[Zawgyi]

Photogenic ျဖစ္ေစဖို႔ Gigi Hadid ဆီက သင္ယူရမယ့္အခ်က္မ်ား

ေကာင္မေလးေတြ ေတာ္ေတ္ာမ်ားမ်ားက အျပင္မွာတင္မကဘဲ ဓာတ္ပံုရိုက္တဲ့အခါ ဓာတ္ပံုထဲမွာလည္း လွခ်င္၊ မိုက္ခ်င္တဲ့၊ အထာက်ခ်င္တဲ့စိတ္ေလး ရွိၾကပါတယ္။ ဒီလိုအခ်ိန္မွာဆုိရင္ ဓာတ္ပံုရိုက္တဲ့အခါဘယ္လိုေနရမလဲ၊ ဘယ္လို Pose ေပးရမလဲ၊ ဘယ္လို အ၀တ္အစား၀တ္ရပါ့မလဲဆုိတာ ေတြးရျပန္ပါၿပီ။ အထူးသျဖင့္ေတာ့ Photogenic ျဖစ္ေအာင္ ဘယ္လုိလုပ္ရမလဲလို႔ ေတြးၾကတာ အမ်ားဆံုးျဖစ္ပါလိမ့္မယ္။ ဒီအတြက္ Gigi Hadid ဆီက သင္ယူလို႔ရႏိုင္မယ့္ Photogenic ျဖစ္ေစတယ္လုိ႔ ထင္ရတဲ့ လွည့္ကြက္ေလးေတြကို ေျပာျပေပးခ်င္ပါတယ္။ နာမည္ေက်ာ္ စူပါေမာ္ဒယ္လ္တစ္ေယာက္ျဖစ္တဲ့ Gigi Hadid ကိုယ္တိုင္လည္း Photogenic ျဖစ္တဲ့အျပင္ ဘယ္လို ဓာတ္ပံုစားေအာင္ေနရမလဲေကာင္းေကာင္းသိတာမုိ႔ သူမေျပာတဲ့အခ်က္ေလးေတြကို လိုက္လုပ္ၾကည့္လိုက္ေနာ္။

၁- ေခါင္းစေျခဆံုး တစ္ေရာင္တည္း၀တ္ပါ။

တစ္ခါတေလမွာ Gigi Hadid တစ္ေယာက္ အေရာင္တစ္ေရာင္တည္းကိုပဲ ေခါင္းစေျခဆံုး ၀တ္တာေတြ႔ရမွာပါ။ ဒီလို အေရာင္တစ္ေရာင္တည္း၀တ္ျခင္းအားျဖင့္ အမ်ားအျမင္မွာ ထင္းရင္းေပၚလြင္ေနသလို ဓာတ္ပံုထဲမွာလည္း မိမိုက္ေနေစပါတယ္။

၂- ေျခေထာက္ေရွ႕ထုတ္တဲ့ပံုစံလုပ္ပါ။

ေျခေထာက္တစ္ဖက္ကို ေရွ႕ထုတ္တဲ့ပံုစံလုပ္လိုက္ျခင္းအားျဖင့္ ေျခေခ်ာင္းပိုသြယ္သြားသလို အရပ္လည္း ပိုရွည္သြားတယ္လို႔ ထင္ရပါတယ္။ Angelina Jolie လုပ္ေနက် Pose ဆိုလည္း မမွားပါဘူး။

၃- ခႏၶာကိုယ္ကို လက္နဲ႔ ကြယ္မထားပါနဲ႔။

Pose တစ္ခုလုပ္ၿပီဆိုရင္ ကိုယ့္ရဲ႕ ခႏၶာကိုယ္က ပိန္ပိန္၀၀ လက္နဲ႔ ကြယ္လုိက္ဖု႔ိမလိုပါဘူး။ ခႏၶာကုိုယ္ကို အရွိအတိုင္းထားတာပိုေကာင္းၿပီးေတာ့ တကယ္လုိ႔ လက္ကို ဘယ္လိုပံုစံထားရမယ္မွန္းမသိရင္ ေပါင္နားမွာ ေဖ်ာ့ေဖ်ာ့ေလး တင္ထားလုိက္ပါ။

၄- အိတ္ကပ္ထဲကို လက္တစ္ဖက္ထည့္ပါ။

သင့္ရဲ႕ လက္ေတြကို ကုတ္အက်ၤ ီထဲထည့္ထားတုိ႔၊ ဂ်င္းေဘာင္းဘီအိတ္ကပ္ထဲ ထည့္လိုက္တာတု႔ိကလည္း Pose တစ္မ်ိဳးပါပဲ။ ဒီလိုပံုစံက ထသြားထလာ Snap ပဲ ရိုက္ရိုက္၊ ဖက္ရွင္က်က်ပဲ ၀တ္စားၿပီးရိုက္ရိုက္ လုပ္ၾကည့္သင့္တဲ့ပံုစံျဖစ္ပါတယ္။

၅- ခပ္မာမာ Pose ေလးေတြ ထုတ္ၾကည့္ပါ။

တစ္ခါတေလမွာ ေမာ္ဒယ္လ္ေတြအေနနဲ႔ ေျခေထာက္ကိုခပ္ဟဟ၊ ပခံုးခပ္ေလွ်ာ့ေလွ်ာ့၊ လက္ေတြကိုေနာက္နားမွာ ထားၿပီး တင္ပါးကို တစ္ဖက္မသိမသာေလး ေစာင္းေပးတဲ့ ပိုစ့္ေလးေတြ ထုတ္တာေတြ႔ရမွာပါ။ ဒီလို Pose ကလည္း Street ဆန္ဆန္ အမိုက္စားေလးေတြ၀တ္မယ္ဆိုရင္ တကယ္လိုက္ဖက္တဲ့ အေနအထားပါ။ Gigi ကို Runway နဲ႔ Fashion Editorial ေတြမွာ ေတြ႔ရေလ့ရွိတဲ့ Pose ေပါ့။

၆- ၿပံဳးပါ။

ၿပံဳးတာကလည္း ဓာတ္ပံုလွလွေလးေတြရဖို႔ လွည့္ကြက္တစ္ခုပါ။ အေပၚယံ ၿပံဳးတာမ်ဳိးမဟုတ္ဘဲ သင့္ရဲ႕ မ်က္လံုးေတြနဲ႔ အသက္၀င္ေအာင္ ၿပံဳးၿပီး Photogenic ျဖစ္ေအာင္ လုပ္ယူလုိ႔ရပါတယ္။

၇- ေျခေထာက္အေနအထားကို သတိထားပါ။

ကို္ယ္က ပံုေသၿငိမ္ၿငိမ္ေလးပဲ ေနေန၊ လႈပ္ရွားၿပီးပဲ ရိုက္ရိုက္ ကိုယ္ေနဟန္ထားနဲ႔အတူ ေျခေထာက္ရဲ႕ ပံုစံကလည္း အေရးႀကီးပါတယ္။ လမ္းေလွ်ာက္ေနတဲ့ အခ်ိန္မွာ ေျခေထာက္ေတြက ယွက္တဲ့အေနအထားမွာ ရွိထားသင့္သလို အရမ္းႀကီး ကားမေနဖို႔ သတိထားေပးသင့္ပါတယ္။

၈- ကိုယ့္ရဲ႕ ပင္ကုိယ္စတိုင္လ္မေပ်ာက္ပါေစနဲ႔။

ကိုယ္က ပံုထဲမွာ ဓာတ္ပံုထဲ မိုက္ေနခ်င္ေဇာနဲ႔ အလြန္အကၽြံကိုယ့္ရဲ႕ စတိုင္လ္ေပ်ာက္မသြားဖို႔ကိုလည္း သတိထားေပးရမွာပါ။ လိုထာထက္ ပိုၿပီး Pose မေပးဖုိ႔၊ အတင္းလုပ္ယူထားတဲ့ပံုစံမ်ိဳးျဖစ္မေနေစဖုိ႔နဲ႔ ကိုယ့္ရဲ႕ ပင္ကိုယ္ဟန္၊ ပင္ကိုယ္စတိုင္လ္ မေပ်ာက္ေစဖို႔ ဦးစားေပးရပါမယ္ေနာ္။

ဒီေလာက္ဆို Gigi Hadidရဲ႕ Photogenic  ျဖစ္ေစမယ့္ လွည့္ကြက္ေလးေတြနဲ႔ လန္းလို႔ရပါၿပီ။

Su Yi Htet (Akhayar)

[Unicode]

Photogenic ဖြစ်စေဖို့ Gigi Hadid ဆီက သင်ယူရမယ့်အချက်များ

ကောင်မလေးတွေ တော်တေ်ာများများက အပြင်မှာတင်မကဘဲ ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံထဲမှာလည်း လှချင်၊ မိုက်ချင်တဲ့၊ အထာကျချင်တဲ့စိတ်လေး ရှိကြပါတယ်။ ဒီလိုအချိန်မှာဆိုရင် ဓာတ်ပုံရိုက်တဲ့အခါဘယ်လိုနေရမလဲ၊ ဘယ်လို Pose ပေးရမလဲ၊ ဘယ်လို အဝတ်အစားဝတ်ရပါ့မလဲဆိုတာ တွေးရပြန်ပါပြီ။ အထူးသဖြင့်တော့ Photogenic ဖြစ်အောင် ဘယ်လိုလုပ်ရမလဲလို့ တွေးကြတာ အများဆုံးဖြစ်ပါလိမ့်မယ်။ ဒီအတွက် Gigi Hadid ဆီက သင်ယူလို့ရနိုင်မယ့် Photogenic ဖြစ်စေတယ်လို့ ထင်ရတဲ့ လှည့်ကွက်လေးတွေကို ပြောပြပေးချင်ပါတယ်။ နာမည်ကျော် စူပါမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Gigi Hadid ကိုယ်တိုင်လည်း Photogenic ဖြစ်တဲ့အပြင် ဘယ်လို ဓာတ်ပုံစားအောင်နေရမလဲကောင်းကောင်းသိတာမို့ သူမပြောတဲ့အချက်လေးတွေကို လိုက်လုပ်ကြည့်လိုက်နော်။

၁- ခေါင်းစခြေဆုံး တစ်ရောင်တည်းဝတ်ပါ။

တစ်ခါတလေမှာ Gigi Hadid တစ်ယောက် အရောင်တစ်ရောင်တည်းကိုပဲ ခေါင်းစခြေဆုံး ဝတ်တာတွေ့ရမှာပါ။ ဒီလို အရောင်တစ်ရောင်တည်းဝတ်ခြင်းအားဖြင့် အများအမြင်မှာ ထင်းရင်းပေါ်လွင်နေသလို ဓာတ်ပုံထဲမှာလည်း မိမိုက်နေစေပါတယ်။

၂- ခြေထောက်ရှေ့ထုတ်တဲ့ပုံစံလုပ်ပါ။

ခြေထောက်တစ်ဖက်ကို ရှေ့ထုတ်တဲ့ပုံစံလုပ်လိုက်ခြင်းအားဖြင့် ခြေချောင်းပိုသွယ်သွားသလို အရပ်လည်း ပိုရှည်သွားတယ်လို့ ထင်ရပါတယ်။ Angelina Jolie လုပ်နေကျ Pose ဆိုလည်း မမှားပါဘူး။

၃- ခန္ဓာကိုယ်ကို လက်နဲ့ ကွယ်မထားပါနဲ့။

Pose တစ်ခုလုပ်ပြီဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်က ပိန်ပိန်၀၀ လက်နဲ့ ကွယ်လိုက်ဖု့ိမလိုပါဘူး။ ခန္ဓာကိုယ်ကို အရှိအတိုင်းထားတာပိုကောင်းပြီးတော့ တကယ်လို့ လက်ကို ဘယ်လိုပုံစံထားရမယ်မှန်းမသိရင် ပေါင်နားမှာ ဖျော့ဖျော့လေး တင်ထားလိုက်ပါ။

၄- အိတ်ကပ်ထဲကို လက်တစ်ဖက်ထည့်ပါ။

သင့်ရဲ့ လက်တွေကို ကုတ်အင်္ကျ ီထဲထည့်ထားတို့၊ ဂျင်းဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်တာတု့ိကလည်း Pose တစ်မျိုးပါပဲ။ ဒီလိုပုံစံက ထသွားထလာ Snap ပဲ ရိုက်ရိုက်၊ ဖက်ရှင်ကျကျပဲ ဝတ်စားပြီးရိုက်ရိုက် လုပ်ကြည့်သင့်တဲ့ပုံစံဖြစ်ပါတယ်။

၅- ခပ်မာမာ Pose လေးတွေ ထုတ်ကြည့်ပါ။

တစ်ခါတလေမှာ မော်ဒယ်လ်တွေအနေနဲ့ ခြေထောက်ကိုခပ်ဟဟ၊ ပခုံးခပ်လျှော့လျှော့၊ လက်တွေကိုနောက်နားမှာ ထားပြီး တင်ပါးကို တစ်ဖက်မသိမသာလေး စောင်းပေးတဲ့ ပိုစ့်လေးတွေ ထုတ်တာတွေ့ရမှာပါ။ ဒီလို Pose ကလည်း Street ဆန်ဆန် အမိုက်စားလေးတွေဝတ်မယ်ဆိုရင် တကယ်လိုက်ဖက်တဲ့ အနေအထားပါ။ Gigi ကို Runway နဲ့ Fashion Editorial တွေမှာ တွေ့ရလေ့ရှိတဲ့ Pose ပေါ့။

၆- ပြုံးပါ။

ပြုံးတာကလည်း ဓာတ်ပုံလှလှလေးတွေရဖို့ လှည့်ကွက်တစ်ခုပါ။ အပေါ်ယံ ပြုံးတာမျိုးမဟုတ်ဘဲ သင့်ရဲ့ မျက်လုံးတွေနဲ့ အသက်ဝင်အောင် ပြုံးပြီး Photogenic ဖြစ်အောင် လုပ်ယူလို့ရပါတယ်။

၇- ခြေထောက်အနေအထားကို သတိထားပါ။

ကိုယ်က ပုံသေငြိမ်ငြိမ်လေးပဲ နေနေ၊ လှုပ်ရှားပြီးပဲ ရိုက်ရိုက် ကိုယ်နေဟန်ထားနဲ့အတူ ခြေထောက်ရဲ့ ပုံစံကလည်း အရေးကြီးပါတယ်။ လမ်းလျှောက်နေတဲ့ အချိန်မှာ ခြေထောက်တွေက ယှက်တဲ့အနေအထားမှာ ရှိထားသင့်သလို အရမ်းကြီး ကားမနေဖို့ သတိထားပေးသင့်ပါတယ်။

၈- ကိုယ့်ရဲ့ ပင်ကိုယ်စတိုင်လ်မပျောက်ပါစေနဲ့။

ကိုယ်က ပုံထဲမှာ ဓာတ်ပုံထဲ မိုက်နေချင်ဇောနဲ့ အလွန်အကျွံကိုယ့်ရဲ့ စတိုင်လ်ပျောက်မသွားဖို့ကိုလည်း သတိထားပေးရမှာပါ။ လိုထာထက် ပိုပြီး Pose မပေးဖို့၊ အတင်းလုပ်ယူထားတဲ့ပုံစံမျိုးဖြစ်မနေစေဖို့နဲ့ ကိုယ့်ရဲ့ ပင်ကိုယ်ဟန်၊ ပင်ကိုယ်စတိုင်လ် မပျောက်စေဖို့ ဦးစားပေးရပါမယ်နော်။

ဒီလောက်ဆို Gigi Hadidရဲ့ Photogenic  ဖြစ်စေမယ့် လှည့်ကွက်လေးတွေနဲ့ လန်းလို့ရပါပြီ။

Su Yi Htet (Akhayar)