[Zawgyi]

ဝက္စ္ဟမ္းအသင္းနဲ႔ ေဆးစစ္မႈခံယူေတာ့မယ့္ လူးကပ္စ္ပီရက္ဇ္ Lucas Perez

အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မွဴး လူးကပ္စ္ပီရက္ဇ္ Lucas Perez ဟာ လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ ဝက္စ္ဟမ္းအသင္းနဲ႔ ေဆးစစ္မႈခံယူေတာ့မွာ ျဖစ္ပါတယ္။ အသက္ (၂၉)ႏွစ္အရြယ္ရွိ ပီရက္ဇ္ Perez ဟာ အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ ရုန္းကန္ခဲ့ရၿပီး ၿပီးခဲ့တဲ့ရာသီကလည္း ဒီပို႔တီဗိုအသင္းမွာ အငွားသြားေရာက္ ကစားခဲ့ရတာျဖစ္ပါတယ္။ ပီရက္ဇ္ Perez ဟာ ဒီပို႔တီဗုိအသင္းအတြက္ (၃၇)ပြဲ ကစားေပးခဲ့ၿပီး (၉)ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ေပမယ့္ အာဆင္နယ္အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ မေသခ်ာတာေၾကာင့္ ဝက္စ္ဟမ္းအသင္းကို ေျပာင္းေရႊ႕ဖို႔ ဆံုးျဖတ္ခဲ့တာပါ။

Lucas-Perez

Lucas-Perez

၂၀၁၆ ခုႏွစ္က အာဆင္နယ္အသင္းကို ေပါင္ (၁၇)သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့တဲ့ ပီရက္္ဇ္ Perez အေနနဲ႔ အသင္းအတြက္ ပရီးမီးယားလိဂ္ (၁၁)ပြဲအထိ ကစားေပးခဲ့ေပမယ့္ သြင္းဂိုး (၁)ဂိုးသာ ရရွိခဲ့ပါတယ္။ ဝက္စ္ဟမ္းအသင္းနည္းျပျဖစ္လာတဲ့ ပယ္လီဂရီနီ Pellegrini က ၿပီးခဲ့တဲ့ ေမလကတည္းက ပီရက္ဇ္ Perez ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွ သေဘာတူညီမႈရရွိခဲ့တာျဖစ္ပါတယ္။ အခုႏွစ္ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ေျခလွမ္းသြက္ေနတဲ့ ဝက္စ္ဟမ္းအသင္းရဲ႕ (၉)ဦးေျမာက္ ကစားသမား ေခၚယူမႈအျဖစ္ လူးကပ္စ္ပီရက္ဇ္ Lucas Perez ကို ေခၚယူခဲ့တာျဖစ္ပါတယ္။

လူးကပ္စ္ပီရက္ဇ္ Lucas Perez ရဲ႕ ကစားသမားဘဝ ေအာင္ျမင္မႈမ်ား

PAOK
Greek Football Cup: Runner-up 2013–14
Arsenal
FA Cup: 2016–17

REF:Goal.com
Photo:Metro, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဝက်စ်ဟမ်းအသင်းနဲ့ ဆေးစစ်မှုခံယူတော့မယ့် လူးကပ်စ်ပီရက်ဇ် Lucas Perez

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး လူးကပ်စ်ပီရက်ဇ် Lucas Perez ဟာ လန်ဒန်မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းအသင်းနဲ့ ဆေးစစ်မှုခံယူတော့မှာ ဖြစ်ပါတယ်။ အသက် (၂၉)နှစ်အရွယ်ရှိ ပီရက်ဇ် Perez ဟာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ရာသီကလည်း ဒီပို့တီဗိုအသင်းမှာ အငှားသွားရောက် ကစားခဲ့ရတာဖြစ်ပါတယ်။ ပီရက်ဇ် Perez ဟာ ဒီပို့တီဗိုအသင်းအတွက် (၃၇)ပွဲ ကစားပေးခဲ့ပြီး (၉)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမယ့် အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာတာကြောင့် ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

Lucas-Perez

Lucas-Perez

၂၀၁၆ ခုနှစ်က အာဆင်နယ်အသင်းကို ပေါင် (၁၇)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ပီရက်ဇ် Perez အနေနဲ့ အသင်းအတွက် ပရီးမီးယားလိဂ် (၁၁)ပွဲအထိ ကစားပေးခဲ့ပေမယ့် သွင်းဂိုး (၁)ဂိုးသာ ရရှိခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းနည်းပြဖြစ်လာတဲ့ ပယ်လီဂရီနီ Pellegrini က ပြီးခဲ့တဲ့ မေလကတည်းက ပီရက်ဇ် Perez ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ အခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ ခြေလှမ်းသွက်နေတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ (၉)ဦးမြောက် ကစားသမား ခေါ်ယူမှုအဖြစ် လူးကပ်စ်ပီရက်ဇ် Lucas Perez ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

လူးကပ်စ်ပီရက်ဇ် Lucas Perez ရဲ့ ကစားသမားဘဝ အောင်မြင်မှုများ

PAOK
Greek Football Cup: Runner-up 2013–14
Arsenal
FA Cup: 2016–17

REF:Goal.com
Photo:Metro, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com