This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလား(၃)ႀကိမ္ဆက္ အုပ္စုအဆင့္ကထြက္ခဲ့ရတဲ့ ၾသစေၾတးလ်

အာရွထိပ္သီး ၾသစေၾတးလ်အသင္းကေတာ့ ပီ႐ူးကုိ ႐ႈံးနိမ့္ခဲ့တာေၾကာင့္ ကမၻာ႔ဖလားၿပိဳင္ပဲြ (၃)ႀကိမ္ဆက္တိုက္ အုပ္စုအဆင့္ကေန လွည့္ျပန္ခဲ့ရတယ္။ တကယ္လုိ႔ ျပင္သစ္သာ ဒိန္းမတ္ကုိ အႏုိင္ရခဲ့မယ္ဆုိရင္ ၾသစေၾတးလ်အသင္းအေနနဲ႔ ပီ႐ူးကို အႏုိင္ကစားဖုိ႔ လုိအပ္ေပမယ့္ တစ္ဖက္မွာလည္း သေရက်ခဲ့သလုိ ၾသစေၾတးလ်အသင္းကလည္း ပီ႐ူးကုိ ႐ႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ၾသစေၾတးလ်အသင္းဟာ အႏုိင္ရလဒ္အတြက္ ႀကိဳးစားကစားခဲ့ၿပီး ပီ႐ူးကုိ ေဘာလုံးပုိင္ဆုိင္မႈအသာရခဲ့သလုိ ဂုိးေပါက္ကန္သြင္းမႈေတြလည္း ျပဳလုပ္ႏုိင္ခဲ့တယ္။ ဒါေပမဲ့ လုိအပ္တဲ့ဂုိးကုိေတာ့ မသြင္းႏုိင္ခဲ့ဘူး။

ပီ႐ူးအသင္းက ရတဲ့အခြင့္အေရးကုိ ဂုိးအျဖစ္ေျပာင္းလဲႏုိင္ခဲ့တာေၾကာင့္ ႏုိင္ပဲြရယူခဲ့တာလည္းျဖစ္ပါတယ္။ ပီ႐ူးအတြက္ အဖြင့္ဂုိးကုိ (၁၈)မိနစ္မွာ ကာရီလုိ Carrillo က သြင္းယူခဲ့တာပါ။ ပီ႐ူးအသင္းအတြက္ ဒုတိယဂုိးကုိ ၀ါရင့္တိုက္စစ္မွဴးဂြါရဲ႐ုိးက Guerrero ဒုတိယပုိင္းမိနစ္(၅၀)မွာ သြင္းယူခဲ့ပါတယ္။ အသက္(၃၄)ႏွစ္၊ (၁၇၆)ရက္ရွိၿပီျဖစ္တဲ့ ဂြါရဲ႐ုိးဟာ ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ေတာင္အေမရိကရဲ႕ တတိယေျမာက္ အသက္အႀကီးဆုံးဂုိးသြင္းခဲ့သူအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။ ဒီပဲြကုိ အႏုိင္ရခဲ့တဲ့အတြက္ ပီ႐ူးအသငး္ဟာ ၁၉၇၈ ကမၻာ႔ဖလားမွာ အီရန္ကုိ အႏုိင္ရခဲ့ၿပီးေနာက္ပုိင္း ႏွစ္ေပါင္း(၄၀)နဲ႔ (၁၅)ရက္အၾကာမွာ ပထမဆုံး ကမၻာ႔ဖလားႏုိင္ပဲြ ျပန္ရခဲ့တာလည္းျဖစ္ပါတယ္။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလား(၃)ကြိမ်ဆက် အုပ်စုအဆင့်ကထွက်ခဲ့ရတဲ့ သြစတြေးလျ

အာရှထိပ်သီး သြစတြေးလျအသင်းကတော့ ပီရူးကို ရှုံးနိမ့်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ကြိမ်ဆက်တိုက် အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတယ်။ တကယ်လို့ ပြင်သစ်သာ ဒိန်းမတ်ကို အနိုင်ရခဲ့မယ်ဆိုရင် သြစတြေးလျအသင်းအနေနဲ့ ပီရူးကို အနိုင်ကစားဖို့ လိုအပ်ပေမယ့် တစ်ဖက်မှာလည်း သရေကျခဲ့သလို သြစတြေးလျအသင်းကလည်း ပီရူးကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ သြစတြေးလျအသင်းဟာ အနိုင်ရလဒ်အတွက် ကြိုးစားကစားခဲ့ပြီး ပီရူးကို ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့သလို ဂိုးပေါက်ကန်သွင်းမှုတွေလည်း ပြုလုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ လိုအပ်တဲ့ဂိုးကိုတော့ မသွင်းနိုင်ခဲ့ဘူး။

ပီရူးအသင်းက ရတဲ့အခွင့်အရေးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာကြောင့် နိုင်ပွဲရယူခဲ့တာလည်းဖြစ်ပါတယ်။ ပီရူးအတွက် အဖွင့်ဂိုးကို (၁၈)မိနစ်မှာ ကာရီလို Carrillo က သွင်းယူခဲ့တာပါ။ ပီရူးအသင်းအတွက် ဒုတိယဂိုးကို ဝါရင့်တိုက်စစ်မှူးဂွါရဲရိုးက Guerrero ဒုတိယပိုင်းမိနစ်(၅၀)မှာ သွင်းယူခဲ့ပါတယ်။ အသက်(၃၄)နှစ်၊ (၁၇၆)ရက်ရှိပြီဖြစ်တဲ့ ဂွါရဲရိုးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် တောင်အမေရိကရဲ့ တတိယမြောက် အသက်အကြီးဆုံးဂိုးသွင်းခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ဒီပွဲကို အနိုင်ရခဲ့တဲ့အတွက် ပီရူးအသင်းဟာ ၁၉၇၈ ကမ္ဘာ့ဖလားမှာ အီရန်ကို အနိုင်ရခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း(၄၀)နဲ့ (၁၅)ရက်အကြာမှာ ပထမဆုံး ကမ္ဘာ့ဖလားနိုင်ပွဲ ပြန်ရခဲ့တာလည်းဖြစ်ပါတယ်။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com