[Zawgyi]

ယုံၾကည္ဖုိ႔ခက္ခဲတဲ့ ကမၻာ့အသက္ငယ္ဆုံးမိခင္ Lina Medina

“သီးခ်ိန္တန္ သီး၊ ပြင့္ခ်ိန္တန္ ပြင့္” ဆုိတဲ့စကားပုံဟာ အိမ္ေထာင္သားေမြးအလုပ္အတြက္ အခ်ိန္ကာလဆုိတာ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္တဲ့အေၾကာင္းတစ္ခုပါပဲ။ အေကြ႕အေကာက္မ်ားတဲ့ လူ႕ေလာကႀကီးမွာေတာ့ မျမင္ႏုိင္တဲ့ အတိတ္ကံၾကမၼာေတြေၾကာင့္ပဲ ထူးျခားဆန္းျပားတဲ့ျဖစ္ရပ္ေတြကုိ ေတြ႕ၾကံဳေနရတာပါ။ ဆန္းျပားတဲ့ျဖစ္ရပ္ေတြ အမ်ားႀကီးထဲကမွ ငါးႏွစ္အရြယ္မွာတင္ မိခင္ျဖစ္သြားတဲ့ ကမၻာ့အသက္ငယ္ဆုံးမိခင္ရဲ႕အေၾကာင္းကုိ ေဖာ္ျပခ်င္ပါတယ္။ အံ့ၾသသြားၿပီ ထင္ပါတယ္။ ငါးႏွစ္အရြယ္ဆုိတာက ေဆာ့လုိ႔ကစားလုိ႔ ေကာင္းတဲ့အရြယ္၊ ျမန္မာႏုိင္ငံမွာေတာ့ သူငယ္တန္းတက္တဲ့ အရြယ္ပဲရွိေသးတယ္။ မယုံမရွိနဲ႔ တကယ္။

Lina Medina ကုိ ပီရူးႏုိင္ငံ၊ ကက္စထရုိဗာေရးနားစီရင္စု (Castrovirreyna) ၊ တီကရာပုိခရုိင္ (Ticrapo) မွာရွိတဲ့ ရြာေလးတစ္ရြာမွာ ၁၉၃၃ခုႏွစ္ စက္တင္ဘာလ ၂၃ရက္မွာ ေမြးဖြားခဲ့တယ္။ မိဘႏွစ္ပါးကေတာ့ ပန္းထိမ္ဆရာ Tiburelo Medina နဲ႔  Victoria Losea ျဖစ္ၿပီး ဆင္းရဲတဲ့မိသားစုကေန ေမြးဖြားလာတာျဖစ္ပါတယ္။ Lina Medina ဟာ ငါးႏွစ္အရြယ္မွာပဲ ဝမ္းဗုိက္ႀကီးက တျဖည္းျဖည္းစူထြက္လာတဲ့အတြက္ မိဘႏွစ္ပါးက အႀကိတ္ထြက္ေနတယ္ထင္ၿပီး  ေဆးရုံတင္ခဲ့တာ ျဖစ္ပါတယ္။ ဆရာဝန္ေတြ စမ္းသပ္လုိက္တဲ့အခါမွာေတာ့ ကုိယ္ဝန္၇လရွိၿပီဆုိတာ သိလုိက္ရပါတယ္။ ေဒါက္တာ Gerardo Lozada ကေတာ့ တျခားကြ်မ္းက်င္တဲ့ဆရာဝန္ေတြနဲ႔ ျပသဖုိ႔  ၿမိဳ႕ေတာ္လီမာ (Lima) ကုိေခၚသြားခဲ့ပါတယ္။

၁၉၃၃ခုႏွစ္ ေမလ ၁၄ရက္ေန႔ လင္နာ မီဒင္နာကုိ ခြဲစိပ္ေမြးဖြားလုိက္တဲ့အခါမွာ ေယာက္်ားေလးတစ္ေယာက္ကုိ ေမြးဖြားခဲ့ပါတယ္။ ခြဲစိပ္ေပးတဲ့ ေဒါက္တာGerardo Lozada ကုိ ေလးစားတဲ့အေနနဲ႔ သားနာမည္ကုိ Gerardo လုိ႔ ေပးခဲ့ပါတယ္။ ငါးႏွစ္အရြယ္မိခင္ကဖြားေပမယ့္ သားျဖစ္သူရဲ႕ ကုိယ္အေလးခ်ိန္က ၆ေပါင္ေတာင္ရွိပါတယ္။ မိခင္ျဖစ္တဲ့အခ်ိန္မွာ Lina Medina ဟာ ၅ႏွစ္၇လ၂၁ရက္သာ ရွိပါေသးတယ္။ ကမၻာ့ေဆးသိပၸံေလာကမွာ အသက္အငယ္ဆုံးမိခင္ျဖစ္လာခဲ့ပါတယ္။ ခြဲစိပ္ေမြးဖြားလုိက္တဲ့အခါ သူမဟာ အပ်ိဳေဖာ္ဝင္ေစာလြန္းတဲ့အေျခအေန (Precocious Puberty) ျဖစ္ေနတာကုိ ေတြ႕လုိက္ရပါတယ္။ ရွစ္လကတည္းက ဓမၼတာစလာၿပီး တင္သားေတြဟာ ငါးႏွစ္သမီးကတည္းက စြင့္ကားေနတာျဖစ္ပါတယ္။ ေလးႏွစ္အရြယ္ကတည္းက ရင္သားဖြံ႕ၿဖိဳးေနၿပီး ႀကီးေကာင္ဝင္ေနၿပီျဖစ္ပါတယ္။

အာဏာပုိင္အဖြဲ႕အစည္းေတြက ကေလးသူငယ္လိင္ပုိင္းဆုိင္ရာအၾကမ္းဖက္မႈနဲ႔ ဖခင္ျဖစ္သူ Tiburelo Medina ကုိ အေရးယူခဲ့ေပမယ့္ တိက်ခုိင္လုံတဲ့ သက္ေသမရွိလုိ႔ ျပန္လႊတ္ခဲ့ပါတယ္။ ကေလးရဲ႕ ဖခင္အရင္းဘယ္သူလဲဆုိတဲ့ေမးခြန္းကုိ ေျဖဆုိဖုိ႔ Lina Medina က အျမဲတမ္းျငင္းဆုိခဲ့ပါတယ္။ Precocious Puberty လုိ႔သာသိရၿပီး ငါးႏွစ္အရြယ္ကေလးတစ္ေယာက္က ဘယ္လုိမိခင္ျဖစ္သြားတယ္ဆုိတာ တိက်ခုိင္လုံတဲ့ေျဖရွင္းခ်က္မ်ိဳး မေပးႏုိင္တာလည္း ၂ဝရာစုရဲ႕ေဆးပညာအားနည္းခ်က္တစ္ခုလား မေျပာတတ္ပါဘူး။ သားငယ္ေလး Gerardo ဟာ မိခင္ကုိ အမတစ္ေယာက္လုိ႔ ထင္ေနၿပီး အသက္ဆယ္ႏွစ္ေရာက္မွသာ သူ႕ရဲ႕အေမျဖစ္ေၾကာင္း သိခဲ့တာပါ။

Lina Medina ဟာ Raúl Jurado နဲ႔ လက္ထပ္ၿပီး ၁၉၇၂ႏွစ္မွာ ဒုတိယသားတစ္ေယာက္ကုိ ေမြးဖြားခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ပထမသား Gerardo ဟာ အသက္၃ဝေက်ာ္ေနပါၿပီ။ Gerardo ဟာ ၁၉၇၉ခုႏွစ္ အသက္၄ဝအရြယ္မွာ အရုိးေရာဂါနဲ႔ ေသဆုံးခဲ့ပါတယ္။ ကမၻာ့အသက္ငယ္ဆုံးမိခင္ Lina Medina ဟာ အခုအခ်ိန္မွာေတာ့ အသက္၈၄ႏွစ္ရွိၿပီး ပီရူးႏုိင္ငံမွာ သက္ရွိထင္ရွားရွိေနပါေသးတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ယုံကြည်ဖို့ခက်ခဲတဲ့ ကမ္ဘာ့အသက်ငယ်ဆုံးမိခင် Lina Medina

“သီးချိန်တန် သီး၊ ပွင့်ချိန်တန် ပွင့်” ဆိုတဲ့စကားပုံဟာ အိမ်ထောင်သားမွေးအလုပ်အတွက် အချိန်ကာလဆိုတာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်တဲ့အကြောင်းတစ်ခုပါပဲ။ အကွေ့အကောက်များတဲ့ လူ့လောကကြီးမှာတော့ မမြင်နိုင်တဲ့ အတိတ်ကံကြမ္မာတွေကြောင့်ပဲ ထူးခြားဆန်းပြားတဲ့ဖြစ်ရပ်တွေကို တွေ့ကြုံနေရတာပါ။ ဆန်းပြားတဲ့ဖြစ်ရပ်တွေ အများကြီးထဲကမှ ငါးနှစ်အရွယ်မှာတင် မိခင်ဖြစ်သွားတဲ့ ကမ္ဘာ့အသက်ငယ်ဆုံးမိခင်ရဲ့အကြောင်းကို ဖော်ပြချင်ပါတယ်။ အံ့သြသွားပြီ ထင်ပါတယ်။ ငါးနှစ်အရွယ်ဆိုတာက ဆော့လို့ကစားလို့ ကောင်းတဲ့အရွယ်၊ မြန်မာနိုင်ငံမှာတော့ သူငယ်တန်းတက်တဲ့ အရွယ်ပဲရှိသေးတယ်။ မယုံမရှိနဲ့ တကယ်။

Lina Medina ကို ပီရူးနိုင်ငံ၊ ကက်စထရိုဗာရေးနားစီရင်စု (Castrovirreyna) ၊ တီကရာပိုခရိုင် (Ticrapo) မှာရှိတဲ့ ရွာလေးတစ်ရွာမှာ ၁၉၃၃ခုနှစ် စက်တင်ဘာလ ၂၃ရက်မှာ မွေးဖွားခဲ့တယ်။ မိဘနှစ်ပါးကတော့ ပန်းထိမ်ဆရာ Tiburelo Medina နဲ့  Victoria Losea ဖြစ်ပြီး ဆင်းရဲတဲ့မိသားစုကနေ မွေးဖွားလာတာဖြစ်ပါတယ်။ Lina Medina ဟာ ငါးနှစ်အရွယ်မှာပဲ ဝမ်းဗိုက်ကြီးက တဖြည်းဖြည်းစူထွက်လာတဲ့အတွက် မိဘနှစ်ပါးက အကြိတ်ထွက်နေတယ်ထင်ပြီး  ဆေးရုံတင်ခဲ့တာ ဖြစ်ပါတယ်။ ဆရာဝန်တွေ စမ်းသပ်လိုက်တဲ့အခါမှာတော့ ကိုယ်ဝန်၇လရှိပြီဆိုတာ သိလိုက်ရပါတယ်။ ဒေါက်တာ Gerardo Lozada ကတော့ တခြားကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ ပြသဖို့  မြို့တော်လီမာ (Lima) ကိုခေါ်သွားခဲ့ပါတယ်။

၁၉၃၃ခုနှစ် မေလ ၁၄ရက်နေ့ လင်နာ မီဒင်နာကို ခွဲစိပ်မွေးဖွားလိုက်တဲ့အခါမှာ ယောက်ျားလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ ခွဲစိပ်ပေးတဲ့ ဒေါက်တာGerardo Lozada ကို လေးစားတဲ့အနေနဲ့ သားနာမည်ကို Gerardo လို့ ပေးခဲ့ပါတယ်။ ငါးနှစ်အရွယ်မိခင်ကဖွားပေမယ့် သားဖြစ်သူရဲ့ ကိုယ်အလေးချိန်က ၆ပေါင်တောင်ရှိပါတယ်။ မိခင်ဖြစ်တဲ့အချိန်မှာ Lina Medina ဟာ ၅နှစ်၇လ၂၁ရက်သာ ရှိပါသေးတယ်။ ကမ္ဘာ့ဆေးသိပ္ပံလောကမှာ အသက်အငယ်ဆုံးမိခင်ဖြစ်လာခဲ့ပါတယ်။ ခွဲစိပ်မွေးဖွားလိုက်တဲ့အခါ သူမဟာ အပျိုဖော်ဝင်စောလွန်းတဲ့အခြေအနေ (Precocious Puberty) ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ရှစ်လကတည်းက ဓမ္မတာစလာပြီး တင်သားတွေဟာ ငါးနှစ်သမီးကတည်းက စွင့်ကားနေတာဖြစ်ပါတယ်။ လေးနှစ်အရွယ်ကတည်းက ရင်သားဖွံ့ဖြိုးနေပြီး ကြီးကောင်ဝင်နေပြီဖြစ်ပါတယ်။

အာဏာပိုင်အဖွဲ့အစည်းတွေက ကလေးသူငယ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ဖခင်ဖြစ်သူ Tiburelo Medina ကို အရေးယူခဲ့ပေမယ့် တိကျခိုင်လုံတဲ့ သက်သေမရှိလို့ ပြန်လွှတ်ခဲ့ပါတယ်။ ကလေးရဲ့ ဖခင်အရင်းဘယ်သူလဲဆိုတဲ့မေးခွန်းကို ဖြေဆိုဖို့ Lina Medina က အမြဲတမ်းငြင်းဆိုခဲ့ပါတယ်။ Precocious Puberty လို့သာသိရပြီး ငါးနှစ်အရွယ်ကလေးတစ်ယောက်က ဘယ်လိုမိခင်ဖြစ်သွားတယ်ဆိုတာ တိကျခိုင်လုံတဲ့ဖြေရှင်းချက်မျိုး မပေးနိုင်တာလည်း ၂ဝရာစုရဲ့ဆေးပညာအားနည်းချက်တစ်ခုလား မပြောတတ်ပါဘူး။ သားငယ်လေး Gerardo ဟာ မိခင်ကို အမတစ်ယောက်လို့ ထင်နေပြီး အသက်ဆယ်နှစ်ရောက်မှသာ သူ့ရဲ့အမေဖြစ်ကြောင်း သိခဲ့တာပါ။

Lina Medina ဟာ Raúl Jurado နဲ့ လက်ထပ်ပြီး ၁၉၇၂နှစ်မှာ ဒုတိယသားတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ပထမသား Gerardo ဟာ အသက်၃ဝကျော်နေပါပြီ။ Gerardo ဟာ ၁၉၇၉ခုနှစ် အသက်၄ဝအရွယ်မှာ အရိုးရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ ကမ္ဘာ့အသက်ငယ်ဆုံးမိခင် Lina Medina ဟာ အခုအချိန်မှာတော့ အသက်၈၄နှစ်ရှိပြီး ပီရူးနိုင်ငံမှာ သက်ရှိထင်ရှားရှိနေပါသေးတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com