This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေတာင္အေမရိကဇုန္ ေျခစစ္ပြဲမွာ ျပသခဲ့တဲ့ ေျခစြမ္းပိုင္းအရ ေလ်ာ႔တြက္လို႔မရတဲ့ ပီရူးအသင္း

ပီရုးအသင္း
၁၉၃၀ ကေန ၁၉၇၀ ေက်ာ္ ကာလေတြအထိ ေအာင္ျမင္မႈေတြ ရရွိခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ေျခစြမ္းပိုင္း က်ဆင္းလာမႈနဲ႔အတူ ေဘာလံုးေလာကရဲ႕ အေမ႔ေလ်ာ႔ခံအသင္း ျဖစ္ခဲ့ပါတယ္။ ေဘာလံုးရင္းျမစ္ ၾကြယ္ဝတဲ့ ေတာင္အေမရိကတိုက္ ကိုယ္စားျပဳ အသင္းျဖစ္ၿပီး ႏိုင္ငံအလံေပၚက အေရာင္အတိုင္း အျဖဴေပၚမွာ ကန္႔လန္႔ျဖတ္ ဒီဇိုင္းေရးဆြဲထားတဲ့ ဂ်ာစီကို ၁၉၃၆ ခုႏွစ္ကစလို႔ အခုအခ်ိန္အထိ ဝတ္ဆင္ ကစားတဲ့ အသင္းအျဖစ္ လူသိမ်ားခဲ့ပါတယ္။ ဆိုေတးလ္၊ ဒူယာေတးလ္၊ ကူဘီလက္စ္နဲ႔ ခ်န္မ္ပီတက္ဇ္တို႔ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ၁၉၇၀ ဝန္းက်င္ ကာလက ပီရူးတို႔အတြက္ ေရႊေရာင္လႊမ္းခဲ့တဲ့ ကာလျဖစ္ခဲ့ပါတယ္။ ၁၉၇၅ ကိုပါအေမရိကၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့သလို ဆီမီးဖိုင္နယ္အဆင့္ကို (၃)ႀကိမ္ဆက္ တက္ေရာက္ႏိုင္ခဲ့ပါတယ္။ အသင္းကို ၂၀၁၅ ခုႏွစ္က စတင္ တာဝန္ယူခဲ့တဲ့ နည္းျပ ဂါရီကာ လက္ထက္မွာ အသင္း စြမ္းေဆာင္ရည္ေတြက အျမင့္ဆံုးအေနအထားကို ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။ ၂၀၁၅ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ တတိယေနရာအထိ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါသလို ၁၉၈၂ ေနာက္ပိုင္း (၃၆)ႏွစ္ၾကာ ေဝးကြာေနတဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲကို တစ္ေက်ာ႔ျပန္ ယွဥ္ၿပိဳင္ခြင့္ရေအာင္ စြမ္းေဆာင္ ေပးႏိုင္ခဲ့ပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ေဝးကြာခဲ့တဲ့ ပီရူးအသင္းရဲ႕ ကမၻာ႔ဖလား အိပ္မက္ကို တစ္ေက်ာ႔ျပန္ မက္ခြင့္ရေအာင္ စြမ္းေဆာင္ ေပးႏိုင္ခဲ့သလို ရုရွားေျမေပၚမွာလည္း ဘယ္လို စြမ္းေဆာင္မႈေတြ လုပ္ျပႏိုင္မလဲဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။

1975-Copa-America-Champion-Peru

1975-Copa-America-Champion-Peru

ကမၻာ႔ဖလားသမိုင္းေၾကာင္း
သမိုင္းတစ္ေလွ်ာက္ (၄)ႀကိမ္ ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ ရရွိခဲ့ၿပီး ၁၉၃၀၊ ၁၉၇၀၊ ၁၉၇၈ နဲ႔ ၁၉၈၂ ၿပိဳင္ပြဲေတြမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့တာ ျဖစ္ပါတယ္။ ၁၉၇၀ ၿပိဳင္ပြဲနဲ႔ ၁၉၇၈ ၿပိဳင္ပြဲေတြမွာ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ေပမယ့္ က်န္ (၂)ႀကိမ္မွာေတာ့ အုပ္စု အဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။ အသင္းရဲ႕ ေရႊေရာင္ မ်ိဳးဆက္ ကစားသမားေတြ ဦးေဆာင္မႈနဲ႔အတူ ၁၉၇၀ ၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ေပမယ့္ အဲဒီၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ နာမည္ႀကီး ဘရာဇီးလ္အသင္းကို (၄-၂)ဂိုးနဲ႔ ရံႈးနိမ္႔ခဲ့တာ ျဖစ္ပါတယ္။ ဒီမွတ္တမ္းကပဲ ပီရူးအသင္းရဲ႕ ကမၻာ႔ဖလားၿပိဳင္ပြဲ အေကာင္းဆံုး စြမ္းေဆာင္ရည္ျဖစ္ခဲ့ပါတယ္။ ၁၉၇၈ ၿပိဳင္ပြဲမွာ အုပ္စုအဆင့္ကို ေနာက္တစ္ႀကိမ္ ေက်ာ္ျဖတ္ႏိုင္ခဲ့ေပမယ့္ ဒုတိယအဆင့္ကေန လွည့္ျပန္ ခဲ့ရပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲကို ေနာက္ဆံုးအႀကိမ္အျဖစ္ ပါဝင္ ယွဥ္ၿပိဳင္ခဲ့တဲ့ ၁၉၈၂ ၿပိဳင္ပြဲမွာေတာ့ အုပ္စုအဆင့္ကေန လွည့္ျပန္ခဲ့ရပါတယ္။

ကမၻာ႔ဖလားေျခစစ္ပြဲ ျဖတ္သန္းခဲ့မႈ
ေျခစစ္ပြဲ တစ္ေလွ်ာက္ အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြကို ျပသကာ ေတာင္အေမရိကတိုက္ရဲ႕ နာမည္ႀကီး အသင္းေတြျဖစ္တဲ့ ခ်ီလီ၊ ပါရာေဂြး၊ အီေကြေဒါအသင္းေတြကို ေက်ာ္ျဖတ္ကာ Play-Off ကစားခြင့္ တစ္ေနရာကို ရရွိခဲ့ပါတယ္။ ေျခစစ္ပြဲ အေစာပိုင္း ကာလေတြမွာ ရုန္းကန္ခဲ့ရၿပီး (၆)ပြဲကစားၿပီးတဲ့ အခ်ိန္မွာ (၄)ပြဲအထိ ရံႈးနိမ့္ခဲ့ၿပီး ႏိုင္ပြဲ (၁)ပြဲသာ ရယူႏိုင္ခဲ့ပါတယ္။ ေနာက္ပိုင္း ပြဲစဥ္ေတြမွာေတာ့ ပီရူးအသင္းရဲ႕ အေကာင္းဆံုး ပံုစံေတြကို ျမင္ေတြ႔ခဲ့ရၿပီး လက္က်န္ (၁၂)ပြဲမွာ ခ်ီလီ၊ ဘရာဇီးလ္အသင္းေတြကိုသာ ရံႈးနိမ့္ခဲ့ၿပီး က်န္ပြဲစဥ္ေတြမွာ ရလဒ္ေကာင္းေတြ ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ေတာင္အေမရိကဇုန္က ကမၻာ႔ဖလားဝင္ခြင့္ခြဲတမ္း (၄.၅)ေနရာသာ ရရွိထားလို႔ အဆင့္ (၅)ေနရာမွာ ရပ္တည္ခဲ့တဲ့ ပီရူးအသင္း သမုဒၵရာပိုင္းဇုန္က နယူးဇီလန္အသင္းနဲ႔ Play-Off ကစားခဲ့ရပါတယ္။ နယူးဇီလန္အသင္းနဲ႔ မကစားခင္ အသင္းေခါင္းေဆာင္ ဂြါရဲရိုး ကာလရွည္ ပြဲပယ္ခံခဲ့ရလို႔ မပါဝင္ႏိုင္ခဲ့ေပမယ့္ ႏွစ္ေက်ာ႔ေပါင္း (၂-၀)ဂိုးနဲ႔ အႏိုင္ကစားကာ ရုရွားေျမအတြက္ လက္မွတ္တစ္ေစာင္ ရရွိခဲ့ပါတယ္။

Peru-midfielder-Renato-Tapia

Peru-midfielder-Renato-Tapia

ေစာင့္ၾကည့္ရမယ့္ ကစားသမားမ်ား
ေတာင္အေမရိကတိုက္က ကလပ္အသင္းေတြမွာ ကစားေနတဲ့ ကစားသမားအမ်ားစု အၿပီးသတ္ လူစာရင္းမွာ ပါဝင္လာခဲ့ၿပီး ကာလရွည္ ပြဲပယ္ခံခဲ့ရတဲ့ အသင္းေခါင္းေဆာင္ ဝါရင့္တိုက္စစ္မွဴး ဂြါရဲရိုးရဲ႕ ပြဲပယ္ျပစ္ဒဏ္ကို ဖီဖာက ျပန္လည္ ပယ္ဖ်က္ေပးခဲ့လို႔ အဓိက ကစားသမားအျဖစ္ အသင္းကို ဦးေဆာင္လာခဲ့ပါတယ္။ အသက္အရြယ္ပိုင္းအရ အေကာင္းဆံုး အခ်ိန္ကာလကို ေရာက္ေနတဲ့ ကစားသမား အမ်ားစု အၿပီးသတ္ လူစာရင္းမွာ ပါဝင္လာခဲ့ၿပီး ႏိုင္ငံလက္ေရြးစင္အသင္းမွာ ကာလရွည္ လက္တြဲလာတဲ့ ကစားသမားေတြျဖစ္လို႔ အသင္းစုစည္းမႈ အပိုင္းက အေကာင္းဆံုး အခ်ိန္ကို ေရာက္ရွိေနတဲ့ အသင္းျဖစ္ပါတယ္။ အၿပီးသတ္ (၂၃)ဦးစာရင္းမွာ အသက္အငယ္ဆံုး ကစားသမားအျဖစ္ ပါဝင္လာခဲ့တဲ့ ဖီယင္ႏု ကြင္းလယ္လူ ရီနာတိုတာပီယာကေတာ့ ေစာင့္ၾကည့္သြားရမယ့္ ကစားသမား တစ္ဦးျဖစ္ပါတယ္။ အသက္ (၂၂)ႏွစ္သာ ရွိေသးတဲ့ လူငယ္ ကြင္းလယ္လူ တစ္ဦးျဖစ္ေပမယ့္ ကလပ္အသင္းမွာ ေျခစြမ္းျပ ကစားေနသလို ႏိုင္ငံလက္ေရြးစင္ အသင္းမွာလည္း ဝါရင့္ ကြင္းလယ္လူေတြကို ေက်ာ္ျဖတ္ၿပီး ပံုမွန္ ပြဲထြက္ခြင့္ ရေနတဲ့ ကစားသမား ျဖစ္ပါတယ္။ ခႏၶာကိုယ္ ႀကံ့ခိုင္မႈ ေကာင္းမြန္သလို အရပ္အေမာင္းအားျဖင့္ ျမင့္မားတဲ့ ကစားသမား တစ္ဦးျဖစ္ေနၿပီး တြန္းတြန္းတိုက္တိုက္ ကစားတက္တဲ့ ကစားသမား တစ္ဦးျဖစ္ပါတယ္။ ကြင္းလယ္ ကစားသမား တစ္ဦးျဖစ္ေပမယ့္ လိုအပ္လာရင္ ေနာက္ခံအတြင္းလူအျဖစ္ေကာ ေနာက္တန္းညာအစြန္လူအျဖစ္ပါ ကစားႏိုင္လို႔ နည္းျပ ဂါရီကာရဲ႕ ယံုၾကည္မႈကို အျပည့္အဝ ရရွိထားတဲ့ ကစားသမား ျဖစ္ပါတယ္။

REF:Wikipedia
Photo:AméricaTeve, Depor.com, peru.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

တောင်အမေရိကဇုန် ခြေစစ်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းပိုင်းအရ လျော့တွက်လို့မရတဲ့ ပီရူးအသင်း

ပီရုးအသင်း
၁၉၃၀ ကနေ ၁၉၇၀ ကျော် ကာလတွေအထိ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခြေစွမ်းပိုင်း ကျဆင်းလာမှုနဲ့အတူ ဘောလုံးလောကရဲ့ အမေ့လျော့ခံအသင်း ဖြစ်ခဲ့ပါတယ်။ ဘောလုံးရင်းမြစ် ကြွယ်ဝတဲ့ တောင်အမေရိကတိုက် ကိုယ်စားပြု အသင်းဖြစ်ပြီး နိုင်ငံအလံပေါ်က အရောင်အတိုင်း အဖြူပေါ်မှာ ကန့်လန့်ဖြတ် ဒီဇိုင်းရေးဆွဲထားတဲ့ ဂျာစီကို ၁၉၃၆ ခုနှစ်ကစလို့ အခုအချိန်အထိ ဝတ်ဆင် ကစားတဲ့ အသင်းအဖြစ် လူသိများခဲ့ပါတယ်။ ဆိုတေးလ်၊ ဒူယာတေးလ်၊ ကူဘီလက်စ်နဲ့ ချန်မ်ပီတက်ဇ်တို့ရဲ့ ဦးဆောင်မှုနဲ့အတူ ၁၉၇၀ ဝန်းကျင် ကာလက ပီရူးတို့အတွက် ရွှေရောင်လွှမ်းခဲ့တဲ့ ကာလဖြစ်ခဲ့ပါတယ်။ ၁၉၇၅ ကိုပါအမေရိကပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့သလို ဆီမီးဖိုင်နယ်အဆင့်ကို (၃)ကြိမ်ဆက် တက်ရောက်နိုင်ခဲ့ပါတယ်။ အသင်းကို ၂၀၁၅ ခုနှစ်က စတင် တာဝန်ယူခဲ့တဲ့ နည်းပြ ဂါရီကာ လက်ထက်မှာ အသင်း စွမ်းဆောင်ရည်တွေက အမြင့်ဆုံးအနေအထားကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ၂၀၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ တတိယနေရာအထိ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါသလို ၁၉၈၂ နောက်ပိုင်း (၃၆)နှစ်ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ကျော့ပြန် ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ဝေးကွာခဲ့တဲ့ ပီရူးအသင်းရဲ့ ကမ္ဘာ့ဖလား အိပ်မက်ကို တစ်ကျော့ပြန် မက်ခွင့်ရအောင် စွမ်းဆောင် ပေးနိုင်ခဲ့သလို ရုရှားမြေပေါ်မှာလည်း ဘယ်လို စွမ်းဆောင်မှုတွေ လုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

1975-Copa-America-Champion-Peru

1975-Copa-America-Champion-Peru

ကမ္ဘာ့ဖလားသမိုင်းကြောင်း
သမိုင်းတစ်လျှောက် (၄)ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး ၁၉၃၀၊ ၁၉၇၀၊ ၁၉၇၈ နဲ့ ၁၉၈၂ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၀ ပြိုင်ပွဲနဲ့ ၁၉၇၈ ပြိုင်ပွဲတွေမှာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ကျန် (၂)ကြိမ်မှာတော့ အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အသင်းရဲ့ ရွှေရောင် မျိုးဆက် ကစားသမားတွေ ဦးဆောင်မှုနဲ့အတူ ၁၉၇၀ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် အဲဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ နာမည်ကြီး ဘရာဇီးလ်အသင်းကို (၄-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီမှတ်တမ်းကပဲ ပီရူးအသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အကောင်းဆုံး စွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။ ၁၉၇၈ ပြိုင်ပွဲမှာ အုပ်စုအဆင့်ကို နောက်တစ်ကြိမ် ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဒုတိယအဆင့်ကနေ လှည့်ပြန် ခဲ့ရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဆုံးအကြိမ်အဖြစ် ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ ၁၉၈၂ ပြိုင်ပွဲမှာတော့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြတ်သန်းခဲ့မှု
ခြေစစ်ပွဲ တစ်လျှောက် အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသကာ တောင်အမေရိကတိုက်ရဲ့ နာမည်ကြီး အသင်းတွေဖြစ်တဲ့ ချီလီ၊ ပါရာဂွေး၊ အီကွေဒေါအသင်းတွေကို ကျော်ဖြတ်ကာ Play-Off ကစားခွင့် တစ်နေရာကို ရရှိခဲ့ပါတယ်။ ခြေစစ်ပွဲ အစောပိုင်း ကာလတွေမှာ ရုန်းကန်ခဲ့ရပြီး (၆)ပွဲကစားပြီးတဲ့ အချိန်မှာ (၄)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး နိုင်ပွဲ (၁)ပွဲသာ ရယူနိုင်ခဲ့ပါတယ်။ နောက်ပိုင်း ပွဲစဉ်တွေမှာတော့ ပီရူးအသင်းရဲ့ အကောင်းဆုံး ပုံစံတွေကို မြင်တွေ့ခဲ့ရပြီး လက်ကျန် (၁၂)ပွဲမှာ ချီလီ၊ ဘရာဇီးလ်အသင်းတွေကိုသာ ရှုံးနိမ့်ခဲ့ပြီး ကျန်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ တောင်အမေရိကဇုန်က ကမ္ဘာ့ဖလားဝင်ခွင့်ခွဲတမ်း (၄.၅)နေရာသာ ရရှိထားလို့ အဆင့် (၅)နေရာမှာ ရပ်တည်ခဲ့တဲ့ ပီရူးအသင်း သမုဒ္ဒရာပိုင်းဇုန်က နယူးဇီလန်အသင်းနဲ့ Play-Off ကစားခဲ့ရပါတယ်။ နယူးဇီလန်အသင်းနဲ့ မကစားခင် အသင်းခေါင်းဆောင် ဂွါရဲရိုး ကာလရှည် ပွဲပယ်ခံခဲ့ရလို့ မပါဝင်နိုင်ခဲ့ပေမယ့် နှစ်ကျော့ပေါင်း (၂-ဝ)ဂိုးနဲ့ အနိုင်ကစားကာ ရုရှားမြေအတွက် လက်မှတ်တစ်စောင် ရရှိခဲ့ပါတယ်။

Peru-midfielder-Renato-Tapia

Peru-midfielder-Renato-Tapia

စောင့်ကြည့်ရမယ့် ကစားသမားများ
တောင်အမေရိကတိုက်က ကလပ်အသင်းတွေမှာ ကစားနေတဲ့ ကစားသမားအများစု အပြီးသတ် လူစာရင်းမှာ ပါဝင်လာခဲ့ပြီး ကာလရှည် ပွဲပယ်ခံခဲ့ရတဲ့ အသင်းခေါင်းဆောင် ဝါရင့်တိုက်စစ်မှူး ဂွါရဲရိုးရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ဖီဖာက ပြန်လည် ပယ်ဖျက်ပေးခဲ့လို့ အဓိက ကစားသမားအဖြစ် အသင်းကို ဦးဆောင်လာခဲ့ပါတယ်။ အသက်အရွယ်ပိုင်းအရ အကောင်းဆုံး အချိန်ကာလကို ရောက်နေတဲ့ ကစားသမား အများစု အပြီးသတ် လူစာရင်းမှာ ပါဝင်လာခဲ့ပြီး နိုင်ငံလက်ရွေးစင်အသင်းမှာ ကာလရှည် လက်တွဲလာတဲ့ ကစားသမားတွေဖြစ်လို့ အသင်းစုစည်းမှု အပိုင်းက အကောင်းဆုံး အချိန်ကို ရောက်ရှိနေတဲ့ အသင်းဖြစ်ပါတယ်။ အပြီးသတ် (၂၃)ဦးစာရင်းမှာ အသက်အငယ်ဆုံး ကစားသမားအဖြစ် ပါဝင်လာခဲ့တဲ့ ဖီယင်နု ကွင်းလယ်လူ ရီနာတိုတာပီယာကတော့ စောင့်ကြည့်သွားရမယ့် ကစားသမား တစ်ဦးဖြစ်ပါတယ်။ အသက် (၂၂)နှစ်သာ ရှိသေးတဲ့ လူငယ် ကွင်းလယ်လူ တစ်ဦးဖြစ်ပေမယ့် ကလပ်အသင်းမှာ ခြေစွမ်းပြ ကစားနေသလို နိုင်ငံလက်ရွေးစင် အသင်းမှာလည်း ဝါရင့် ကွင်းလယ်လူတွေကို ကျော်ဖြတ်ပြီး ပုံမှန် ပွဲထွက်ခွင့် ရနေတဲ့ ကစားသမား ဖြစ်ပါတယ်။ ခန္ဓာကိုယ် ကြံ့ခိုင်မှု ကောင်းမွန်သလို အရပ်အမောင်းအားဖြင့် မြင့်မားတဲ့ ကစားသမား တစ်ဦးဖြစ်နေပြီး တွန်းတွန်းတိုက်တိုက် ကစားတက်တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ ကွင်းလယ် ကစားသမား တစ်ဦးဖြစ်ပေမယ့် လိုအပ်လာရင် နောက်ခံအတွင်းလူအဖြစ်ကော နောက်တန်းညာအစွန်လူအဖြစ်ပါ ကစားနိုင်လို့ နည်းပြ ဂါရီကာရဲ့ ယုံကြည်မှုကို အပြည့်အဝ ရရှိထားတဲ့ ကစားသမား ဖြစ်ပါတယ်။

REF:Wikipedia
Photo:AméricaTeve, Depor.com, peru.com
Aung Kyaw Wai (Akhayar)
www.akhayar.com