တရုတ်စမတ်ဖုန်း Company တွေဘက်က Flagship စမတ်ဖုန်းတစ်လုံးမိတ်ဆက်တိုင်း User တွေအားလုံးတညီတညွှတ်ထဲမျှော်လင့်နေတာက Wireless Charging စနစ်ပါလာဖို့ပါ။ ဒါပေမယ့် ရွှေပြည်တော် မျှော်တိုင်းဝေးနေခဲ့ပါတယ်။ Company တွေဘက်ကလည်း ထုတ်လုပ်မှုကုန်ကျစားရိတ်တွေပိုတိုးမှာဆိုးတယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ဒီစနစ်ကိုဖြုတ်ချခဲ့တာပါ။

ဒီနှစ်အတွက် OnePlus ရဲ့ Flagship ဖုန်းဖြစ်လာမယ့် OnePlus 7 ကိုလည်း Wireless Charging နဲ့ပတ်သက်ပြီးမျှော်လင့်ထားခဲ့ပေမယ့် CEO Peta Lau ကတော့ အဲ့ဒီစနစ်ပါဝင်ဦးမှာမဟုတ်သေးဘူးလို့တရားဝင်ထုတ်ပြောလိုက်ပါပြီ။ ဘာကြောင့်လဲဆိုတော့ လက်ရှိအသုံးပြုနေတဲ့ Warp Charge (Dash Charge) စနစ်က အကောင်းဆုံးနဲ့အမြန်ဆုံးဖြစ်နေသလို အကယ်၍ Wireless စနစ်ကိုသုံးလိုက်မယ်ဆိုရင် အားသွင်းတဲ့အခါ အရမ်းနှေးသွားနိုင်တာကြောင့်ဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။

OnePlus အနေနဲ့ Wireless Charging စနစ်အစား လက်ရှိ အားသွင်းစနစ်ကိုပဲ Heat မတက်ဘဲပိုပြီးမြန်ဆန်ကောင်းမွန်လာဖို့အတွက်ကြိုးစားနေတယ်လို့ဆိုပါတယ်။ သူပြောချင်တဲ့သဘောကတော့ Wireless စနစ်နဲ့အားသွင်းတာဟာ အပိုအဆင့်ပဲရှိနေသေးတယ်ဆိုတဲ့သဘောပါ။ နောက်ပိုင်းမှာ Qualcomm ရဲ့ Quick Wireless Charging စနစ်ကိုအသုံးပြုလာမလားဆိုတာတော့ စောင့်ကြည့်ဖို့လိုပါဦးမယ်။
ဒါ့အပြင် OnePlus ဟာ MWC ပွဲမှာ 5G Ready စမတ်ဖုန်းတစ်မျိုးရဲ့ ရှေ့ပြေးပုံစံအနည်းငယ်ကိုထုတ်ပြခဲ့ပါတယ်။ အဲ့ဒီဖုန်းဟာ မျက်နှာပြင်အချိုး 21:9 နဲ့မြင်ရပြီး တခြား Specification တွေကိုတော့ ဘယ်သူမှမမြင်ရအောင် Cover နဲ့အုပ်ထားပါတယ်။ (ပုံစံက ဆပ်ပြာခွက်လိုလို ဘာလိုလိုနဲ့ပါ) ဒီဖုန်းကို OnePlus 7 လို့ယူဆရပေမယ့်လည်း CEO အနေနဲ့ဘာမှတ်ချက်မှပေးမထားတာကြောင့်အတည်ပြုဖို့ခက်နေပါသေးတယ်။

OnePlus ရဲ့ထုံးစမ်အရ နှစ်တစ်နှစ်ရဲ့ May လ ဒါမှမဟုတ် June လတွေမှာ ၄င်းတို့ရဲ့ Flagship စမတ်ဖုန်းသစ်တွေကိုမိတ်ဆက်လေ့ရှိတာကြောင့် အဲ့ဒီချိန်မတိုင်ခင်ထိတော့ ကောလဟလသတင်းတွေနဲ့ပဲလည်ပတ်နေဦးမှာပါ။ လောလောဆယ်တော့ OnePlus 7 မှာ PopUp Self Camera ပါလာမယ်လို့သတင်းထွက်နေပေမယ့် CEO Peta Lau ကတော့ငြင်းဆိုထားပြီး ၄င်းအနေနဲ့ ဖုန်းအသစ်နဲ့ပတ်သက်ပြီး Media တွေကိုသတင်းထုတ်ပြန်ပေးဖို့အဆင်သင့်မဖြစ်သေးဘူးလို့လည်းပြောကြားခဲ့ပါတယ်။

Ref; GSMArena