[Zawgyi]
















ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ငါ့ကိုနမ်းတဲ့ မုန်တိုင်း ဇာတ်ကား နဲ့ ဖွေးဖွေးရဲ့အမာခံပရိသတ်များ

မင်းသမီး ဖွေးဖွေးပါဝင်ထားတဲ့ ငါ့ကိုနမ်းတဲ့ မုန်တိုင်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို မျှော်လင့်နေကြပရိသတ်တွေ ရှိလို့နေပါတယ်။ ဖွေးဖွေးရဲ့ အမာခံ ပရိသတ်တွေဟာ ဆိုရင် ဖွေးဖွေးပါဝင်တဲ့ ဇာတ်ကားတွေကို ကြိုတင်ပြီး ဝတ္တုတွေ အနေနဲ့ခံစားပြီးမှ ဖွေးဖွေးရဲ့ အိုက်တင်တွေ ကို အားပေးတဲ့ ပရိသတ်တွေတောင်ရှိတာကိုလည်းတွေ့ရပါတယ်။

ဖွေးဖွေးရဲ့ ငါ့ကိုနမ်းတဲ့မုန်တိုင်းကိုမျှော်လင့်နေတဲ့ ပရိသတ်များ

ဖွေးဖွေးရဲ့ ငါ့ကိုနမ်းတဲ့မုန်တိုင်းကိုမျှော်လင့်နေတဲ့ ပရိသတ်များ

သရုပ်ဆောင်ဖွေးဖွေး ပါဝင်တဲ့ ရွှေကြာဇာတ်လမ်းကလည်း ပရိသတ်အားပေးမှုကြောင့် အောင်မြင်မှုတွေရရှိခဲ့သလို နောက်ထပ်ဖွေးဖွေးပါဝင်မယ့် ဇာတ်ကားတွေကိုလည်း အားပေးကြဖို့ အဆင်သင့် ဖြစ်လို့နေပါပြီ။ဒါကြောင့် ငါ့ကိုနမ်းတဲ့ မုန်တိုင်းဆိုတဲ့ ဇာတ်ကားရုံတင်ဖို့ ကိုလည်း ပရိသတ်ကဝန်းရံနေကြတာဖြစ်ပါတယ်။

ဖွေးဖွေးဟာ လတ်တလောမှာ ကြော်ငြာရိုက်ကူးမှုတွေ ကို လုပ်ဆောင်နေသလို ကိုသားစိုးရဲ့ ရောသမနှပ် အတွက် ရိုက်ကူးရေးတွေလုပ်နေတာကို သူ့ရဲ့လူမှုကွန်ရက်မှာတင်ထားတာတွေ့ရပါတယ်။

ကိုသားစိုးရဲ့ရောသမနှပ်အတွက် ရိုက်ကူးရေးလုပ်နေတဲ့ ဖွေးစိန်

ကိုသားစိုးရဲ့ရောသမနှပ်အတွက် ရိုက်ကူးရေးလုပ်နေတဲ့ ဖွေးစိန်

ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ တွေ့ခဲ့ရတဲ့ ဖွေးဖွေး

ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ တွေ့ခဲ့ရတဲ့ ဖွေးဖွေး

ချစ်စရာကောင်းတဲ့ အမူအရာတွေနဲ့ပရိသတ်ကို ဖမ်းစားနိုင်တဲ့ ဖွေးစိန်

ချစ်စရာကောင်းတဲ့ အမူအရာတွေနဲ့ပရိသတ်ကို ဖမ်းစားနိုင်တဲ့ ဖွေးစိန်

ဖွေးဖွေးပါဝင်သရုပ်ဆောင်မယ့် “ပပဝတီစီရင်ခန်း”ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ အတွက် ကိုတော့ ပထမမှာ မေလ အတွင်းရိုက်ကူးဖို့ စီစဉ်ထားပေမယ့်လည်း အခုဆိုရင်တော့ နှစ်ကုန်ပိုင်းလောက်မှသာ ရိုက်ကူးဖြစ်တော့ မယ်လို့လည်းသိရပါတယ်။

ဖွေးဖွေးပါဝင်တဲ့ ငါ့ကိုနမ်းတဲ့မုန်တိုင်းရဲ့ဇာတ်ဝင်တေးသီချင်းကိုလည်း ပရိသတ်တွေ အကြိုခံစားနိုင်အောင်လို့ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

Photo Credit: Phway Phway Facebook and Amazing Grace

ကြည်သာ (Akhayar)

www.akhayar.com