[Zawgyi]

ေနမာ Neymar ကိုေခၚယူလိုေနတဲ႔ ရီးယဲလ္မက္ဒရစ္

ရီးယဲလ္မက္ဒရစ္အသင္းကေန စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ထြက္ခြာသြားတဲ႔အခ်ိန္မွာ ရီးယဲလ္မက္ဒရစ္အသင္းဟာ အသင္းရဲ႕တိုက္စစ္ကိုျပန္လည္အားျဖည္႔ဖို႔အတြက္ ကမၻာ႔အဆင္႔တိုက္စစ္ကစားသမားေတြကို ေခၚယူဖို႔ပစ္မွတ္ထားခဲ႔ေပမယ္႔ တကယ္႔လက္ေတြ႕မွာေတာ႔ တိုက္စစ္ပိုင္းကိုအားျဖည္႔ႏိုင္ခဲ႔ျခင္းမရိွခဲ႔ပါဘူး။ အသင္းရဲ႕တိုက္စစ္ပိုင္းမွာ ဘန္ဇီမာ Benzema ၊ ေဘးလ္ Bale တို႔သာရိွေနျပီး လူငယ္တိုက္စစ္ကစားသမား ဗီနီစီယက္ Vinícius ကေတာ႔အခ်ိန္တစ္ခုေပးရမယ္႔ အေနအထားမွာရိွေနခဲ႔တာပါ။ ရီးယဲလ္မက္ဒရစ္အသင္းရဲ႕နည္းျပ လိုပက္တက္ဂီ Lopetegui ကိုယ္တိုင္ကလည္းအသင္းအတြက္ ေနာက္ခံလူနဲ႔တိုက္စစ္ကစားသမား ေခၚယူဖို႔ရွာေဖြေနတာပဲျဖစ္ပါတယ္။

Neymar

Neymar

လက္ရိွမွာေတာ႔ ရီးယဲလ္မက္ဒရစ္အသင္းဥကၠဌပီရက္ဇ္ Perez ဟာ PSG တိုက္စစ္မႈး ေနမာ Neymar ကိုေပါင္သန္း(၂၇၀)နဲ႔ေခၚယူဖို႔ျပင္ဆင္ေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ ေနမာ Neymar ဟာျပီးခဲ႔တဲ႔ ေဘာလံုးရာသီထဲက ရီးယဲလ္မက္ဒရစ္အသင္းနဲ႔သတင္းေတြထြက္ေပၚေနသူပဲျဖစ္ပါတယ္။ ရီးယဲလ္မက္ဒရစ္အသင္းအေနနဲ႔ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ရဲ႕ေနရာကိုအစားထိုးဖို႔က ခက္ခဲတဲ႔အရာတစ္ခုျဖစ္ေနတာပါ။ အေျပာင္းအေရႊ႕ေစ်းကြက္ပိတ္သိမ္းဖို႔ကလည္း သိပ္မၾကာေတာ႔တာေၾကာင္႔ တန္ဖိုးၾကီးအေျပာင္းအေရႊ႕တစ္ခု ျဖစ္ေပၚလာမလားဆိုတာ ေစာင္႔ၾကည္႔ရင္ခုန္ၾကရမွာပဲျဖစ္ပါတယ္။

Ref: Sunday Express
Photo: Goal.com , Contract Template Collection
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

နေမာ Neymar ကိုခေါ်ယူလိုနေတဲ့ ရီးယဲလ်မက်ဒရစ်

ရီးယဲလ်မက်ဒရစ်အသင်းကနေ စီရော်နယ်လ်ဒို Cristiano Ronaldo ထွက်ခွာသွားတဲ့အချိန်မှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့တိုက်စစ်ကိုပြန်လည်အားဖြည့်ဖို့အတွက် ကမ္ဘာ့အဆင့်တိုက်စစ်ကစားသမားတွေကို ခေါ်ယူဖို့ပစ်မှတ်ထားခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ တိုက်စစ်ပိုင်းကိုအားဖြည့်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ဘန်ဇီမာ Benzema ၊ ဘေးလ် Bale တို့သာရှိနေပြီး လူငယ်တိုက်စစ်ကစားသမား ဗီနီစီယက် Vinícius ကတော့အချိန်တစ်ခုပေးရမယ့် အနေအထားမှာရှိနေခဲ့တာပါ။ ရီးယဲလ်မက်ဒရစ်အသင်းရဲ့နည်းပြ လိုပက်တက်ဂီ Lopetegui ကိုယ်တိုင်ကလည်းအသင်းအတွက် နောက်ခံလူနဲ့တိုက်စစ်ကစားသမား ခေါ်ယူဖို့ရှာဖွေနေတာပဲဖြစ်ပါတယ်။

Neymar

Neymar

လက်ရှိမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဌပီရက်ဇ် Perez ဟာ PSG တိုက်စစ်မှုး နေမာ Neymar ကိုပေါင်သန်း(၂၇၀)နဲ့ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ နေမာ Neymar ဟာပြီးခဲ့တဲ့ ဘောလုံးရာသီထဲက ရီးယဲလ်မက်ဒရစ်အသင်းနဲ့သတင်းတွေထွက်ပေါ်နေသူပဲဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့နေရာကိုအစားထိုးဖို့က ခက်ခဲတဲ့အရာတစ်ခုဖြစ်နေတာပါ။ အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းဖို့ကလည်း သိပ်မကြာတော့တာကြောင့် တန်ဖိုးကြီးအပြောင်းအရွှေ့တစ်ခု ဖြစ်ပေါ်လာမလားဆိုတာ စောင့်ကြည့်ရင်ခုန်ကြရမှာပဲဖြစ်ပါတယ်။

Ref: Sunday Express
Photo: Goal.com , Contract Template Collection
Ko Kyue(Akhayar)
www.akhayar.com