[Zawgyi]

ေမာ္ရင္ဟို Mourinho ျပန္လာတာကို လိုခ်င္ေနတဲ႔ ရီးယဲလ္ဥကၠဌ ပီရက္ဇ္ Perez

ရီးယဲလ္ဥကၠဌ ပီရက္ဇ္ Perez ဟာ လက္ရိွမန္ယူနည္းျပ ေမာ္ရင္ဟို Mourinho အသင္းကိုျပန္လာတာကို လိုခ်င္ေနတယ္လို႔ သိရပါတယ္။ ေမာ္ရင္ဟိုနဲ႔ ပီရက္ဇ္တို႔ဟာ ဆက္ဆံေရးေကာင္းေတြကို လက္ရိွအခ်ိန္ထိ ပိုင္ဆိုင္ထားၾကတာေၾကာင္႔ အခုလိုသတင္းေတြထြက္ေပၚလာခဲ႔တာျဖစ္ပါတယ္။ ရီးယဲလ္အသင္းဥကၠဌ ပီရက္ဇ္ဟာ ပါလ္ဇန္ကို အႏိုင္ရရိွခဲ႔တဲ႔ ခ်န္ပီယံလိဂ္ပြဲျပီးကတည္းက လက္ရိွအသင္းနည္းျပလိုပယ္တက္ဂီ Lopetegui ကိုရာထူးကေနထုတ္ပယ္လိုခဲ႔တာပါ။ ျပီးေတာ႔ ရီးယဲလ္အသင္းနည္းျပသစ္ျဖစ္လာဖို႔ ေရပန္းစားေနတဲ႔ ကြန္တီ Conte ကို ရီးယဲလ္အသင္းဟာ ဆက္သြယ္ျခင္းမရိွပါဘူးလို႔ ကြန္တီရဲ႕ ညီကေျပာဆိုခဲ႔တာေၾကာင္႔လည္း အေနအထားေတြဟာ စိတ္၀င္စားစရာေကာင္းေနပါတယ္။

Mourinho-And-Perez

Mourinho-And-Perez

ေမာ္ရင္ဟိုရဲ႕ မန္ယူနည္းျပဘ၀ အေျခအေနဟာလည္း တည္ျငိမ္ေနတာမဟုတ္ဘဲ ဖိအားေတြနဲ႔ ဆက္တိုက္ဆိုသလိုရင္ဆိုင္ေနရတာပါ။ ေမာ္ရင္ဟိုဟာ ရီးယဲလ္အသင္းကို ၂၀၁၀ ခုႏွစ္ကေန ၂၀၁၃ ခုႏွစ္ထိတာ၀န္ယူကိုင္တြယ္ခဲ႔ျပီး ဆုဖလားေတြရယူေပးခဲ႔သလို ႏိုင္ပြဲရာခိုင္ႏႈန္းအေနနဲ႔လည္း (၇၁.၉) ရာခိုင္ႏႈန္းထိရရိွခဲ႔ပါတယ္။ ရီးယဲလ္အသင္းနည္းျပ လိုပယ္တက္ဂီရဲ႕ အနာဂတ္ဟာ လာမယ္႔ တနဂၤေႏြေန႔မွာ ကစားမယ္႔ ဘာစီလိုနာအသင္းနဲ႔ ပြဲစဥ္မွာသာ ရလဒ္ဆိုးခဲ႔ရင္ အေျပာင္းအလဲျဖစ္ဖို႔ ေသခ်ာသေလာက္နီးပါးရိွေနတာေၾကာင္႔ ရီးယဲလ္အသင္းရဲ႕ နည္းျပထိုင္ခံုပူေပၚကို ဘယ္သူထပ္ေရာက္လာမလဲဆိုတာ ေစာင္႔ၾကည္႕သြားၾကရမွာပါ။

Mourinho

Mourinho

ေမာ္ရင္ဟိုရဲ႕ ရီးယဲလ္နည္းျပဘ၀ ေအာင္ျမင္မႈမ်ား

La Liga: 2011–12
Copa del Rey: 2010–11
Supercopa de España: 2012

Ref: BBC Sport
Photo: FedeNerazzurra.net , Metro , Mirror
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မော်ရင်ဟို Mourinho ပြန်လာတာကို လိုချင်နေတဲ့ ရီးယဲလ်ဥက္ကဌ ပီရက်ဇ် Perez

ရီးယဲလ်ဥက္ကဌ ပီရက်ဇ် Perez ဟာ လက်ရှိမန်ယူနည်းပြ မော်ရင်ဟို Mourinho အသင်းကိုပြန်လာတာကို လိုချင်နေတယ်လို့ သိရပါတယ်။ မော်ရင်ဟိုနဲ့ ပီရက်ဇ်တို့ဟာ ဆက်ဆံရေးကောင်းတွေကို လက်ရှိအချိန်ထိ ပိုင်ဆိုင်ထားကြတာကြောင့် အခုလိုသတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ရီးယဲလ်အသင်းဥက္ကဌ ပီရက်ဇ်ဟာ ပါလ်ဇန်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲပြီးကတည်းက လက်ရှိအသင်းနည်းပြလိုပယ်တက်ဂီ Lopetegui ကိုရာထူးကနေထုတ်ပယ်လိုခဲ့တာပါ။ ပြီးတော့ ရီးယဲလ်အသင်းနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ကွန်တီ Conte ကို ရီးယဲလ်အသင်းဟာ ဆက်သွယ်ခြင်းမရှိပါဘူးလို့ ကွန်တီရဲ့ ညီကပြောဆိုခဲ့တာကြောင့်လည်း အနေအထားတွေဟာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

Mourinho-And-Perez

Mourinho-And-Perez

မော်ရင်ဟိုရဲ့ မန်ယူနည်းပြဘ၀ အခြေအနေဟာလည်း တည်ငြိမ်နေတာမဟုတ်ဘဲ ဖိအားတွေနဲ့ ဆက်တိုက်ဆိုသလိုရင်ဆိုင်နေရတာပါ။ မော်ရင်ဟိုဟာ ရီးယဲလ်အသင်းကို ၂၀၁၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်ထိတာဝန်ယူကိုင်တွယ်ခဲ့ပြီး ဆုဖလားတွေရယူပေးခဲ့သလို နိုင်ပွဲရာခိုင်နှုန်းအနေနဲ့လည်း (၇၁.၉) ရာခိုင်နှုန်းထိရရှိခဲ့ပါတယ်။ ရီးယဲလ်အသင်းနည်းပြ လိုပယ်တက်ဂီရဲ့ အနာဂတ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ဘာစီလိုနာအသင်းနဲ့ ပွဲစဉ်မှာသာ ရလဒ်ဆိုးခဲ့ရင် အပြောင်းအလဲဖြစ်ဖို့ သေချာသလောက်နီးပါးရှိနေတာကြောင့် ရီးယဲလ်အသင်းရဲ့ နည်းပြထိုင်ခုံပူပေါ်ကို ဘယ်သူထပ်ရောက်လာမလဲဆိုတာ စောင့်ကြည့်သွားကြရမှာပါ။

Mourinho

Mourinho

မော်ရင်ဟိုရဲ့ ရီးယဲလ်နည်းပြဘ၀ အောင်မြင်မှုများ

La Liga: 2011–12
Copa del Rey: 2010–11
Supercopa de España: 2012

Ref: BBC Sport
Photo: FedeNerazzurra.net , Metro , Mirror
Ko Kyue(Akhayar)
www.akhayar.com