[Zawgyi]

ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ရုပ္ရွင္ဇာတ္ကားရိုက္ရင္း ေအာ္ငိုခဲ့တဲ့ ေဖြးေဖြး

ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ရုပ္ရွင္ထဲမွာ ပါဝင္တဲ့ ဇာတ္ဝင္ခန္းတခ်ိဳ ႔ကို ရုိက္ကူးရင္းနဲ႔ ေဖြးေဖြးက သူမေအာ္ငိုျဖစ္ခဲ့တဲ့ အေၾကာင္းကို ကာဗြန္ဒိုင္ေအာက္ဆိုဒ္ Facebook Page မွာ ေျပာျပထားတာျဖစ္ပါတယ္။

ေက်ာ္ထက္ေအာင္နဲ႔ ဒီဇာတ္ကားမွာ သရုပ္ေဆာင္ရတာက

ကာဗြန္ဒိုင္ေအာက္ဆိုဒ္မွာ ေက်ာ္ထက္ေအာင္နဲ႔ ပထမဆံုး ဆံုဖူးတာပါ။ ဒီကားမွာ သူက ေဖြးရဲ ႔ခ်စ္သူပါ။

ေဖြးေဖြး ကိုယ္ေပၚေလာက္ေတြ တက္ေတာ့ ဘာျဖစ္ခဲ့လဲ

ေလာက္ေတြ ကို္ယ္ေပၚကိုတက္တဲ့ အခန္းရိုက္ေတာ့ အျပင္မွာဆိုငိုပါငိုတာ။ ေျခေထာက္ေပၚကိုပဲတင္လိုက္တာပါ ေလာက္ေတြကိုက ဒါေပမယ့္ ငိုတာမွေအာ္ငိုတာပါ။

အဲ့တုန္းက စက္တင္လုပ္တဲ့သူက ေလာက္ကို ၾကက္ေသပုတ္ကေနထြက္ေအာင္လုပ္ထားတဲ့ေလာက္ဆိုေတာ့ အရမ္းကိုနံတယ္။ ရႈတင္လုပ္တဲ့ အိမ္ႀကီးတစ္အိမ္လံုးေရာ၊ အိမ္ပတ္ဝန္းက်င္မွာပါနံေနတာပါ ဆိုၿပီးေတာ့ ေဖြးေဖြးက ေျပာျပခဲ့တာလည္း ျဖစ္ပါတယ္။

အလင္းေရာင္နဲ႔က ဒီဇာတ္ကားမွာ ဘယ္လိုသရုပ္ေဆာင္ထားလဲ

ဒီကားမွာ အလင္းေရာင္ကိုမျမင္ဖူးတဲ့ ပံုစံနဲ႔ပရိသတ္ေတြ ေတြ႔ျမင္ရမွာပါ။ အလင္းေရာင္နဲ႔က ဒီဇာတ္ကားမွာ သူငယ္ခ်င္းေတြပါ။ ကိုယ့္ရဲ ႔အခင္ဆံုးသူငယ္ခ်င္း ကကိုယ့္ ကိုေအာက္လမ္းနဲ႔ ျပန္လုပ္တာေပါ့ေနာ္ ဒီဇာတ္ကားထဲမွာက ။

အျပင္မွာသာအဲ့လိုအလုပ္ခံရရင္ ဝမ္းနည္းတဲ့ စိတ္ေတာ့ျဖစ္တယ္ ၾကည့္ရင္းၾကည့္ရင္းနဲ႔။ အဲ့လိုႀကီးမျဖစ္ခ်င္ပါဘူးလို႔လည္း ေျပာပါတယ္။

ဘယ္လို Mood ေတြနဲ႔ရိုက္ကူးခဲ့သလဲ

ငယ္ငယ္တုန္းကလည္း ဖ်ားတဲ့ အခါေတြ အားငယ္တဲ့ အခါေတြမွာ သရဲျမင္ဖူးတာမ်ိဳးရွိတယ္ အဲ့ေတာ့အဲ့ လိုမ်ိဳး Memory ေတြကိုျပန္ေခၚၿပီးေတာ့ သရုပ္ေဆာင္တဲ့ ေနရာမွာ Mood သြင္းခဲ့တာလို႔ေျပာပါတယ္။

ကိုယ္မဟုတ္ေတာ့တဲ့ လူလိုမ်ိဳးသရုပ္ေဆာင္ရတဲ့ အခါက်ေတာ့မျမဲတမ္းစိတ္ကအားငယ္ၿပီးေတာ့ ေၾကာက္ၿပီးတယ္ ၊ လိပ္ျပာငယ္တယ္ အဲ့လိုပံုစံမ်ိဳးေတြသရုပ္ေဆာင္ထားပါတ ယ္။ဒီဇာတ္ကား ကို ရုပ္ရွင္တစ္ခုအေနနဲ႔ပဲ ၾကည့္ေစခ်င္ပါတယ္ လို႕လည္း ေဖြးေဖြးကေျပာျပခဲ့တာျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: Carbon dioxide Facebook Page(Amazing Grace)

www.akhayar.com
[Unicode]

ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ဇာတ်ကားရိုက်ရင်း အော်ငိုခဲ့တဲ့ ဖွေးဖွေး

ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတချို့ကို ရိုက်ကူးရင်းနဲ့ ဖွေးဖွေးက သူမအော်ငိုဖြစ်ခဲ့တဲ့ အကြောင်းကို ကာဗွန်ဒိုင်အောက်ဆိုဒ် Facebook Page မှာ ပြောပြထားတာဖြစ်ပါတယ်။

ကျော်ထက်အောင်နဲ့ ဒီဇာတ်ကားမှာ သရုပ်ဆောင်ရတာက

ကာဗွန်ဒိုင်အောက်ဆိုဒ်မှာ ကျော်ထက်အောင်နဲ့ ပထမဆုံး ဆုံဖူးတာပါ။ ဒီကားမှာ သူက ဖွေးရဲ့ချစ်သူပါ။

ဖွေးဖွေး ကိုယ်ပေါ်လောက်တွေ တက်တော့ ဘာဖြစ်ခဲ့လဲ

လောက်တွေ ကိုယ်ပေါ်ကိုတက်တဲ့ အခန်းရိုက်တော့ အပြင်မှာဆိုငိုပါငိုတာ။ ခြေထောက်ပေါ်ကိုပဲတင်လိုက်တာပါ လောက်တွေကိုက ဒါပေမယ့် ငိုတာမှအော်ငိုတာပါ။

အဲ့တုန်းက စက်တင်လုပ်တဲ့သူက လောက်ကို ကြက်သေပုတ်ကနေထွက်အောင်လုပ်ထားတဲ့လောက်ဆိုတော့ အရမ်းကိုနံတယ်။ ရှုတင်လုပ်တဲ့ အိမ်ကြီးတစ်အိမ်လုံးရော၊ အိမ်ပတ်ဝန်းကျင်မှာပါနံနေတာပါ ဆိုပြီးတော့ ဖွေးဖွေးက ပြောပြခဲ့တာလည်း ဖြစ်ပါတယ်။

အလင်းရောင်နဲ့က ဒီဇာတ်ကားမှာ ဘယ်လိုသရုပ်ဆောင်ထားလဲ

ဒီကားမှာ အလင်းရောင်ကိုမမြင်ဖူးတဲ့ ပုံစံနဲ့ပရိသတ်တွေ တွေ့မြင်ရမှာပါ။ အလင်းရောင်နဲ့က ဒီဇာတ်ကားမှာ သူငယ်ချင်းတွေပါ။ ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်း ကကိုယ့် ကိုအောက်လမ်းနဲ့ ပြန်လုပ်တာပေါ့နော် ဒီဇာတ်ကားထဲမှာက ။

အပြင်မှာသာအဲ့လိုအလုပ်ခံရရင် ဝမ်းနည်းတဲ့ စိတ်တော့ဖြစ်တယ် ကြည့်ရင်းကြည့်ရင်းနဲ့။ အဲ့လိုကြီးမဖြစ်ချင်ပါဘူးလို့လည်း ပြောပါတယ်။

ဘယ်လို Mood တွေနဲ့ရိုက်ကူးခဲ့သလဲ

ငယ်ငယ်တုန်းကလည်း ဖျားတဲ့ အခါတွေ အားငယ်တဲ့ အခါတွေမှာ သရဲမြင်ဖူးတာမျိုးရှိတယ် အဲ့တော့အဲ့ လိုမျိုး Memory တွေကိုပြန်ခေါ်ပြီးတော့ သရုပ်ဆောင်တဲ့ နေရာမှာ Mood သွင်းခဲ့တာလို့ပြောပါတယ်။

ကိုယ်မဟုတ်တော့တဲ့ လူလိုမျိုးသရုပ်ဆောင်ရတဲ့ အခါကျတော့မမြဲတမ်းစိတ်ကအားငယ်ပြီးတော့ ကြောက်ပြီးတယ် ၊ လိပ်ပြာငယ်တယ် အဲ့လိုပုံစံမျိုးတွေသရုပ်ဆောင်ထားပါတ ယ်။ဒီဇာတ်ကား ကို ရုပ်ရှင်တစ်ခုအနေနဲ့ပဲ ကြည့်စေချင်ပါတယ် လို့လည်း ဖွေးဖွေးကပြောပြခဲ့တာဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Carbon dioxide Facebook Page(Amazing Grace)

www.akhayar.com