ္ေကာက္တာပဲျဖစ္ျဖစ္၊ အတည္စိတ္ဆိုးၾကတာပဲ ျဖစ္ျဖစ္ ပရိသတ္ၾကီးကေတာ့ ျပန္လည္ေျပလည္ဖို႔ ေမွ်ာ္လင့္ေနပါေၾကာင္း။

www.akhayar.com

Photo Credit : Phyo Layy Snare Facebook Account
[Unicode]

ဒီနေ့ကစပြီး ကိုဖြိုးလေးနဲ့ ဝါဆိုလမ်းခွဲလိုက်ပါပြီတဲ့

Snare အဖွဲ့ထဲက ဘကြီးဖြိုးလို့ ခေါ်တဲ့ အဆိုတော်ဖြိုးလေးနဲ့ သရုပ်ဆောင်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ ဝါဆိုမိုးဦးတို့ နှစ်ယောက်တွဲနေခဲ့တာ ကြာပြီဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကို စပြီး သတိထားမိတာ ဒီဓာတ်ပုံတွေမှာ ဖြစ်ပြီး ဖြိုးလေးက ကောင်းကင်, တောင်တန်း ,ဒုဌဝတီနဲ့ ကျနော်တို့ နှစ်ယောက်ဆိုပြီး တင်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီကနေစပြီး သူတို့ဟာ လူမှုကွန်ရက်တွေပေါ်မှာလည်း စုံတွဲပုံတွေ တင်ကြတဲ့အတွက်လည်း မင်းသမီးနဲ့ အဆိုတော် လိုက်ဖက်တဲ့ အတွဲရယ်လို့ မှတ်ချက်ပြုကြပါတယ်။

Happy Birthday My Luv 🎈🎊🎂🎉🎁
မွေးနေ့မှာ ပျော်ရွှင်ပါစေ 😘😘 လို့ ဝါဆိုမွေးနေ့မှာ ဆုတောင်းပေးတာပါ

ခရီးတွေလည်း တူတူသွားခဲ့ကြသလို အလှူအတန်းတွေလည်း တူတူလုပ်ကြတာကို တွေ့ရပါတယ်။

 

Hpa An Lodge မှာ ရိုက်ထားတဲ့ ပုံဖြစ်ပါတယ်

ပွဲလမ်းတွေလည်း အတူတူတက်ကြပါတယ်။

မေလ ၄ ရက် မနေ့ကတော့ အချင်းချင်းနားလည်မှုလွဲပြီး စိတ်ဆိုးစိတ်ကောက်နေကြသလို ဖြိုးလေးဘက်က Infinity War (အဆုံးမဲ့စစ်ပွဲ) လို့ Status တင်ခဲ့သလို

ဝါဆိုမိုးဦးဘက်ကလည်း ကိုဖြိုးလေးနဲ့ သူဒီနေ့ပဲ လမ်းခွဲလိုက်ပါပြီ၊ စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ပါလို့ ဒီလို Status တင်လာတဲ့အတွက် ပရိသတ်တွေက သို့လော သို့လော ဖြစ်ခဲ့ကြပါတယ်။

စိတ်ကောက်တာပဲဖြစ်ဖြစ်၊ အတည်စိတ်ဆိုးကြတာပဲ ဖြစ်ဖြစ် ပရိသတ်ကြီးကတော့ ပြန်လည်ပြေလည်ဖို့ မျှော်လင့်နေပါကြောင်း။

www.akhayar.com

Photo Credit : Phyo Layy Snare Facebook Account