[Zawgyi] 

Nokia ၊ HTC နဲ႔ Sony တို႔ထက္ ေစ်းကြက္ထဲမွာနာမည္သိပ္မႀကီးေတာ့တဲ့ Blackberry ဖုန္းေတြကို စိိတ္ဝင္စားသူ ပရိသတ္ရွိပါေသးတယ္။ သူတို႔ကေတာ့ BlackBerry ရဲ႕ Keyboard ပါတဲ့ ဖုန္းေတြကို သေဘာက်သူေတြပါ။ BlackBerry ဆိုတာနဲ႔ အရင္ဆံုးေျပးျမင္မိတာကလည္း သူတို႔တဲ့ ကီးဘုတ္ပါတဲ့ Android ဖုန္းရွည္ရွည္ႀကီးေတြပါ။ 

အရင္က ျမန္မာႏိုင္ငံေစ်းကြက္ထဲကို အနည္းငယ္ဝင္ေရာက္လာခဲ့တဲ့ BlackBerry KEYone ေတြကို သိၾကမွာပါ။ အခုေတာ့ KEYone ရဲ႕ေနာက္ဆက္တြဲ ဖုန္းတစ္လံုးျဖစ္လာမယ္လို႔ ယူဆရတဲ့ BlackBerry ဖုန္းတစ္လံုးရဲ႕ ပံုေတြကို Online မွာ ျပန္႔လာတာေတြ႕ရပါတယ္။ BlackBerry KEYone ေတြစတင္ေရာင္းခ်ခ်ိန္ကတည္းက လက္ရွိအခ်ိန္အထိ အလံုးေရေပါင္း ရွစ္သိန္းငါးေသာင္းေက်ာ္အထိ တင္ပို႔ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ အဲ့ဒီအတြက္ KEYone ရဲ႕ေနရာကို ဆက္ခံဖို႔အတြက္ ေနာက္ထပ္ဖုန္းအသစ္တစ္လံုးကို မိတ္ဆက္ေပးဖို႔ အဆင္သင့္ျဖစ္ေနပံုပါပဲ။ 

BlackBerry Athena

Athena လို႔ နာမည္ဝွက္ေပးထားတဲ့ ဖုန္းအသစ္ရဲ႕ပံုေတြကို တရုတ္ Website ျဖစ္တဲ့ TENNA မွာတင္ထားတာကို ေတြ႕ရပါတယ္။ Athena ဖုန္းနဲ႔ပတ္သက္လို႔ အရင္ကလည္း အခုလို သတင္းေပါက္ဖူးပါတယ္။ ဒါေပမယ့္ ဒီတစ္ေခါက္တင္ထားတဲ့ ပံုေတြက ေတာ္ေတာ္ေလးကို ရွင္းရွင္းလင္းလင္းျမင္ရပါတယ္။ Dual Camera ပါလာတဲ့အျပင္ KEYone ရဲ႕အေငြ႕အသက္ေတြကို ေတြ႕ရပါေသးတယ္။ ေနာက္ေက်ာဖက္ Design က KEYone နဲ႔သိသိသာသာကြဲျပားေနတာမ်ိဳးမဟုတ္ပါဘူး။ ဖုန္းနဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မသိရေသးေပမယ့္ ေသျခာတဲ့အခ်က္ေတြကေတာ့ SoC ကို Snapdragon 600 Series ထဲကပဲသံုးေပးထားမွာျဖစ္ၿ႔ပီး Android 8 နဲ႔လာမွာပါ။ Display ကေတာ့ အရင္အတိုင္းပဲ BlackBerry ဆန္ေနဦးမွာျဖစ္တဲ့အတြက္ Notch ေတြ၊ FullView ေတြလာမွာမဟုတ္ဘဲ 3:2 Ratio နဲ႔ပဲ လာမွာပါ။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

BlackBerry Flagship အသစ် Athena ရဲ့ဓာတ်ပုံတွေ Online မှာပေါ်ထွက်လာ

Nokia ၊ HTC နဲ့ Sony တို့ထက် ဈေးကွက်ထဲမှာနာမည်သိပ်မကြီးတော့တဲ့ Blackberry ဖုန်းတွေကို စိတ်ဝင်စားသူ ပရိသတ်ရှိပါသေးတယ်။ သူတို့ကတော့ BlackBerry ရဲ့ Keyboard ပါတဲ့ ဖုန်းတွေကို သဘောကျသူတွေပါ။ BlackBerry ဆိုတာနဲ့ အရင်ဆုံးပြေးမြင်မိတာကလည်း သူတို့တဲ့ ကီးဘုတ်ပါတဲ့ Android ဖုန်းရှည်ရှည်ကြီးတွေပါ။ 

အရင်က မြန်မာနိုင်ငံဈေးကွက်ထဲကို အနည်းငယ်ဝင်ရောက်လာခဲ့တဲ့ BlackBerry KEYone တွေကို သိကြမှာပါ။ အခုတော့ KEYone ရဲ့နောက်ဆက်တွဲ ဖုန်းတစ်လုံးဖြစ်လာမယ်လို့ ယူဆရတဲ့ BlackBerry ဖုန်းတစ်လုံးရဲ့ ပုံတွေကို Online မှာ ပြန့်လာတာတွေ့ရပါတယ်။ BlackBerry KEYone တွေစတင်ရောင်းချချိန်ကတည်းက လက်ရှိအချိန်အထိ အလုံးရေပေါင်း ရှစ်သိန်းငါးသောင်းကျော်အထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ အဲ့ဒီအတွက် KEYone ရဲ့နေရာကို ဆက်ခံဖို့အတွက် နောက်ထပ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်ပေးဖို့ အဆင်သင့်ဖြစ်နေပုံပါပဲ။ 

BlackBerry Athena

Athena လို့ နာမည်ဝှက်ပေးထားတဲ့ ဖုန်းအသစ်ရဲ့ပုံတွေကို တရုတ် Website ဖြစ်တဲ့ TENNA မှာတင်ထားတာကို တွေ့ရပါတယ်။ Athena ဖုန်းနဲ့ပတ်သက်လို့ အရင်ကလည်း အခုလို သတင်းပေါက်ဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်တင်ထားတဲ့ ပုံတွေက တော်တော်လေးကို ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။ Dual Camera ပါလာတဲ့အပြင် KEYone ရဲ့အငွေ့အသက်တွေကို တွေ့ရပါသေးတယ်။ နောက်ကျောဖက် Design က KEYone နဲ့သိသိသာသာကွဲပြားနေတာမျိုးမဟုတ်ပါဘူး။ ဖုန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပေမယ့် သေခြာတဲ့အချက်တွေကတော့ SoC ကို Snapdragon 600 Series ထဲကပဲသုံးပေးထားမှာဖြစ်ြ့ပီး Android 8 နဲ့လာမှာပါ။ Display ကတော့ အရင်အတိုင်းပဲ BlackBerry ဆန်နေဦးမှာဖြစ်တဲ့အတွက် Notch တွေ၊ FullView တွေလာမှာမဟုတ်ဘဲ 3:2 Ratio နဲ့ပဲ လာမှာပါ။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။