[Zawgyi]

ပန္ကာေလဖြင့္ၿပီး ညအိပ္တတ္တဲ့ ေရႊျမန္မာေတြ သတိထားဖို႔

ညဘက္ရာသီဥတုက မိုးမရြာဘဲ ပူစပ္ပူေလာင္အိုက္စက္ေနတဲ့ အခါသမယမ်ိဳးမွာ က်န္းမာေရးအေလးထားဖို႔က ေနာက္ထား၊ ည ပူပူေလာင္ေလာင္ႀကီး အိပ္ေပ်ာ္မသြားဖို႔အေရး အဲကြန္းေတြ၊ ပန္ကာေတြတစ္ညလံုးဖြင့္ၿပီး အိပ္တတ္ၾကတဲ့ထဲမယ္ ေရႊျမန္မာေတြလည္း အပါအဝင္ပါ။ အေျခခံလူတန္းစားေတြအဖို႔ အဲကြန္းေၾကးမတတ္ႏိုင္တဲ့အခါမ်ိဳးမွာ လြယ္လြယ္ေစ်းကြက္မွာ ဝယ္လို႔ရတဲ့ ပန္ကာေတြနဲ႔ အပူဒဏ္ကိုေျဖေဖ်ာက္လာၾကတာမို႔ ပန္ကာအသံုးျပဳသူလူဦးေရက ပိုမ်ားလာပါတယ္။

ဒါေပမယ့္ တစ္ခုသတိထားမိစရာက အဲ့ဒီလို ပန္ကာေလ တညလံုးခံၿပီး အိပ္တာမ်ိဳးက မနက္မိုးလင္းအိပ္ရာႏိုးခ်ိန္က်ရင္ေတာ့ ကိုယ္လက္မအီမသာျဖစ္တာ၊ ကိုက္ခဲေညာင္းညာေနတာေတြ၊ ႏုန္းခ်ိၿပီး ဖ်ားခ်င္ခ်င္ျဖစ္လာတာမ်ိဳးေတြ ျဖစ္တတ္တာသဘာဝပါပဲ။

အမွန္ကေတာ့ ပန္ကာေတြကထြက္တဲ့ေလေအးေတြေၾကာင့္ အသက္ရႈလမ္းေၾကာင္းတစ္ေလွ်ာက္ေျခာက္ေသြ႕လာေစပါတယ္။ အဲ့ဒီလို အလြန္အၾကဴးေျခာက္ေသြ႕လာတဲ့အခါ ခႏၶာကိုယ္က အစိုဓါတ္ကို ျပန္လည္ရရွိဖို႔ ခြ်ဲေတြထုတ္လႊတ္လာပါတယ္။ အဲ့ဒီကေနတဆင့္ႏွာပိတ္ျခင္း၊ ခြ်ဲကပ္ျခင္းနဲ႔ ေခါင္းကိုက္တာေတြပါအဆင့္ဆင့္ျဖစ္ေပၚလာတာျဖစ္ပါတယ္။

အလာ့ဂ်စ္ထတတ္တဲ့ အသားအေရႏုနယ္သူမ်ိဳးေတြဆို ပန္ကာေလခံၿပီးအိပ္ျခင္းက ပိုမိုဆိုးရြားေစပါတယ္။ ပန္ကာေလဟာပတ္ဝန္းက်င္ထဲမွာရွိတဲ့ ေလပူေတြကိုဖယ္ရွားေပးတာေၾကာင့္ ေလထဲက ဖုန္မႈန္႔ေတြနဲ႔ မသန္႔တဲ့ေလထုဟာ အသက္ရႈလမ္းေၾကာင္းထဲထိတိုးဝင္ၿပီး ရင္ၾကပ္ပန္းနာနဲ႔ ႏွာေစးေခ်ာင္းဆိုးေရာဂါေတြျဖစ္လာႏိုင္ပါတယ္။

ဒါ့အျပင္ ပန္ကာဖြင့္လို႔ ေျခာက္ေသြ႕လာတဲ့ေလေတြေၾကာင့္ ေလထုနဲ႔ နီးနီးကပ္ကပ္ ထိေတြ႕ေလေလ အသားအေရေျခာက္တာေတြ၊ မ်က္လံုးေျခာက္ေသြ႕တာေတြပါ ျဖစ္လာတတ္ပါတယ္။

အေသခ်ာဆံုးကေတာ့ ပန္ကာေလခံၿပီး တညလံုးအိပ္တဲ့သူေတြဟာ ဖ်ားနာဖို႔အခြင့္အလမ္းအမ်ားဆံုးပါပဲ။ ဒါေပမယ့္ အသက္ရႈလမ္းေၾကာင္းနဲ႔ပတ္သက္တဲ့ အလာ့ဂ်စ္ေရာဂါရွိသူေတြကေတာ့ ျပင္းျပင္းထန္ထန္ဆင္ျခင္သင့္ပါတယ္။

 

ေသေသခ်ာခ်ာဂ႐ုစိုက္ခ်င္တယ္ဆိုရင္ေတာ့ အခန္းကိုသန္႔ရွင္းေနေအာင္ထားၿပီး ေလဝင္ေလထြက္ေကာင္းေစသင့္ပါတယ္။ ပန္ကာမွာလည္း ဖုန္မႈန္႔နဲ႔အညစ္အေၾကးေတြကပ္ညွိတတ္တာေၾကာင့္ ပန္ကာကိုအၿမဲမျပတ္ သန္႔ရွင္းေနေအာင္ထားဖို႔လိုပါတယ္။

တစ္ညတာလံုးေလေအးေအးခံၿပီး ပန္ကာေလးဖြင့္အိပ္ခ်င္တယ္ဆိုရင္ သူနဲ႔ပတ္သက္တဲ့ ဆိုးက်ိဳးေတြအမ်ားႀကီးကိုလည္း သိထားဖို႔လိုပါတယ္။

EiEiKhineMinn (Akhayar)

[Unicode]

ပန်ကာလေဖွင့်ပြီး ညအိပ်တတ်တဲ့ ရွှေမြန်မာတွေ သတိထားဖို့

ညဘက်ရာသီဥတုက မိုးမရွာဘဲ ပူစပ်ပူလောင်အိုက်စက်နေတဲ့ အခါသမယမျိုးမှာ ကျန်းမာရေးအလေးထားဖို့က နောက်ထား၊ ည ပူပူလောင်လောင်ကြီး အိပ်ပျော်မသွားဖို့အရေး အဲကွန်းတွေ၊ ပန်ကာတွေတစ်ညလုံးဖွင့်ပြီး အိပ်တတ်ကြတဲ့ထဲမယ် ရွှေမြန်မာတွေလည်း အပါအဝင်ပါ။ အခြေခံလူတန်းစားတွေအဖို့ အဲကွန်းကြေးမတတ်နိုင်တဲ့အခါမျိုးမှာ လွယ်လွယ်ဈေးကွက်မှာ ဝယ်လို့ရတဲ့ ပန်ကာတွေနဲ့ အပူဒဏ်ကိုဖြေဖျောက်လာကြတာမို့ ပန်ကာအသုံးပြုသူလူဦးရေက ပိုများလာပါတယ်။

ဒါပေမယ့် တစ်ခုသတိထားမိစရာက အဲ့ဒီလို ပန်ကာလေ တညလုံးခံပြီး အိပ်တာမျိုးက မနက်မိုးလင်းအိပ်ရာနိုးချိန်ကျရင်တော့ ကိုယ်လက်မအီမသာဖြစ်တာ၊ ကိုက်ခဲညောင်းညာနေတာတွေ၊ နုန်းချိပြီး ဖျားချင်ချင်ဖြစ်လာတာမျိုးတွေ ဖြစ်တတ်တာသဘာဝပါပဲ။

အမှန်ကတော့ ပန်ကာတွေကထွက်တဲ့လေအေးတွေကြောင့် အသက်ရှုလမ်းကြောင်းတစ်လျှောက်ခြောက်သွေ့လာစေပါတယ်။ အဲ့ဒီလို အလွန်အကြူးခြောက်သွေ့လာတဲ့အခါ ခန္ဓာကိုယ်က အစိုဓါတ်ကို ပြန်လည်ရရှိဖို့ ချွဲတွေထုတ်လွှတ်လာပါတယ်။ အဲ့ဒီကနေတဆင့်နှာပိတ်ခြင်း၊ ချွဲကပ်ခြင်းနဲ့ ခေါင်းကိုက်တာတွေပါအဆင့်ဆင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

အလာ့ဂျစ်ထတတ်တဲ့ အသားအရေနုနယ်သူမျိုးတွေဆို ပန်ကာလေခံပြီးအိပ်ခြင်းက ပိုမိုဆိုးရွားစေပါတယ်။ ပန်ကာလေဟာပတ်ဝန်းကျင်ထဲမှာရှိတဲ့ လေပူတွေကိုဖယ်ရှားပေးတာကြောင့် လေထဲက ဖုန်မှုန့်တွေနဲ့ မသန့်တဲ့လေထုဟာ အသက်ရှုလမ်းကြောင်းထဲထိတိုးဝင်ပြီး ရင်ကြပ်ပန်းနာနဲ့ နှာစေးချောင်းဆိုးရောဂါတွေဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ပန်ကာဖွင့်လို့ ခြောက်သွေ့လာတဲ့လေတွေကြောင့် လေထုနဲ့ နီးနီးကပ်ကပ် ထိတွေ့လေလေ အသားအရေခြောက်တာတွေ၊ မျက်လုံးခြောက်သွေ့တာတွေပါ ဖြစ်လာတတ်ပါတယ်။

အသေချာဆုံးကတော့ ပန်ကာလေခံပြီး တညလုံးအိပ်တဲ့သူတွေဟာ ဖျားနာဖို့အခွင့်အလမ်းအများဆုံးပါပဲ။ ဒါပေမယ့် အသက်ရှုလမ်းကြောင်းနဲ့ပတ်သက်တဲ့ အလာ့ဂျစ်ရောဂါရှိသူတွေကတော့ ပြင်းပြင်းထန်ထန်ဆင်ခြင်သင့်ပါတယ်။

 

သေသေချာချာဂရုစိုက်ချင်တယ်ဆိုရင်တော့ အခန်းကိုသန့်ရှင်းနေအောင်ထားပြီး လေဝင်လေထွက်ကောင်းစေသင့်ပါတယ်။ ပန်ကာမှာလည်း ဖုန်မှုန့်နဲ့အညစ်အကြေးတွေကပ်ညှိတတ်တာကြောင့် ပန်ကာကိုအမြဲမပြတ် သန့်ရှင်းနေအောင်ထားဖို့လိုပါတယ်။

တစ်ညတာလုံးလေအေးအေးခံပြီး ပန်ကာလေးဖွင့်အိပ်ချင်တယ်ဆိုရင် သူနဲ့ပတ်သက်တဲ့ ဆိုးကျိုးတွေအများကြီးကိုလည်း သိထားဖို့လိုပါတယ်။

EiEiKhineMinn (Akhayar)