This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ပီရူးကို အႏိုင္ကစားၿပီး အဖိုးတန္ (၃)မွတ္ ရရွိခဲ့တဲ့ ဒိန္းမတ္အသင္း

ဒီေန႔ပြဲစဥ္မွာ မျဖစ္မေန ခ်ီးက်ဴးသြားရမယ့္ ကစားသမားကေတာ့ ဒိန္းမတ္အသင္းရဲ႕ ဂိုးသမား ကတ္စ္ပါရွမိုက္ကယ္ပါပဲ။ ပီရူးအသင္းရဲ႕ အပိုင္ကန္ခ််က္ေတြကို အံ့အားသင့္ဖြယ္ လက္စြမ္းေတြနဲ႔ ကာကြယ္ေပးခဲ့ၿပီး အသင္းအတြက္ အဖိုးတန္ (၃)မွတ္ ရရွိေအာင္ အဓိက ေနရာကေန စြမ္းေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ ႏွစ္သင္းစလံုးရဲ႕ တိုက္စစ္ဖြင့္ ကစားမႈေၾကာင့္ ပြဲေကာင္းတစ္ပြဲ ျဖစ္ခဲ့ၿပီး အျပန္အလွန္ ထိုးေဖာက္မႈေတြနဲ႔ ပြဲေကာင္းတစ္ပြဲ ရသကို ေပးစြမ္းႏုိင္ခဲ့ပါတယ္။ ႏွစ္သင္းစလံုးရဲ႕ ဂိုးသမားေတြကေတာ့ မျဖစ္မေန ခ်ီးက်ဴးသြားရမယ့္ ကစားသမားေတြျဖစ္ၿပီး အေကာင္းဆံုး လက္စြမ္းေတြကို ျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။

Denmark-break-the-deadlock-with-a-smart-finish-from-Yussuf-Yurary

Denmark-break-the-deadlock-with-a-smart-finish-from-Yussuf-Yurary

ပထမပိုင္းမွာ ဒိန္းမတ္အသင္းက ေဘာလံုးပိုင္ဆိုင္မႈ အနည္းငယ္ အသာစီးယူခဲ့ေပမယ့္ ဂိုးေပါက္ၿခိမ္းေျခာက္မႈ အပိုင္းမွာေတာ့ ပီရူးအသင္းက ပိုမိုအသာရခဲ့ပါတယ္။ ပထမပိုင္း နာက်င္အခ်ိန္ပိုအေရာက္မွာေတာ့ ပီရူးကြင္းလယ္လူ ကြီဗာကို ဒိန္းမတ္တိုက္စစ္မွဴး ယူဆက္ဖ္ေပၚလ္ဆင္ ပယ္နယ္တီဧရိယာအတြင္း ျပစ္ဒဏ္က်ဴးလြန္ခဲ့လို႔ ပီရူးအသင္း ပယ္နယ္တီကန္ခြင့္ ရရွိခဲ့ပါတယ္။ ဒီပယ္နယ္တီကို ပီရူးကြင္းလယ္လူ ကြီဗာကိုယ္တိုင္ ကန္သြင္းခဲ့ေပမယ့္ သူ႔ရဲ႕ ကန္ခ်က္က ဂိုးဘားေပၚ ေက်ာ္သြားခဲ့လို႔ ဦးေဆာင္ဂိုး ရရွိမယ့္ အခြင့္အေရးနဲ႔ လြဲေခာ်္ခဲ့တာ ျဖစ္ပါတယ္။ ပီရူးအသင္း ရရွိခဲ့တဲ့ ပယ္နယ္တီျဖစ္ရပ္မွာလည္း ကြင္းလယ္ဒုိင္က VAR စနစ္ကို အသံုးျပဳခဲ့ရပါတယ္။ ပထမပိုင္းၿပီးဆံုးခ်ိန္မွာေတာ့ ပီရူးအသင္းရဲ႕ ပယ္နယ္တီလဲြေခ်ာ္မႈနဲ႔အတူ တစ္ဖက္နဲ႔ တစ္ဖက္ ဂိုးသြင္းယူႏိုင္ျခင္းမရွိဘဲ ဂိုးမရွိသေရနဲ႔ ၿပီးဆံုးခဲ့ပါတယ္။

Peru-midfielder-Cueva-miss-panelty

Peru-midfielder-Cueva-miss-panelty

ပထမပိုင္း နာက်င္အခ်ိန္ပိုမွာ ရရွိခဲ့တဲ့ ပယ္နယ္တီကေန ဂိုးအျဖစ္မေျပာင္းလဲႏိုင္ခဲ့တာက ပီရူးအသင္းအတြက္ အလွည့္အေျပာင္း တစ္ခုလို ျဖစ္ခဲ့ပါတယ္။ ပြဲကစားခ်ိန္ (၅၉)မိနစ္ အေရာက္မွာေတာ့ ဒိန္းမတ္အသင္းအတြက္ တစ္လံုးတည္းေသာ အႏုိင္ဂိုးကို ရရွိခဲ့ပါတယ္။ ကြင္းလယ္လူ အဲရစ္ဆင္ရဲ႕ အကြက္ျမင္ျမင္ ဖန္တီးေပးမႈကို ေရွ႕မွာရွိတဲ့ ယူဆက္ဖ္ေပၚလ္ဆင္က ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေနအထားမွာ ညာဘက္ေထာင့္က်ဥ္းကို အနိမ္႔ေဘာကန္သြင္းၿပီး ရယူေပးခဲ့တာ ျဖစ္ပါတယ္။ လက္က်န္ ပြဲကစားခ်ိန္ေတြမွာေတာ့ ဒိန္းမတ္အသင္း အႏိုင္ရလဒ္ ထိန္းဖို႔အတြက္ ခံစစ္ကို အားျပဳခဲ့လို႔ ေခ်ပဂိုး ရရွိဖို႔ လိုအပ္ေနတဲ့ ပီရူးအသင္း ထိေရာက္တဲ့ ထိုးေဖာက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ ဂိုးသမား ကတ္စ္ပါရွမိုက္ကယ္ရဲ႕ လက္စြမ္းျပ ကာကြယ္မႈေတြေၾကာင့္ ရံႈးပြဲနဲ႔ ႀကံဳေတြ႔ခဲ့ရတာ ျဖစ္ပါတယ္။ ဒီပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ဒိန္းမတ္အသင္းအတြက္ တစ္လံုးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တဲ့ ယူဆက္ဖ္ေပၚလ္ဆင္က ရရွိခဲ့ပါတယ္။ ပီရူးအသင္းကို အႏုိင္ရခဲ့တဲ့ ဒိန္းမတ္အသင္းကေတာ့ အဖိုးတန္ ရမွတ္ (၃)မွတ္ကို ရယူႏိုင္ခဲ့တာျဖစ္ၿပီး ေတာင္အေမရိကအသင္းေတြနဲ႔ ရင္ဆိုင္တိုင္း ရလဒ္ေကာင္းေလ့ရွိတဲ့ အစဥ္အလာကို ဆက္ထိန္းႏိုင္ခဲ့ပါတယ္။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပီရူးကို အနိုင်ကစားပြီး အဖိုးတန် (၃)မှတ် ရရှိခဲ့တဲ့ ဒိန်းမတ်အသင်း

ဒီနေ့ပွဲစဉ်မှာ မဖြစ်မနေ ချီးကျူးသွားရမယ့် ကစားသမားကတော့ ဒိန်းမတ်အသင်းရဲ့ ဂိုးသမား ကတ်စ်ပါရှမိုက်ကယ်ပါပဲ။ ပီရူးအသင်းရဲ့ အပိုင်ကန်ချျက်တွေကို အံ့အားသင့်ဖွယ် လက်စွမ်းတွေနဲ့ ကာကွယ်ပေးခဲ့ပြီး အသင်းအတွက် အဖိုးတန် (၃)မှတ် ရရှိအောင် အဓိက နေရာကနေ စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။ နှစ်သင်းစလုံးရဲ့ တိုက်စစ်ဖွင့် ကစားမှုကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ပွဲကောင်းတစ်ပွဲ ရသကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံးရဲ့ ဂိုးသမားတွေကတော့ မဖြစ်မနေ ချီးကျူးသွားရမယ့် ကစားသမားတွေဖြစ်ပြီး အကောင်းဆုံး လက်စွမ်းတွေကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

Denmark-break-the-deadlock-with-a-smart-finish-from-Yussuf-Yurary

Denmark-break-the-deadlock-with-a-smart-finish-from-Yussuf-Yurary

ပထမပိုင်းမှာ ဒိန်းမတ်အသင်းက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးယူခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှု အပိုင်းမှာတော့ ပီရူးအသင်းက ပိုမိုအသာရခဲ့ပါတယ်။ ပထမပိုင်း နာကျင်အချိန်ပိုအရောက်မှာတော့ ပီရူးကွင်းလယ်လူ ကွီဗာကို ဒိန်းမတ်တိုက်စစ်မှူး ယူဆက်ဖ်ပေါ်လ်ဆင် ပယ်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ပီရူးအသင်း ပယ်နယ်တီကန်ခွင့် ရရှိခဲ့ပါတယ်။ ဒီပယ်နယ်တီကို ပီရူးကွင်းလယ်လူ ကွီဗာကိုယ်တိုင် ကန်သွင်းခဲ့ပေမယ့် သူ့ရဲ့ ကန်ချက်က ဂိုးဘားပေါ် ကျော်သွားခဲ့လို့ ဦးဆောင်ဂိုး ရရှိမယ့် အခွင့်အရေးနဲ့ လွဲခောျ်ခဲ့တာ ဖြစ်ပါတယ်။ ပီရူးအသင်း ရရှိခဲ့တဲ့ ပယ်နယ်တီဖြစ်ရပ်မှာလည်း ကွင်းလယ်ဒိုင်က VAR စနစ်ကို အသုံးပြုခဲ့ရပါတယ်။ ပထမပိုင်းပြီးဆုံးချိန်မှာတော့ ပီရူးအသင်းရဲ့ ပယ်နယ်တီလွဲချော်မှုနဲ့အတူ တစ်ဖက်နဲ့ တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

Peru-midfielder-Cueva-miss-panelty

Peru-midfielder-Cueva-miss-panelty

ပထမပိုင်း နာကျင်အချိန်ပိုမှာ ရရှိခဲ့တဲ့ ပယ်နယ်တီကနေ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာက ပီရူးအသင်းအတွက် အလှည့်အပြောင်း တစ်ခုလို ဖြစ်ခဲ့ပါတယ်။ ပွဲကစားချိန် (၅၉)မိနစ် အရောက်မှာတော့ ဒိန်းမတ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိခဲ့ပါတယ်။ ကွင်းလယ်လူ အဲရစ်ဆင်ရဲ့ အကွက်မြင်မြင် ဖန်တီးပေးမှုကို ရှေ့မှာရှိတဲ့ ယူဆက်ဖ်ပေါ်လ်ဆင်က ဂိုးသမားနဲ့ တစ်ဦးချင်းအနေအထားမှာ ညာဘက်ထောင့်ကျဉ်းကို အနိမ့်ဘောကန်သွင်းပြီး ရယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် ပွဲကစားချိန်တွေမှာတော့ ဒိန်းမတ်အသင်း အနိုင်ရလဒ် ထိန်းဖို့အတွက် ခံစစ်ကို အားပြုခဲ့လို့ ချေပဂိုး ရရှိဖို့ လိုအပ်နေတဲ့ ပီရူးအသင်း ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးသမား ကတ်စ်ပါရှမိုက်ကယ်ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ဒိန်းမတ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ယူဆက်ဖ်ပေါ်လ်ဆင်က ရရှိခဲ့ပါတယ်။ ပီရူးအသင်းကို အနိုင်ရခဲ့တဲ့ ဒိန်းမတ်အသင်းကတော့ အဖိုးတန် ရမှတ် (၃)မှတ်ကို ရယူနိုင်ခဲ့တာဖြစ်ပြီး တောင်အမေရိကအသင်းတွေနဲ့ ရင်ဆိုင်တိုင်း ရလဒ်ကောင်းလေ့ရှိတဲ့ အစဉ်အလာကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com