[Zawgyi]

ပရီးမီးယားလိဂ္ပဲြစဥ္ (၈)နဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မ်ား

ပရီးမီးယားလိဂ္ပဲြစဥ္ (၈)မွာေတာ့ ထုံးစံအတုိင္း ရင္ခုန္စရာေတြကုိ ေပးစြမ္းခဲ့ပါတယ္။ နယူးကာဆယ္ကို (၂)ဂုိး အ႐ႈံးကေန (၃)ဂုိးနဲ႔ ျပန္အႏုိင္ရခဲ့တဲ့ မန္ယူ၊ ပရီးမီးယားလိဂ္(၆)ပဲြဆက္ အႏုိင္ရခဲ့တဲ့ အာဆင္နယ္၊ မာရက္ဇ္ Mahrez ရဲ႕ ပယ္နယ္တီ လဲြေခ်ာ္မႈေၾကာင့္ အန္ဖီးလ္ က်ိန္စာဆုိးကုိ မေခ်ဖ်က္ႏုိင္ခဲ့တဲ့ မန္စီးတီး၊ ဆာရီ Sarri လက္ထက္မွာ ေျခမွန္ေနၿပီး ေတာက္ေလွ်ာက္ ရလဒ္ေကာင္းေနတဲ့ ခ်ယ္လ္ဆီး တို႔ရဲ႕ ပဲြစဥ္ေတြက တကယ့္ကုိ အႀကိတ္အနယ္ရွိခဲ့တယ္။ ဒီတစ္ပတ္ ပရီးမီးယားလိဂ္ပဲြစဥ္ေတြမွာ ထူးျခားခ်က္တခ်ိဳ႕ရွိခဲ့တယ္။ အဲဒါေတြကုိ နာမည္ႀကီး Opta Joe က အခုလုိပဲ ေဖာ္ျပခဲ့တယ္ . . .. .

ခ်ယ္လ္ဆီး၊ မန္စီးတီး၊ လီဗာပူးလ္ – ပရီးမီးယားလိဂ္ပဲြစဥ္(၈)အၿပီး ခ်ယ္လ္ဆီး၊ မန္စီးတီး၊ လီဗာပူးလ္တို႔ ႐ႈံးပဲြမရွိေသးဘဲ ဒီလုိမ်ိဳး အသင္း(၃)သင္း ႐ႈံးပဲြမရွိတာဟာ ၂၀၁၁-၁၂ ရာသီေနာက္ပုိင္း ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။

Mahrez

Mahrez

မာရက္ဇ္ – ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ပယ္နယ္တီ (၁၀)ႀကိမ္နဲ႔အထက္ ကန္သြင္းခဲ့သူေတြထဲမွာ ဂုိးသြင္းယူႏုိင္မႈ အဆုိးရြားဆုံးအျဖစ္ ဗီလာ နာမည္ေက်ာ္ကစားသမားေဟာင္း အိန္ဂ်ယ္ Angel (၁၀ ႀကိမ္ – ၅ ဂုိး)က ရပ္တည္ေနၿပီး သူ႔ေနာက္မွာ မာရက္ဇ္ Mahrez က (၁၂ႀကိမ္-၇ဂုိး) ဒုတိယအဆုိးရြားဆုံး ျဖစ္ေနပါတယ္။

လီဗာပူးလ္ – လီဗာပူးလ္အသင္းဟာ အန္ဖီးလ္မွာ ၂၀၀၃၊ ေမလက မန္စီးတီးကုိ (၂-၁)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့ၿပီးကတည္းက ၿပိဳင္ပဲြစုံ (၁၈)ပဲြမွာ လုံး၀႐ႈံးပဲြမရွိေတာ့ဘဲ (၁၂)ပဲြႏုိင္၊ (၆)ပဲြသေရက်ခဲ့တယ္။

Barkley

Barkley

ဘာကေလ Barkley – ခ်ယ္လ္ဆီးကြင္းလယ္လူ ဘာကေလဟာ ေဆာက္သမ္တန္နဲ႔ပဲြမွာ တစ္ဂုိးသြင္း၊ တစ္ဂုိးဖန္တီးခဲ့ၿပီး ကစားသမားေဟာင္း လမ္းပတ္ Lampard (၂၀၁၃၊ ဆန္းဒါးလန္း)ေနာက္ပုိင္း တစ္ပဲြတည္းမွာ ဂုိးသြင္း၊ ဂုိးဖန္တီးမႈ လုပ္ခဲ့တဲ့ ပထမဆုံး အဂၤလိပ္ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။

အာဆင္နယ္ – ဖူလ္ဟမ္ကုိ အႏုိင္ရခဲ့တဲ့ပဲြမွာ လူစား၀င္ကစားသမား (၂)ဦးျဖစ္တ့ဲ အူဘာမီယန္း Aubameyang နဲ႔ ရမ္ေဆး Ramsey တို႔ဟာ ကုိယ္တိုင္ဂုိးသြင္း၊ ဂုိးဖန္တီးမႈေတြ ျပဳလုပ္ခဲ့ၿပီး လူစား၀င္ကစားသမားႏွစ္ဦး ဒီလုိမ်ိဳး စြမ္းေဆာင္ခဲ့တာက ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ျဖစပါတယ္။

Ramsey

Ramsey

ရမ္ေဆး Ramsey – အာဆင္နယ္ကြင္းလယ္လူ ရမ္ေဆးဟာ ဖူလ္ဟမ္နဲ႔ပဲြမွာ လူစား၀င္ၿပီး (၃၉)စကၠန္႔မွာ ဂုိးသြင္းႏုိင္ခဲ့တာေၾကာင့္ ၂၀၀၇ ဒီဇင္ဘာလက စပါးအသင္းကုိ ဂုိးသြင္းခဲ့တဲ့ ဘန္တနာ Bendtner (၃၅စကၠန္႔)ေနာက္ပုိင္း အျမန္ဆုံးျဖစ္ခဲ့တယ္။

ေမာ္ရင္ဟုိ Mourinho – နယူးကာဆယ္ကုိ အႏုိင္ရခဲ့တဲ့ပဲြဟာ မန္ယူနညး္ျပေမာ္ရင္ဟုိရဲ႕ နည္းျပဘ၀တစ္ေလွ်ာက္ လိဂ္ႏုိင္ပဲြ (၄၀၀)ျပည့္ျဖစ္ခဲ့ၿပီးး စုစုေပါင္း (၅၉၇)ပဲြမွာ ႏုိင္ပဲြ(၄၀၀)၊ သေရ (၁၂၄)ပဲြ၊ ႐ႈံးပဲြ (၇၃)ပဲြရွိခဲ့တယ္။

REF: Opta Joe Twitter
Photo: Opta Joe Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်ပွဲစဉ် (၈)နဲ့ပတ်သက်တဲ့ ထူးခြားချက်များ

ပရီးမီးယားလိဂ်ပွဲစဉ် (၈)မှာတော့ ထုံးစံအတိုင်း ရင်ခုန်စရာတွေကို ပေးစွမ်းခဲ့ပါတယ်။ နယူးကာဆယ်ကို (၂)ဂိုး အရှုံးကနေ (၃)ဂိုးနဲ့ ပြန်အနိုင်ရခဲ့တဲ့ မန်ယူ၊ ပရီးမီးယားလိဂ်(၆)ပွဲဆက် အနိုင်ရခဲ့တဲ့ အာဆင်နယ်၊ မာရက်ဇ် Mahrez ရဲ့ ပယ်နယ်တီ လွဲချော်မှုကြောင့် အန်ဖီးလ် ကျိန်စာဆိုးကို မချေဖျက်နိုင်ခဲ့တဲ့ မန်စီးတီး၊ ဆာရီ Sarri လက်ထက်မှာ ခြေမှန်နေပြီး တောက်လျှောက် ရလဒ်ကောင်းနေတဲ့ ချယ်လ်ဆီး တို့ရဲ့ ပွဲစဉ်တွေက တကယ့်ကို အကြိတ်အနယ်ရှိခဲ့တယ်။ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ထူးခြားချက်တချို့ရှိခဲ့တယ်။ အဲဒါတွေကို နာမည်ကြီး Opta Joe က အခုလိုပဲ ဖော်ပြခဲ့တယ် . . .. .

ချယ်လ်ဆီး၊ မန်စီးတီး၊ လီဗာပူးလ် – ပရီးမီးယားလိဂ်ပွဲစဉ်(၈)အပြီး ချယ်လ်ဆီး၊ မန်စီးတီး၊ လီဗာပူးလ်တို့ ရှုံးပွဲမရှိသေးဘဲ ဒီလိုမျိုး အသင်း(၃)သင်း ရှုံးပွဲမရှိတာဟာ ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Mahrez

Mahrez

မာရက်ဇ် – ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပယ်နယ်တီ (၁၀)ကြိမ်နဲ့အထက် ကန်သွင်းခဲ့သူတွေထဲမှာ ဂိုးသွင်းယူနိုင်မှု အဆိုးရွားဆုံးအဖြစ် ဗီလာ နာမည်ကျော်ကစားသမားဟောင်း အိန်ဂျယ် Angel (၁၀ ကြိမ် – ၅ ဂိုး)က ရပ်တည်နေပြီး သူ့နောက်မှာ မာရက်ဇ် Mahrez က (၁၂ကြိမ်-၇ဂိုး) ဒုတိယအဆိုးရွားဆုံး ဖြစ်နေပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာ ၂၀၀၃၊ မေလက မန်စီးတီးကို (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးကတည်းက ပြိုင်ပွဲစုံ (၁၈)ပွဲမှာ လုံးဝရှုံးပွဲမရှိတော့ဘဲ (၁၂)ပွဲနိုင်၊ (၆)ပွဲသရေကျခဲ့တယ်။

Barkley

Barkley

ဘာကလေ Barkley – ချယ်လ်ဆီးကွင်းလယ်လူ ဘာကလေဟာ ဆောက်သမ်တန်နဲ့ပွဲမှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးခဲ့ပြီး ကစားသမားဟောင်း လမ်းပတ် Lampard (၂၀၁၃၊ ဆန်းဒါးလန်း)နောက်ပိုင်း တစ်ပွဲတည်းမှာ ဂိုးသွင်း၊ ဂိုးဖန်တီးမှု လုပ်ခဲ့တဲ့ ပထမဆုံး အင်္ဂလိပ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

အာဆင်နယ် – ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင်ကစားသမား (၂)ဦးဖြစ်တဲ့ အူဘာမီယန်း Aubameyang နဲ့ ရမ်ဆေး Ramsey တို့ဟာ ကိုယ်တိုင်ဂိုးသွင်း၊ ဂိုးဖန်တီးမှုတွေ ပြုလုပ်ခဲ့ပြီး လူစားဝင်ကစားသမားနှစ်ဦး ဒီလိုမျိုး စွမ်းဆောင်ခဲ့တာက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစပါတယ်။

Ramsey

Ramsey

ရမ်ဆေး Ramsey – အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးဟာ ဖူလ်ဟမ်နဲ့ပွဲမှာ လူစားဝင်ပြီး (၃၉)စက္ကန့်မှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ၂၀၀၇ ဒီဇင်ဘာလက စပါးအသင်းကို ဂိုးသွင်းခဲ့တဲ့ ဘန်တနာ Bendtner (၃၅စက္ကန့်)နောက်ပိုင်း အမြန်ဆုံးဖြစ်ခဲ့တယ်။

မော်ရင်ဟို Mourinho – နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ပွဲဟာ မန်ယူနည်းပြမော်ရင်ဟိုရဲ့ နည်းပြဘဝတစ်လျှောက် လိဂ်နိုင်ပွဲ (၄၀၀)ပြည့်ဖြစ်ခဲ့ပြီးး စုစုပေါင်း (၅၉၇)ပွဲမှာ နိုင်ပွဲ(၄၀၀)၊ သရေ (၁၂၄)ပွဲ၊ ရှုံးပွဲ (၇၃)ပွဲရှိခဲ့တယ်။

REF: Opta Joe Twitter
Photo: Opta Joe Twitter
Naing Linn(Akhayar)
www.akhayar.com