[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

လူမှုကွန်ရက်ပေါ်မှာ ဂယက်ရိုက်သွားတဲ့ ပိုင်တံခွန်နဲ့ ဆုလှိုင်ဝင်းတို့ရဲ့ဓါတ်ပုံ

မိန်းကလေးတွေရဲ့သည်းသည်းလှုပ်အားပေးမှုကို ရရှိနေတဲ့ မော်ဒယ်မင်းသားပိုင်တံခွန် နဲ့ Facebook ဆယ်လီဖြစ်တဲ့ ဆုလှိုင်ဝင်းတို့ရဲ့ ပုံ တွေကို ဒီကနေ့ နေ့လည်ပိုင်း က လူမှုကွန်ရက်ပေါ်မှာတွေ့ရပါတယ်။ မိန်းကလေးတွေဆိုရင်လည်း ဓါတ်ပုံတွေကို အပြန်အလှန်တွေ ရှဲကြပြီးတော့ အသည်းကိုခွဲသွားတဲ့ ပိုင်တံခွန် စတဲ့ Status မျိုးတွေကို တင်ထားခဲ့ကြတာဖြစ်ပါတယ်။

နှစ်ယောက်စလုံးက လူငယ်ပရိသတ်တွေ ရဲ့စိတ်ဝင်စားခြင်းကို ခံနေရတဲ့ အတွက် အခုလိုသည်းသည်းလှုပ်လှုပ်စိတ်ဝင်စားခြင်းကို ခံရတာလည်း ဖြစ်ပါတယ်။

ဆုလှိုင်ဝင်း က တော့သူမရဲ့လူမှုကွန်ရက်ပေါ်မှာ သူမပုံနဲ့ စာလေးတစ်ကြောင်းကို တင်ခဲ့ပြီး စာလေးကတော့ “The past should be left in the past” “ပြီးခဲ့တဲ့ အတိတ်တွေကို အတိတ်မှာပဲထားခဲ့သင့်တယ်” လို့ဆိုထားပြီး သူတို့ရဲ့ဓါတ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်ပြီးနောက် ရေးခဲ့တာကြောင့် အရင်က ဇာတ်လမ်းပဲဖြစ်မယ် ထင်ရပါတယ်။

Photo Credit: Su Hlaing Win Facebook ၊ Paing Takhon Facebook

ကြည်သာ (Akhayar)

www.akhayar.com