[Zawgyi]

ေန႔တိုင္းဆြဲစရာမလိုတဲ့ Eyebrow Tattoo

Eyebrow Tattoo ဆိုတာ Tattoo ပံုစံသေဘာမ်ိဳးပါပဲ။ ေဆးနဲ႔ မ်က္ခံုးေမြးအစစ္ေလးေတြလို႔ထင္ရေအာင္ မ်က္ခံုးေမြးေလးေတြၾကားထဲမွာ Tattoo ထိုးတဲ့စက္ေလးေတြနဲ႔ မွ်င္မွ်င္ေလး ျခစ္ျပီး ေန႔တိုင္းလည္း ဆြဲေနစရာမလိုဘဲ တစ္ႏွစ္၊ ႏွစ္ႏွစ္ၾကာေအာင္ မ်က္ခံုးေမြးကို ပံုေဖာ္တာျဖစ္ပါတယ္။ Tattoo ဆိုတာ အသားေပၚမွာ ေသေတာင္ဖ်က္လို႔မရတဲ့အတြက္ လက္ေမာင္းတို႔ ေျခသလံုးတို႔မွာ တက္တူးထိုးသလိုမ်ိဳးဘဲ မ်က္ခံုးေမြးေပၚမွာ တက္တူးထိုးတာျဖစ္ပါတယ္။

Eyebrow Tattoo ထိုးတာဘာေကာင္းလဲ ဆိုတဲ့ေမးခြန္းကို အရင္ေမးေကာင္းေမးပါလိမ့္မယ္။ မ်က္ခံုးေမြးတက္တူးထိုးတယ္ဆိုတာ အလုပ္အရႈပ္မခံခ်င္တဲ့သူေတြအတြက္နဲ႔ အခ်ိန္္ကုန္ခံျပီး မ်က္ခံုးေမြးမဆြဲခ်င္တဲ့သူေတြအတြက္ပဲ ျဖစ္ပါတယ္။ မ်က္ခံုးေမြးနည္းတဲ့သူေတြ၊ မ်က္ခံုးေမြးပါးတဲ့သူေတြလည္း ထိုးၾကပါေသးတယ္။

တာရွည္ေတာ့ခံပါတယ္။ ၂ႏွစ္ကေန ၂ႏွစ္ခဲြေလာက္အထိေတာ့ ေဆးခံပါတယ္။ အသံုးျပဳတဲ့ ေဆး Quality အေပၚမူတည္ျပီးကြာသြားပါလိမ့္မယ္။ မ်က္ခံုးေမြးပံုေဖာ္တာလွဖို႔အတြက္ေတာ့ ဆြဲေပးတဲ့ Artist အေပၚမွာ မူတည္ပါတယ္။ ဒါေၾကာင့္ တစ္ဆိုင္နဲ႔ တစ္ဆိုင္ Eyebrow Tattoo ဆြဲေပးတဲ့ ေစ်းႏႈန္းေတြ မတူၾကတာျဖစ္ပါတယ္။ အေကာင္းဆံုးေဆးကို အသံုးျပဳျပီး အလွဆံုးပံုေဖာ္ႏိုင္တဲ့ Eyebrow Tattoo Studio က ၄သိန္းနဲ႔ ၆သိန္းၾကား ရွိလို႔ေနပါတယ္။ အနိမ့္ဆံုးေစ်းႏႈန္းကေတာ့ ၂သိန္းအနီးတစ္ဝိုက္က စပါတယ္။

HP Pavilion

HP Pavilion

HP Pavilion အေၾကာင္း အေသးစိတ္သိရွိရန္ 

Eyebrow ဆြဲတာ ဘယ္လိုမ်ိဳးလဲလို႔ေမးရင္ ဓားေသးေသးေလးေတြနဲ႔ မ်က္ခံုးေမြးတစ္မွ်င္ခ်င္းစီလို႔ ထင္ရေအာင္ လိုင္းေသးေသးေလးေတြအရင္စေဖာ္ပါတယ္။ မ်က္စိထဲျမင္ေအာင္ေျပာရရင္ေတာ့ ဓားေသးေသးေလးေတြနဲ႔ မ်က္ခံုးေမြးေလးေတြၾကားထဲ လိုက္ျခစ္တယ္လို႔ေျပာလို႔ရပါတယ္။ ကိုယ္လိုခ်င္တဲ့ပံုစံကို ကိုယ္ျပျပီး ဆြဲလို႔ရနိုင္ပါတယ္။ ဒီအတြက္ ပံုအေပၚမူတည္ျပီး ေစ်းႏႈန္းလည္း ျပန္ကြာပါေသးတယ္။ ပထမအဆင့္ ပံုေဖာ္ျပီးသြားရင္ အသားအေပၚမွာ ျခစ္ရတာျဖစ္တဲ့အတြက္ အနာက်က္ေအာင္ေစာင့္ရပါတယ္။ အနာက်က္ျပီး မွ အနာကိုခြာလိုက္ျပီးရင္ ကိုယ္ ၂ႏွစ္ေလာက္ခံခ်င္တဲ့ မ်က္ခံုးေမြးတက္တူးေလးကို ရနိင္ပါျပီ။ ေဆးျပယ္သြားခဲ့ရင္လည္း ျပန္ထိုးလို႔ရပါေသးတယ္တဲ့ေနာ္။

eyebrowtattoo

ဒီလို Eyebrow Tattoo ထိုးတယ္ဆိုတာ စိတ္ခ်ရပါ့မလား၊ ေမးခိုင္ပိုးေတြဝင္တတ္လားဆိုတဲ့ ေမးခြန္းေတြရွိလာႏိုင္ပါတယ္။ အသားေပၚမွာ Tattoo ထိုးသလိုမ်ိဳးျဖစ္တဲ့အတြက္ အသံုးျပဳတဲ့ ကိရိယာေတြကို ပိုးသတ္ေဆးေတြနဲ႔ ေသေသခ်ာခ်ာ ဂရုမစိုက္ဘူးဆုိရင္ေတာ့ ေမးခိုုင္ပိုးေတာ့ အနည္းနဲ႔အမ်ားဝင္နိုင္ပါတယ္။ ဘယ္အရာမဆိုအေသအခ်ာေျပာလို႔မရႏိုင္ေတာ့ ထိုးၿပီးမွ ေမးခိုင္ပိုးဝင္ခဲ့ရင္ ကိုယ္ပဲ အထိနာေနရပါမယ္။ မေတာ္တဆျဖစ္ခဲ့ရင္ေတာင္ ဒီလိုအေျခအေနအထိျဖစ္ႏိုင္ပါတယ္ေနာ္။ အနာက်က္ဖုိ႔အတြက္ ေစာင့္ေနတဲ့အခ်ိန္မွာ ယားလို႔ဆိုျပီး သတိေမ့ေမ့နဲ႔ ကုတ္လိုက္မိရင္ လက္ဆိပ္တက္တာမ်ိဳးျဖစ္တတ္ပါတယ္။ လမး္သြားရင္ပဲျဖစ္ျဖစ္ အလွဴမဂၤလာပြဲေတြမွာပဲျဖစ္ျဖစ္ မေတာ္တဆအေညွာ္မိသြားခဲ့ရင္ အနာေရာင္တတ္ပါတယ္။ မေတာ္တဆ ေမးခိုင္ပိုးဝင္သြားခဲ့့ရင္ ျပည္တည္တာမ်ိဳးျဖစ္တတ္ျပီး ကိုယ္နဂို ရွိရင္းစြဲ မ်က္ခံုးတစ္ခုလံုး ဆံုးရံႈးလုိက္ရႏိုင္ပါတယ္ေနာ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

ျဖစ္ႏိုင္ရင္ေတာ့ Eyebrow Tattoo ထိုးတာကို အားမေပးခ်င္ပါဘူး။ ပိုက္ဆံ ၂သိန္း ၃သိန္းအကုန္ခံျပီး အသားအနာလည္း ခံရဦးမယ္။ ဒါ့အျပင္ ကိုယ့္အသားကို ရင္းျပီး အလွျပင္ရတာျဖစ္တဲ့အတြက္ မေတာ္လို႔ ေမးခိုင္ပိုးေတြဝင္သြားရင္ ကိုယ္ပဲ အထိနာႏိုင္ပါတယ္။ Safe လည္းျဖစ္တယ္ ပိုက္ဆံလည္း သိန္းခ်ီျပီး အကုန္ခံစရာလည္းမလိုတာမုိ႔ ကိုယ့္ဟာကိုယ္ မ်က္ခံုးေမြးဆြဲတာပဲ အေကာင္းဆံုးပါလို႔ေျပာပါရေစေနာ္။

Redrose (Akhayar)

www,akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

နေ့တိုင်းဆွဲစရာမလိုတဲ့ Eyebrow Tattoo

Eyebrow Tattoo ဆိုတာ Tattoo ပုံစံသဘောမျိုးပါပဲ။ ဆေးနဲ့ မျက်ခုံးမွေးအစစ်လေးတွေလို့ထင်ရအောင် မျက်ခုံးမွေးလေးတွေကြားထဲမှာ Tattoo ထိုးတဲ့စက်လေးတွေနဲ့ မျှင်မျှင်လေး ခြစ်ပြီး နေ့တိုင်းလည်း ဆွဲနေစရာမလိုဘဲ တစ်နှစ်၊ နှစ်နှစ်ကြာအောင် မျက်ခုံးမွေးကို ပုံဖော်တာဖြစ်ပါတယ်။ Tattoo ဆိုတာ အသားပေါ်မှာ သေတောင်ဖျက်လို့မရတဲ့အတွက် လက်မောင်းတို့ ခြေသလုံးတို့မှာ တက်တူးထိုးသလိုမျိုးဘဲ မျက်ခုံးမွေးပေါ်မှာ တက်တူးထိုးတာဖြစ်ပါတယ်။

Eyebrow Tattoo ထိုးတာဘာကောင်းလဲ ဆိုတဲ့မေးခွန်းကို အရင်မေးကောင်းမေးပါလိမ့်မယ်။ မျက်ခုံးမွေးတက်တူးထိုးတယ်ဆိုတာ အလုပ်အရှုပ်မခံချင်တဲ့သူတွေအတွက်နဲ့ အချိန်ကုန်ခံပြီး မျက်ခုံးမွေးမဆွဲချင်တဲ့သူတွေအတွက်ပဲ ဖြစ်ပါတယ်။ မျက်ခုံးမွေးနည်းတဲ့သူတွေ၊ မျက်ခုံးမွေးပါးတဲ့သူတွေလည်း ထိုးကြပါသေးတယ်။

တာရှည်တော့ခံပါတယ်။ ၂နှစ်ကနေ ၂နှစ်ခွဲလောက်အထိတော့ ဆေးခံပါတယ်။ အသုံးပြုတဲ့ ဆေး Quality အပေါ်မူတည်ပြီးကွာသွားပါလိမ့်မယ်။ မျက်ခုံးမွေးပုံဖော်တာလှဖို့အတွက်တော့ ဆွဲပေးတဲ့ Artist အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် တစ်ဆိုင်နဲ့ တစ်ဆိုင် Eyebrow Tattoo ဆွဲပေးတဲ့ ဈေးနှုန်းတွေ မတူကြတာဖြစ်ပါတယ်။ အကောင်းဆုံးဆေးကို အသုံးပြုပြီး အလှဆုံးပုံဖော်နိုင်တဲ့ Eyebrow Tattoo Studio က ၄သိန်းနဲ့ ၆သိန်းကြား ရှိလို့နေပါတယ်။ အနိမ့်ဆုံးဈေးနှုန်းကတော့ ၂သိန်းအနီးတစ်ဝိုက်က စပါတယ်။

HP Pavilion

HP Pavilion

HP Pavilion အကြောင်း အသေးစိတ်သိရှိရန် 

Eyebrow ဆွဲတာ ဘယ်လိုမျိုးလဲလို့မေးရင် ဓားသေးသေးလေးတွေနဲ့ မျက်ခုံးမွေးတစ်မျှင်ချင်းစီလို့ ထင်ရအောင် လိုင်းသေးသေးလေးတွေအရင်စဖော်ပါတယ်။ မျက်စိထဲမြင်အောင်ပြောရရင်တော့ ဓားသေးသေးလေးတွေနဲ့ မျက်ခုံးမွေးလေးတွေကြားထဲ လိုက်ခြစ်တယ်လို့ပြောလို့ရပါတယ်။ ကိုယ်လိုချင်တဲ့ပုံစံကို ကိုယ်ပြပြီး ဆွဲလို့ရနိုင်ပါတယ်။ ဒီအတွက် ပုံအပေါ်မူတည်ပြီး ဈေးနှုန်းလည်း ပြန်ကွာပါသေးတယ်။ ပထမအဆင့် ပုံဖော်ပြီးသွားရင် အသားအပေါ်မှာ ခြစ်ရတာဖြစ်တဲ့အတွက် အနာကျက်အောင်စောင့်ရပါတယ်။ အနာကျက်ပြီး မှ အနာကိုခွာလိုက်ပြီးရင် ကိုယ် ၂နှစ်လောက်ခံချင်တဲ့ မျက်ခုံးမွေးတက်တူးလေးကို ရနိင်ပါပြီ။ ဆေးပြယ်သွားခဲ့ရင်လည်း ပြန်ထိုးလို့ရပါသေးတယ်တဲ့နော်။

eyebrowtattoo

ဒီလို Eyebrow Tattoo ထိုးတယ်ဆိုတာ စိတ်ချရပါ့မလား၊ မေးခိုင်ပိုးတွေဝင်တတ်လားဆိုတဲ့ မေးခွန်းတွေရှိလာနိုင်ပါတယ်။ အသားပေါ်မှာ Tattoo ထိုးသလိုမျိုးဖြစ်တဲ့အတွက် အသုံးပြုတဲ့ ကိရိယာတွေကို ပိုးသတ်ဆေးတွေနဲ့ သေသေချာချာ ဂရုမစိုက်ဘူးဆိုရင်တော့ မေးခိုုင်ပိုးတော့ အနည်းနဲ့အများဝင်နိုင်ပါတယ်။ ဘယ်အရာမဆိုအသေအချာပြောလို့မရနိုင်တော့ ထိုးပြီးမှ မေးခိုင်ပိုးဝင်ခဲ့ရင် ကိုယ်ပဲ အထိနာနေရပါမယ်။ မတော်တဆဖြစ်ခဲ့ရင်တောင် ဒီလိုအခြေအနေအထိဖြစ်နိုင်ပါတယ်နော်။ အနာကျက်ဖို့အတွက် စောင့်နေတဲ့အချိန်မှာ ယားလို့ဆိုပြီး သတိမေ့မေ့နဲ့ ကုတ်လိုက်မိရင် လက်ဆိပ်တက်တာမျိုးဖြစ်တတ်ပါတယ်။ လမ်းသွားရင်ပဲဖြစ်ဖြစ် အလှူမင်္ဂလာပွဲတွေမှာပဲဖြစ်ဖြစ် မတော်တဆအညှော်မိသွားခဲ့ရင် အနာရောင်တတ်ပါတယ်။ မတော်တဆ မေးခိုင်ပိုးဝင်သွားခဲ့ရင် ပြည်တည်တာမျိုးဖြစ်တတ်ပြီး ကိုယ်နဂို ရှိရင်းစွဲ မျက်ခုံးတစ်ခုလုံး ဆုံးရှုံးလိုက်ရနိုင်ပါတယ်နော်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

ဖြစ်နိုင်ရင်တော့ Eyebrow Tattoo ထိုးတာကို အားမပေးချင်ပါဘူး။ ပိုက်ဆံ ၂သိန်း ၃သိန်းအကုန်ခံပြီး အသားအနာလည်း ခံရဦးမယ်။ ဒါ့အပြင် ကိုယ့်အသားကို ရင်းပြီး အလှပြင်ရတာဖြစ်တဲ့အတွက် မတော်လို့ မေးခိုင်ပိုးတွေဝင်သွားရင် ကိုယ်ပဲ အထိနာနိုင်ပါတယ်။ Safe လည်းဖြစ်တယ် ပိုက်ဆံလည်း သိန်းချီပြီး အကုန်ခံစရာလည်းမလိုတာမို့ ကိုယ့်ဟာကိုယ် မျက်ခုံးမွေးဆွဲတာပဲ အကောင်းဆုံးပါလို့ပြောပါရစေနော်။

Redrose (Akhayar)

www,akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။