[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

MV ရိုက်ကူးရေး နဲ့ ချင်းမိုင်ကိုရောက်နေကြတဲ့ ဖွေးဖွေး နဲ့ထူးအောင်

အဆိုတော် Kaw Kaw ရဲ့ The Old Tree အတွက် MV ရိုက်ကူးရေးကို ချင်းမိုင်မှာ ပြုလုပ်ခဲ့တာပါ။ ထူးအောင် နဲ့ ဖွေးဖွေး တို့က သရုပ်ဆောင်ထားပြီး ရိုက်ကူးရေးလုပ်တဲ့ ပုံတွေကို ဖွေးဖွေး ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတာကိုတွေ့ရပါတယ်။

ရိုက်ကူးရေးလုပ်နေတဲ့ ပျော်စရာကောင်းတဲ့ မြင်ကွင်းတွေကိုလည်း ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ချင်းမိုင်ကို ရောက်တုန်း ဖွေးဖွေး နဲ့ ထူးအောင်တို့ အလည်အပတ်ထွက်ခဲ့ကြပါသေးတယ်။ ချင်းမိုင်ရဲ့ မုန့်ဈေးတန်း တစ်နေရာမှာ ပျော်ရွှင်နေကြတဲ့ ပုံရိပ်တွေကိုကြည့် ရင်း ပရိသတ်ကြီးလည်း ပျော်ရွှင်နိုင်အောင်လို့ ပြန်လည်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

Photo Credit:Phway Phway Facebook Page ၊ Htoo Aung Facebook

ကြည်သာ (Akhayar)

www.akhayar.com