[Zawgyi]

Myanmar Idol Top Three ေတြေျပာျပခဲ့တဲ့ အမွတ္တရ အလြဲေလးမ်ား

Myanmar Idol Season 3 ရဲ ႔ Top Three မ်ား ျဖစ္ၾကတဲ့ ခ်မ္းေျမ ႔ေမာင္ခ်ိဳ ၊ ၿဖိဳးျမတ္ေအာင္ နဲ႔ ေဇာ္ႀကီး တို႔က Pantene Myanmar Page  မွာ Live လႊင့္ ၿပီးေတာ့ သူတို႕ေတြရဲ ႔ ပြဲစဥ္တစ္ေလ်ာက္ၾကံဳေတြ႔ခဲ့ရတာေတြနဲ႔ စိတ္လႈပ္ရွားစရာအမွတ္တရတခ်ိဳ႕ ကို ေျပာျပခဲ့ပါတယ္။

ခ်မ္းေျမ ႔ေမာင္ခ်ိဳ

ခ်မ္းေျမ ႔ေမာင္ခ်ိဳ ဆိုတဲ့ နာမည္ကိုတခ်ိဳ ႔ေတြက ေယာက္က်ားေလးလို႔ပဲထင္ၾကပါတယ္။ မွတ္မွတ္ရရ ကမ့္သြင္းေတာ့ သမီးကို အခန္းေဖာ္ေပးထားတာေယာက္က်ားေလး ျဖစ္ေနတယ္။ ပထမမိန္းကေလး ထဲမွာရွာတယ္မေတြ႔ဘူး။ ၿပီးေတာ့မွေယာက္က်ားေလးစာရင္းထဲ ကေနထြက္လာတယ္။ အဲ့ဒါနဲ႕တစ္ေယာက္ထဲ အိပ္ခဲ့ရတယ္။

ၿပီးေတာ့ၿပိဳင္ပြဲတစ္ေလ်ာက္ အခက္အခဲေတြေတြ႔တယ္ ဒါေပမယ့္လည္း သမီးကို ကူညီၾကပါတယ္။ ၿပီးေတာ့ၿပိဳင္ပြဲေတာက္ေလ်ာက္မွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲေနပါတယ္။ Myanmar Idol ကို ၿပိဳင္ခဲ့ရတာဟာ ဘယ္ေတာ့မွျပန္မရနိုင္ေတာ့တဲ့ အခ်ိန္ေတြပါပဲ။ Top 3 ထဲကိုေရာက္ခြင့္ရခဲ့တာကလည္း မေမွ်ာ္လင့္ထားခဲ့တဲ့ အရာျဖစ္လို႔ သမီးကိုအားေပးေနသူေတြလည္း စိတ္မပ်က္ေစရပါဘူးလို႕ခ်မ္းေျမ ႔ေမာင္ခ်ိဳ ကေျပာပါတယ္။

ၿဖိဳးျမတ္ေအာင္

အသံစစ္တုန္းကအမွတ္တရေတြရွိခဲ့ပါတယ္။ အဲ့ခ်ိန္မွာ ကြ်န္ေတာ္အင္တာဗ်ဴးေျဖတဲ့အခန္းထဲကို ဝင္သြားတယ္။ အဲ့အခ်ိန္ေၾကာက္ေနတုန္းမွာ ကြ်န္ေတာ့္ကိုေရေသာက္ခိုင္းတဲ့ အျဖစ္အပ်က္ေလးက အမွတ္တရပါ။Golden Ticket ရတုန္းကလည္း အမွတ္တရတစ္ခုက ကြ်န္ေတာ္ဂီတာလြယ္သြားေတာ့ အဲ့မွာ ဂီတာႀကိဳးပ်က္က် သြား တာေကာင္းေသးတယ္ထင္ၿပီးေတာ့ အထဲလဲေရာက္ေရာဂီတာႀကိဳးႀကီးက ပ်က္ေနပါေရာ။ တီးေတာ့ အသံေတြကမမွန္ေတာ့ဘူး။

 

ေနာက္တစ္ခုကကြ်န္ေတာ္တို႔ ကမ့္ဝင္တဲ့အခ်ိန္က အခန္းထဲမွာ ေရခ်ိဳးဦးမယ္ဆိုၿပီးေတာ့ ေရေတြဖြင့္လိုက္တာ ေရပူေတြက်လာေရာ အဲ့ေတာ့မွ ကြ်န္ေတာ္နဲ႔အတူတူေနတဲ့ အခန္းေဖာ္အစ္ကိုက ေျပာတယ္ ဒီဘက္ကို လွည့္ရင္ ေရပူ ဒီဘက္ကေရေအး ဆိုၿပီးေျပာျပေတာ့မွသိတယ္ လို႔သူ႔ရဲ ႔အလြဲေတြကို ေျပာျပခဲ့တာျဖစ္ပါတယ္။

ေဇာ္ႀကီး

Winner ျဖစ္ရင္ ကြ်န္ေတာ့္ကို ပံ႔ပိုးေပးခဲ့ၾကတဲ့ မိသားစုေတြကိုေက်းဇူးတင္သလို ဒီအစီအစဥ္ျဖစ္ေျမာက္ေအာင္ အေကာင္အထည္ေဖာ္ေပးသူေတြအကုန္လံုးကိုလည္း ေက်းဇူးတင္ပါတယ္လို႔ေျပာပါတယ္။

အနာဂတ္ရည္မွန္းခ်က္အေနနဲ႔ကေတာ့ အဆိုေတာ္ေကာင္းတစ္ေယာက္ျဖစ္ခ်င္တယ္။ အနာဂတ္မွာ အဲ့လိုျဖစ္ဖို႔အတြက္ ဝမ္းစာေတြရွာေဖြၿပီးျဖည့္ေနပါတယ္လို႔လည္း ေဇာ္ႀကီးက ေျဖေပးခဲ့တာျဖစ္ပါတယ္။

Photo Credit: Myanmar Idol Facebook Page

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

Myanmar Idol Top Three တွေပြောပြခဲ့တဲ့ အမှတ်တရ အလွဲလေးများ

Myanmar Idol Season 3 ရဲ့ Top Three များ ဖြစ်ကြတဲ့ ချမ်းမြေ့မောင်ချို ၊ ဖြိုးမြတ်အောင် နဲ့ ဇော်ကြီး တို့က Pantene Myanmar Page မှာ Live လွှင့် ပြီးတော့ သူတို့တွေရဲ့ ပွဲစဉ်တစ်လျောက်ကြုံတွေ့ခဲ့ရတာတွေနဲ့ စိတ်လှုပ်ရှားစရာအမှတ်တရတချို့ ကို ပြောပြခဲ့ပါတယ်။

ချမ်းမြေ့မောင်ချို

ချမ်းမြေ့မောင်ချို ဆိုတဲ့ နာမည်ကိုတချို့တွေက ယောက်ကျားလေးလို့ပဲထင်ကြပါတယ်။ မှတ်မှတ်ရရ ကမ့်သွင်းတော့ သမီးကို အခန်းဖော်ပေးထားတာယောက်ကျားလေး ဖြစ်နေတယ်။ ပထမမိန်းကလေး ထဲမှာရှာတယ်မတွေ့ဘူး။ ပြီးတော့မှယောက်ကျားလေးစာရင်းထဲ ကနေထွက်လာတယ်။ အဲ့ဒါနဲ့တစ်ယောက်ထဲ အိပ်ခဲ့ရတယ်။

ပြီးတော့ပြိုင်ပွဲတစ်လျောက် အခက်အခဲတွေတွေ့တယ် ဒါပေမယ့်လည်း သမီးကို ကူညီကြပါတယ်။ ပြီးတော့ပြိုင်ပွဲတောက်လျောက်မှာ ပျော်ပျော်ရွှင်ရွှင်ပဲနေပါတယ်။ Myanmar Idol ကို ပြိုင်ခဲ့ရတာဟာ ဘယ်တော့မှပြန်မရနိုင်တော့တဲ့ အချိန်တွေပါပဲ။ Top 3 ထဲကိုရောက်ခွင့်ရခဲ့တာကလည်း မမျှော်လင့်ထားခဲ့တဲ့ အရာဖြစ်လို့ သမီးကိုအားပေးနေသူတွေလည်း စိတ်မပျက်စေရပါဘူးလို့ချမ်းမြေ့မောင်ချို ကပြောပါတယ်။

ဖြိုးမြတ်အောင်

အသံစစ်တုန်းကအမှတ်တရတွေရှိခဲ့ပါတယ်။ အဲ့ချိန်မှာ ကျွန်တော်အင်တာဗျူးဖြေတဲ့အခန်းထဲကို ဝင်သွားတယ်။ အဲ့အချိန်ကြောက်နေတုန်းမှာ ကျွန်တော့်ကိုရေသောက်ခိုင်းတဲ့ အဖြစ်အပျက်လေးက အမှတ်တရပါ။Golden Ticket ရတုန်းကလည်း အမှတ်တရတစ်ခုက ကျွန်တော်ဂီတာလွယ်သွားတော့ အဲ့မှာ ဂီတာကြိုးပျက်ကျ သွား တာကောင်းသေးတယ်ထင်ပြီးတော့ အထဲလဲရောက်ရောဂီတာကြိုးကြီးက ပျက်နေပါရော။ တီးတော့ အသံတွေကမမှန်တော့ဘူး။

 

နောက်တစ်ခုကကျွန်တော်တို့ ကမ့်ဝင်တဲ့အချိန်က အခန်းထဲမှာ ရေချိုးဦးမယ်ဆိုပြီးတော့ ရေတွေဖွင့်လိုက်တာ ရေပူတွေကျလာရော အဲ့တော့မှ ကျွန်တော်နဲ့အတူတူနေတဲ့ အခန်းဖော်အစ်ကိုက ပြောတယ် ဒီဘက်ကို လှည့်ရင် ရေပူ ဒီဘက်ကရေအေး ဆိုပြီးပြောပြတော့မှသိတယ် လို့သူ့ရဲ့အလွဲတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

ဇော်ကြီး

Winner ဖြစ်ရင် ကျွန်တော့်ကို ပံ့ပိုးပေးခဲ့ကြတဲ့ မိသားစုတွေကိုကျေးဇူးတင်သလို ဒီအစီအစဉ်ဖြစ်မြောက်အောင် အကောင်အထည်ဖော်ပေးသူတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ပြောပါတယ်။

အနာဂတ်ရည်မှန်းချက်အနေနဲ့ကတော့ အဆိုတော်ကောင်းတစ်ယောက်ဖြစ်ချင်တယ်။ အနာဂတ်မှာ အဲ့လိုဖြစ်ဖို့အတွက် ဝမ်းစာတွေရှာဖွေပြီးဖြည့်နေပါတယ်လို့လည်း ဇော်ကြီးက ဖြေပေးခဲ့တာဖြစ်ပါတယ်။

Photo Credit: Myanmar Idol Facebook Page

ကြည်သာ (Akhayar)

www.akhayar.com