[Zawgyi]

Ariana Grande နဲ႔ လမ္းခြဲဲျပီးတည္းက ျငိမ္သက္ေနမႈကို ျဖိဳခြဲလိုက္တဲ့ Pete Davidson

Ariana Grande နဲ႔ Pete Davidson တုိ႔ ႏွစ္ေယာက္ဟာ လမ္းခြဲျပီးတည္းက ႏွစ္ဘက္စလံုး ျငိမ္သက္ေနခဲ့ေပမယ့္ အခုေတာ့ Pete ဘက္ကေန ဒီ ျငိမ္သက္မႈကို ျဖိဳခြဲခဲ့ျပီ ျဖစ္ပါတယ္။ သူဟာ လမ္းခြဲခဲ့ရတဲ့ အေၾကာင္းကို ဟာသေတာင္ လုပ္ခဲ့ပါေသးတယ္။

အသက္ ၂၄ ႏွစ္ ရွိျပီ ျဖစ္တဲ့ Pete နဲ႔ အသက္ ၂၅ ႏွစ္ရွိျပီျဖစ္တဲ့ Ariana တို႔ဟာ လမ္းခြဲျပတ္စဲခဲ့ၾကျပီး ေစ့စပ္ေၾကာင္းလမ္းမႈကိုလည္း ဖ်က္သိမ္းခဲ့ပါတယ္။ ျပီးခဲ့တဲ့ စေနေန႔ညမွာေတာ့ Pete ဟာ Judd & Pete for America Comedy Show အတြက္ ပူးတြဲအစီအစဥ္တင္ဆက္သူအေနနဲ႔ စင္ေပၚ ျပန္တက္လာခဲ့ျပီး လူအုပ္ၾကီးကို “တစ္ေယာက္ေယာက္မ်ား အခန္းငွားဖို႔ ရွိလား၊ ဒါမွမဟုတ္ Roommate လိုေနတာမ်ားရွိလား” ဆိုျပီး အရႊန္းေဖာက္ခဲ့တာပါ။

ဘာလို႔လဲဆုိေတာ့ Pete နဲ႔ Ariana ၾကိဳက္ေနတုန္းက Ariana Grande ဟာ နယူးေယာက္ျမိဳ႕မွာ ေဒၚလာ ၁၆ သန္းတန္ တုိက္ခန္းကို သူနဲ႔ Pete အတြက္ ဝယ္ထားခဲ့ပါတယ္။ အခုေတာ့ Pete ဟာ မိသားစုနဲ႔ အတူျပန္ေနေနျပီး ျပတ္စဲအျပီးမွာ ေအးေဆးပဲ ျဖစ္ေနကာ မိသားစုနဲ႔ သူငယ္ခ်င္းေတြကလည္း သူ႔ကို ေပ်ာ္ေအာင္ ထားေနၾကပါတယ္။

ဒါတင္မဟုတ္ဘဲ သူနဲ႔ Ariana တို႔ႏွစ္ေယာက္ တစ္ေယာက္ကို တစ္ေယာက္အမွတ္တရအေနနဲ႔ ထုိးထားတဲ့ တက္တူးကိုလည္း Cover ျပန္လုပ္ေနေၾကာငး္ ေျပာခဲ့ပါေသးတယ္။ Pete နဲ႔ Ariana ဟာ Couple Tattoo ေတြေရာ၊ အမွတ္တရ တက္တူးေတြေရာ တူတူရွိတုန္းက ထိုးခဲ့ၾကတာပါ။ Ariana ဟာ Pete နဲ႔ ျပတ္စဲျပီး ပထမဆံုး လူေရွ႕ထြက္တဲ့အခ်ိန္မွာ သူ႔ရဲ႕ တက္တူးေပၚမွာ ပလာစတာတစ္ခုကပ္ျပီး ဖံုးလာခဲ့ပါတယ္။

Mac Miller နဲ႔ Ariana Grande

Mac Miller နဲ႔ Ariana Grande

ဒါတင္မဟုတ္ဘဲ Ariana ဟာ အင္တာနက္မသံုးဘဲ ခဏေနမယ္လို႔ ေၾကညာထားခဲ့ျပီး သူ႔ရဲ႕ ရည္းစားေဟာင္းျဖစ္တဲ့ Mac Miller တစ္ေယာက္ စက္တင္ဘာလမွာ ေဆးလြန္ျပီး ဆံုးပါးသြားတည္းက တတ္ႏုိ္င္သမွ် Social Media နဲ႔ ေဝးေဝးေနခဲ့တာ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : eonline.com
[Unicode]

Ariana Grande နဲ့ လမ်းခွဲပြီးတည်းက ငြိမ်သက်နေမှုကို ဖြိုခွဲလိုက်တဲ့ Pete Davidson

Ariana Grande နဲ့ Pete Davidson တို့ နှစ်ယောက်ဟာ လမ်းခွဲပြီးတည်းက နှစ်ဘက်စလုံး ငြိမ်သက်နေခဲ့ပေမယ့် အခုတော့ Pete ဘက်ကနေ ဒီ ငြိမ်သက်မှုကို ဖြိုခွဲခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ လမ်းခွဲခဲ့ရတဲ့ အကြောင်းကို ဟာသတောင် လုပ်ခဲ့ပါသေးတယ်။

အသက် ၂၄ နှစ် ရှိပြီ ဖြစ်တဲ့ Pete နဲ့ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ Ariana တို့ဟာ လမ်းခွဲပြတ်စဲခဲ့ကြပြီး စေ့စပ်ကြောင်းလမ်းမှုကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ညမှာတော့ Pete ဟာ Judd & Pete for America Comedy Show အတွက် ပူးတွဲအစီအစဉ်တင်ဆက်သူအနေနဲ့ စင်ပေါ် ပြန်တက်လာခဲ့ပြီး လူအုပ်ကြီးကို “တစ်ယောက်ယောက်များ အခန်းငှားဖို့ ရှိလား၊ ဒါမှမဟုတ် Roommate လိုနေတာများရှိလား” ဆိုပြီး အရွှန်းဖောက်ခဲ့တာပါ။

ဘာလို့လဲဆိုတော့ Pete နဲ့ Ariana ကြိုက်နေတုန်းက Ariana Grande ဟာ နယူးယောက်မြို့မှာ ဒေါ်လာ ၁၆ သန်းတန် တိုက်ခန်းကို သူနဲ့ Pete အတွက် ဝယ်ထားခဲ့ပါတယ်။ အခုတော့ Pete ဟာ မိသားစုနဲ့ အတူပြန်နေနေပြီး ပြတ်စဲအပြီးမှာ အေးဆေးပဲ ဖြစ်နေကာ မိသားစုနဲ့ သူငယ်ချင်းတွေကလည်း သူ့ကို ပျော်အောင် ထားနေကြပါတယ်။

ဒါတင်မဟုတ်ဘဲ သူနဲ့ Ariana တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်အမှတ်တရအနေနဲ့ ထိုးထားတဲ့ တက်တူးကိုလည်း Cover ပြန်လုပ်နေကြောင်း ပြောခဲ့ပါသေးတယ်။ Pete နဲ့ Ariana ဟာ Couple Tattoo တွေရော၊ အမှတ်တရ တက်တူးတွေရော တူတူရှိတုန်းက ထိုးခဲ့ကြတာပါ။ Ariana ဟာ Pete နဲ့ ပြတ်စဲပြီး ပထမဆုံး လူရှေ့ထွက်တဲ့အချိန်မှာ သူ့ရဲ့ တက်တူးပေါ်မှာ ပလာစတာတစ်ခုကပ်ပြီး ဖုံးလာခဲ့ပါတယ်။

Mac Miller နဲ့ Ariana Grande

Mac Miller နဲ့ Ariana Grande

ဒါတင်မဟုတ်ဘဲ Ariana ဟာ အင်တာနက်မသုံးဘဲ ခဏနေမယ်လို့ ကြေညာထားခဲ့ပြီး သူ့ရဲ့ ရည်းစားဟောင်းဖြစ်တဲ့ Mac Miller တစ်ယောက် စက်တင်ဘာလမှာ ဆေးလွန်ပြီး ဆုံးပါးသွားတည်းက တတ်နိုင်သမျှ Social Media နဲ့ ဝေးဝေးနေခဲ့တာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : eonline.com