[ZawGyi]

ကိုယ္ရူးသြပ္ခဲ့တဲ့ Celebrity Crush နဲ႔ လက္ထပ္ႏိုင္ခဲ့တဲ့ နာမည္ေက်ာ္မ်ား

႐ုပ္ရွင္ကားေတြနဲ႔ အႏုပညာကို ႐ူးသြပ္သူေတြအတြက္ေတာ့ ကိုယ္စြဲစြဲၿမဲၿမဲႀကိဳက္ႏွစ္သက္ခဲ့ရတဲ့ Celebrity Crush ေတြဆိုတာ ရွိၾကမွာပါ။ သူတို႔ပါတဲ့ ႐ုပ္ရွင္ကားေတြ၊ သီခ်င္းေတြၾကည့္ရင္း၊ နားေထာင္ရင္း စားလည္းဒီစိတ္၊ သြားလည္းဒီစိတ္နဲ႔ အေတြးေတြထဲမွာ စိုးမိုးမိတဲ့အထိ ႐ူးသြပ္ခဲ့ရတဲ့သူေတြကို ပိုင္ဆိုင္ဖို႔မဆိုထားနဲ႔ အျပင္မွာ ျမင္ရံုေလးနဲ႔တင္ အံ့ၾသဝမ္းသာျဖစ္ၿပီး ေပ်ာ္ရလြန္းတဲ့ခံစားခ်က္ကို Celebrity ေတြကို တမ္းတမ္းစြဲ Crush ၾကတဲ့သူတိုင္း ေကာင္းေကာင္း နားလည္မွာပါ။

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

ဒါေပမယ့္ ဒီ Celebrity ေတြကေတာ့ ထီဆုႀကီးႀကီးေပါက္တာထက္ ပိုေပ်ာ္ရမယ့္ ဘဝကိုပိုင္ဆိုင္ခဲ့ၾကပါတယ္တဲ့။ အေၾကာင္းကေတာ့ သူတို႔႐ူးသြပ္ရတဲ့ သူတို႔ရဲ႕ Celebrity Crush ေတြနဲ႔ ေတြ႕ဆံုခ်စ္ကြ်မ္းဝင္ၿပီး လက္ထပ္ခဲ့ရလို႔ပါပဲ။ ဘယ္သူေတြမ်ား ဘဝမွာ အေပ်ာ္ဆံုးလူသားေတြျဖစ္ခဲ့ၾကပါလိမ့္?

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္ 

(၁) Kanye West နဲ႔ Kim Kardashian

Hollywood ရဲ႕ နာမည္အႀကီးဆံုးစံုတြဲျဖစ္တဲ့ West နဲ႔ Kim တို႔ စံုတြဲကေတာ့ ဒီေန႔ဒီလို အရွိန္အဝါႀကီးတဲ့ ဘဝကို ပိုင္ဆိုင္ေနၾကတာ လူတိုင္းသိၿပီးျဖစ္ေပမယ့္ ေတာ္ေတာ္မ်ားမ်ားမသိၾကေသးတာက West ဟာ 2000 ခုႏွစ္အေစာပိုင္းမွာ Kim နဲ႔ Paris Hilton တူတူတြဲ႐ိုက္ခဲ့တဲ့ဓါတ္ပံုကိုျမင္ၿပီးတည္းက Kim ကို အသည္းအသန္ေႂကြခဲ့ရတာပါ။ ဒါေပမယ့္ အဲ့အခ်ိန္ Kim ရဲ႕ ဒုတိယအမ်ိဳးသား Kris Humphries ရွိေနတာမို႔ West အတြက္ အခြင့္မသာခဲ့ပါဘူး။ Kim အေပၚ စြဲလမ္းလြန္းခဲ့တဲ့ West ဟာ အဲ့အခ်ိန္အခါကာလမွာေတာင္ ဖုန္းတစ္လံုးကို ပထမဆံုး မရမကဝယ္ၿပီး Kim နဲ႔ စကားေျပာဖို႔ ႀကိဳးစားခဲ့ပါတယ္တဲ့။ အဲ့ကေန ခ်စ္ဇာတ္လမ္းစခဲ့တဲ့ သူတို႔ ၂ဦးသားဟာ၂၀၁၄ ခုႏွစ္ ေမလမွာ လက္ထပ္ခဲ့တဲ့ထိ ခ်စ္ႀကိဳးေတြခိုင္ခဲ့ပါတယ္။ ခုဆိုရင္ေတာ့ North နဲ႔ Saint ဆိုတဲ့ ကေလး ၂ေယာက္ေတာင္ ရေနၿပီတဲ့။

Kanye West နဲ႔ Kim Kardashian

(၂) Matt Damon နဲ႔ Luciana Damon

Lociana Barroso ဆိုတာက 2002 ခုႏွစ္တုန္းကေတာ့ Miama Bar ရဲ႕ Bartender မေလးတစ္ေယာက္ေပါ့။ ဒါေပမယ့္ Matt Damon နာမည္ႀကီးေနခ်ိန္ကာလေတြမွာ ပိ်ဳတိုင္းႀကိဳက္ၾကတဲ့သူ႔ကို တစ္ခါတည္း ညိဳ႕ယူဖမ္းစားႏိုင္ခဲ့တာကေတာ့ သာမန္ Bartender ေကာင္မေလးတစ္ေယာက္ျဖစ္ေနတာအံ့ၾသစရာပါပဲ။ Miama Bar မွာ “Stuck on You” ဆိုတဲ့ဇာတ္လမ္းလာ႐ိုက္ကူးတဲ့ Matt ဟာ အဲ့ဒီအခ်ိန္ “လူေတြၾကားထဲမွာ သူမတစ္ေယာက္တည္းကိုပဲ မ်က္လံုးထဲျမင္ေတာ့ပါတယ္” လို႔ Ellen DeGeneres Show မွာ ဖြင့္ဟဝန္ခံပါတယ္။ “ကေလးေလးေယာက္နဲ႔ ၈ႏွစ္ေက်ာ္သက္တမ္းအခ်စ္တစ္ခုဟာ အဲ့ကိစၥေတြသာမျဖစ္ခဲ့ရင္ ဒီေန႔ ကြ်န္ေတာ့္ဘဝဆိုၿပီးၿဖစ္လာမွာမဟုတ္ပါဘူး” တဲ့။ Matt ကို သေဘာက်ခဲ့တဲ့ Luciana ကေတာ့ သည္းသည္းလႈပ္ခ်စ္ခံရလို႔ ကံအေကာင္းဆံုးျဖစ္ခဲ့ပါတယ္။

Matt Damon နဲ႔ Luciana Damon

(၃) Nicolas Cage နဲ႔ Alice Kim

Face Off ဇာတ္ကားရဲ႕ မင္းသားႀကီး Nicolas Cage ကေတာ့ သူ႔ဖူးစာရွင္ကို Kabuki လို႔ ေခၚတဲ့ Los Angeles Restaurant တစ္ခုမွာ စားေသာက္ေနရင္းေတြ႕ခဲ့တာပါ။ Kim ဟာ Nicolas ရဲ႕ အမာခံပရိသတ္ျဖစ္ၿပီး အဲ့အခ်ိန္တုန္းကေတာ့ Waitress မေလးေပါ့။ အဲ့အခ်ိန္ Kim ရဲ႕ အလွကို ေႂကြခဲ့တဲ့ မင္းသားႀကီးက သူ ” Lord of War” ႐ုပ္ရွင္႐ိုက္ကူးမယ့္ ေတာင္အာဖရိကကို တူတူလိုက္ခဲ့ဖို႔ထိပါ ဖိတ္ေခၚၿပီး ၂လ အၾကာ လက္ထပ္ခဲ့ၾကပါတယ္။ သူတို႔စံုတြဲကေတာ့ ၂၀၁၆ ထိ ၁၁ ႏွစ္ၾကာအတူတူေပါင္းသင္းခဲ့ၾကပါတယ္။

Nicolas Cage နဲ႔ Alice Kim

(၄) Prince William and Kate Middleton

ဒီေတာ္ဝင္ေမာင္ႏွံစံုတြဲရဲ႕ အခ်စ္ဇာတ္လမ္းေလးကေတာ့ ၾကည္ႏူးစရာေလးပါပဲ။ Kate ဟာ အသက္ ၁၃ ႏွစ္အရြယ္ Wiltshire မွာရွိတဲ့ Marlborough College မွာ ပညာသင္ၾကားခဲ့ရတုန္းက သူမအိမ္က အိပ္ခန္းထဲမွာ Prince William ရဲ႕ ပံုေတြ နံရံမွာကပ္ထားခဲ့တယ္လို႔ သတင္းေတြထြက္ခဲ့ပါတယ္။ ေနာက္ပိုင္းႏွစ္ေတြၾကာလို႔ တကၠသိုလ္တက္ခ်ိန္က်မွ Kate ဟာ သူမရဲ႕ Crush ျဖစ္ခဲ့သူ Prince William နဲ႔ Scotland မွာရွိတဲ့ St.Andrew တကၠသိုလ္မွာ ပညာသင္ၾကားရင္းေတြ႕ခဲ့ပါတယ္။ အခ်ိန္ေတာ္ေတာ္ၾကာ သူငယ္ခ်င္းျဖစ္ခဲ့ၾကၿပီး အဲ့ဒီသံေယာဇဥ္ႀကိဳးေလးကိုေတာ့ ၂၀၁၁ ခုႏွစ္မွာ မဂၤလာလက္ထပ္ပြဲဆင္ႏႊဲၿပီး ခ်ည္ေႏွာင္ရစ္ပတ္ခဲ့ပါတယ္။

Prince William and Kate Middleton

(၅) Cash Warren နဲ႔ Jessica Alba

Jessica ကေတာ့ Fantastic Four ဇာတ္ကားနဲ႔ 2014 ခုႏွစ္မွာ ေအာင္ျမင္မႈေတြတခ်ီႀကီးသိမ္းပိုက္ေနခ်ိန္မွာပဲ သူမကိုဝိုင္းဝိုင္းလည္ေႂကြေနသူေတြၾကားက Production Assistant ျဖစ္သူ Cash Warren အေပၚ ခ်စ္သဒၶါစိတ္ေတြ ယိုဖိတ္ခဲ့ပါသတဲ့။ Cash က စေႂကြခဲ့တာျဖစ္ၿပီး အခ်ိန္ေတာ္ေတာ္ၾကာ စြဲလမ္းခဲ့ၿပီးမွ ႐ိုက္ကြင္းအခ်ိန္တစ္ခုမွာ ရင္းႏွီးခဲ့ၾကၿပီး ၄ ႏွစ္အၾကာ LA မွာ လက္ထပ္ခဲ့ၾကပါသတဲ့။

Wiz Khalifa နဲ႔ Amber Rose

(၆) Wiz Khalifa နဲ႔ Amber Rose

သူတို႔ ၂ဦးကေတာ့ 2013 မွာ လက္ထပ္ခဲ့သူေတြျဖစ္ၿပီး လက္မထပ္ခင္မွာေရာ၊ စတင္ Date မလုပ္ခင္မွာပါ Wiz အေနနဲ႔ ဘယ္ေလာက္ထိ Amber ကို ေႂကြခဲ့လဲဆိုတာ ဖံုးမႏိုင္ဖိမရျဖစ္ခဲ့ပါတယ္တဲ့။ Amber ကေတာ့ Wiz နဲ႔ Twitter မွာ စတင္ေတြ႕ခဲ့တာျဖစ္ၿပီး Wiz အေၾကာင္းအင္တာဗ်ဴးလုပ္တဲ့လုူတစ္ေယာက္က “တစ္ကမ႓ာလံုးမွာ မင္းနဲ႔အတူရွိခ်င္ဆံုး အမ်ိဳးသမီးက ဘယ္သူမ်ားလဲ” ဆိုေတာ့ မဆိုင္းမတြဘဲ “Amber Rose” လို႔ ေျဖခဲ့တာပါ။ အဲ့ဒီ Interview ကို Amber ျမင္ၿပီးေနာက္ ျပန္ ေဝမွ်ခဲ့ၿပီး Twitter မွာပဲ “ခ်စ္စရာေကာင္းတယ္” လို႔ ျပန္ေရးခဲ့ပါတယ္။ အဲ့ေနာက္မွာ ခ်စ္ဇာတ္လမ္းေလးေတြစၿပီး လက္ထပ္လိုက္ၾကပါေလေရာတဲ့။

Wiz Khalifa နဲ႔ Amber Rose

(၇) Tom Cruise နဲ႔ Katie Holmes

Tom Cruise ရဲ႕ ဇနီးေဟာင္းျဖစ္ခဲ့သူ Katie ကေတာ့ သူမ ငယ္ငယ္ေလးတည္းက Tom အေပၚ စြဲလန္းလြန္းတာမ်ား သူမရဲ႕ ဖတ္စာအုပ္ေတြထဲမွာ Tom ရဲ႕ ပံုေတြ သိမ္းထားခဲ့တဲ့ထိပါပဲ။ Tom နဲ႔ လက္ထပ္ခဲ့ရတဲ့ေန႔ဟာ သူမဘဝရဲ႕ အိပ္မက္ေတြအားလံုး ျဖစ္လာသလိုပါပဲဆိုၿပီး ဝမ္းအသာဆံုးမိန္းကေလးျဖစ္ခဲ့ပါတယ္တဲ့။

Tom Cruise နဲ႔ Katie Holmes

ကိုယ္ငယ္စဥ္တည္းက ေႂကြရ၊ ႐ူးသြပ္ရတဲ့ မင္းသားမင္းသမီးေတြနဲ႔ လက္ထပ္ခြင့္ရတဲ့ သူတို႔ကေတာ့ အခ်ိန္ေတာ္ေတာ္ၾကာ ခြာမၿပဲၾကခင္အထိေတာ့ ကံအေကာင္းဆံုးလူသားေတြျဖစ္ခဲ့ၾကမွာပါ။

EiEiKhineMinn ( Akhayar )

[Unicode]

ကိုယ်ရူးသွပ်ခဲ့တဲ့ Celebrity Crush နဲ့ လက်ထပ်နိုင်ခဲ့တဲ့ နာမည်ကျော်များ

ရုပ်ရှင်ကားတွေနဲ့ အနုပညာကို ရူးသွပ်သူတွေအတွက်တော့ ကိုယ်စွဲစွဲမြဲမြဲကြိုက်နှစ်သက်ခဲ့ရတဲ့ Celebrity Crush တွေဆိုတာ ရှိကြမှာပါ။ သူတို့ပါတဲ့ ရုပ်ရှင်ကားတွေ၊ သီချင်းတွေကြည့်ရင်း၊ နားထောင်ရင်း စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်နဲ့ အတွေးတွေထဲမှာ စိုးမိုးမိတဲ့အထိ ရူးသွပ်ခဲ့ရတဲ့သူတွေကို ပိုင်ဆိုင်ဖို့မဆိုထားနဲ့ အပြင်မှာ မြင်ရုံလေးနဲ့တင် အံ့သြဝမ်းသာဖြစ်ပြီး ပျော်ရလွန်းတဲ့ခံစားချက်ကို Celebrity တွေကို တမ်းတမ်းစွဲ Crush ကြတဲ့သူတိုင်း ကောင်းကောင်း နားလည်မှာပါ။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

ဒါပေမယ့် ဒီ Celebrity တွေကတော့ ထီဆုကြီးကြီးပေါက်တာထက် ပိုပျော်ရမယ့် ဘဝကိုပိုင်ဆိုင်ခဲ့ကြပါတယ်တဲ့။ အကြောင်းကတော့ သူတို့ရူးသွပ်ရတဲ့ သူတို့ရဲ့ Celebrity Crush တွေနဲ့ တွေ့ဆုံချစ်ကျွမ်းဝင်ပြီး လက်ထပ်ခဲ့ရလို့ပါပဲ။ ဘယ်သူတွေများ ဘဝမှာ အပျော်ဆုံးလူသားတွေဖြစ်ခဲ့ကြပါလိမ့်?

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

(၁) Kanye West နဲ့ Kim Kardashian

Hollywood ရဲ့ နာမည်အကြီးဆုံးစုံတွဲဖြစ်တဲ့ West နဲ့ Kim တို့ စုံတွဲကတော့ ဒီနေ့ဒီလို အရှိန်အဝါကြီးတဲ့ ဘဝကို ပိုင်ဆိုင်နေကြတာ လူတိုင်းသိပြီးဖြစ်ပေမယ့် တော်တော်များများမသိကြသေးတာက West ဟာ 2000 ခုနှစ်အစောပိုင်းမှာ Kim နဲ့ Paris Hilton တူတူတွဲရိုက်ခဲ့တဲ့ဓါတ်ပုံကိုမြင်ပြီးတည်းက Kim ကို အသည်းအသန်ကြွေခဲ့ရတာပါ။ ဒါပေမယ့် အဲ့အချိန် Kim ရဲ့ ဒုတိယအမျိုးသား Kris Humphries ရှိနေတာမို့ West အတွက် အခွင့်မသာခဲ့ပါဘူး။ Kim အပေါ် စွဲလမ်းလွန်းခဲ့တဲ့ West ဟာ အဲ့အချိန်အခါကာလမှာတောင် ဖုန်းတစ်လုံးကို ပထမဆုံး မရမကဝယ်ပြီး Kim နဲ့ စကားပြောဖို့ ကြိုးစားခဲ့ပါတယ်တဲ့။ အဲ့ကနေ ချစ်ဇာတ်လမ်းစခဲ့တဲ့ သူတို့ ၂ဦးသားဟာ၂၀၁၄ ခုနှစ် မေလမှာ လက်ထပ်ခဲ့တဲ့ထိ ချစ်ကြိုးတွေခိုင်ခဲ့ပါတယ်။ ခုဆိုရင်တော့ North နဲ့ Saint ဆိုတဲ့ ကလေး ၂ယောက်တောင် ရနေပြီတဲ့။

Kanye West နဲ့ Kim Kardashian

(၂) Matt Damon နဲ့ Luciana Damon

Lociana Barroso ဆိုတာက 2002 ခုနှစ်တုန်းကတော့ Miama Bar ရဲ့ Bartender မလေးတစ်ယောက်ပေါ့။ ဒါပေမယ့် Matt Damon နာမည်ကြီးနေချိန်ကာလတွေမှာ ပျိုတိုင်းကြိုက်ကြတဲ့သူ့ကို တစ်ခါတည်း ညို့ယူဖမ်းစားနိုင်ခဲ့တာကတော့ သာမန် Bartender ကောင်မလေးတစ်ယောက်ဖြစ်နေတာအံ့သြစရာပါပဲ။ Miama Bar မှာ “Stuck on You” ဆိုတဲ့ဇာတ်လမ်းလာရိုက်ကူးတဲ့ Matt ဟာ အဲ့ဒီအချိန် “လူတွေကြားထဲမှာ သူမတစ်ယောက်တည်းကိုပဲ မျက်လုံးထဲမြင်တော့ပါတယ်” လို့ Ellen DeGeneres Show မှာ ဖွင့်ဟဝန်ခံပါတယ်။ “ကလေးလေးယောက်နဲ့ ၈နှစ်ကျော်သက်တမ်းအချစ်တစ်ခုဟာ အဲ့ကိစ္စတွေသာမဖြစ်ခဲ့ရင် ဒီနေ့ ကျွန်တော့်ဘဝဆိုပြီးဖြစ်လာမှာမဟုတ်ပါဘူး” တဲ့။ Matt ကို သဘောကျခဲ့တဲ့ Luciana ကတော့ သည်းသည်းလှုပ်ချစ်ခံရလို့ ကံအကောင်းဆုံးဖြစ်ခဲ့ပါတယ်။

Matt Damon နဲ့ Luciana Damon

(၃) Nicolas Cage နဲ့ Alice Kim

Face Off ဇာတ်ကားရဲ့ မင်းသားကြီး Nicolas Cage ကတော့ သူ့ဖူးစာရှင်ကို Kabuki လို့ ခေါ်တဲ့ Los Angeles Restaurant တစ်ခုမှာ စားသောက်နေရင်းတွေ့ခဲ့တာပါ။ Kim ဟာ Nicolas ရဲ့ အမာခံပရိသတ်ဖြစ်ပြီး အဲ့အချိန်တုန်းကတော့ Waitress မလေးပေါ့။ အဲ့အချိန် Kim ရဲ့ အလှကို ကြွေခဲ့တဲ့ မင်းသားကြီးက သူ ” Lord of War” ရုပ်ရှင်ရိုက်ကူးမယ့် တောင်အာဖရိကကို တူတူလိုက်ခဲ့ဖို့ထိပါ ဖိတ်ခေါ်ပြီး ၂လ အကြာ လက်ထပ်ခဲ့ကြပါတယ်။ သူတို့စုံတွဲကတော့ ၂၀၁၆ ထိ ၁၁ နှစ်ကြာအတူတူပေါင်းသင်းခဲ့ကြပါတယ်။

Nicolas Cage နဲ့ Alice Kim

(၄) Prince William and Kate Middleton

ဒီတော်ဝင်မောင်နှံစုံတွဲရဲ့ အချစ်ဇာတ်လမ်းလေးကတော့ ကြည်နူးစရာလေးပါပဲ။ Kate ဟာ အသက် ၁၃ နှစ်အရွယ် Wiltshire မှာရှိတဲ့ Marlborough College မှာ ပညာသင်ကြားခဲ့ရတုန်းက သူမအိမ်က အိပ်ခန်းထဲမှာ Prince William ရဲ့ ပုံတွေ နံရံမှာကပ်ထားခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေကြာလို့ တက္ကသိုလ်တက်ချိန်ကျမှ Kate ဟာ သူမရဲ့ Crush ဖြစ်ခဲ့သူ Prince William နဲ့ Scotland မှာရှိတဲ့ St.Andrew တက္ကသိုလ်မှာ ပညာသင်ကြားရင်းတွေ့ခဲ့ပါတယ်။ အချိန်တော်တော်ကြာ သူငယ်ချင်းဖြစ်ခဲ့ကြပြီး အဲ့ဒီသံယောဇဉ်ကြိုးလေးကိုတော့ ၂၀၁၁ ခုနှစ်မှာ မင်္ဂလာလက်ထပ်ပွဲဆင်နွှဲပြီး ချည်နှောင်ရစ်ပတ်ခဲ့ပါတယ်။

Prince William and Kate Middleton

(၅) Cash Warren နဲ့ Jessica Alba

Jessica ကတော့ Fantastic Four ဇာတ်ကားနဲ့ 2014 ခုနှစ်မှာ အောင်မြင်မှုတွေတချီကြီးသိမ်းပိုက်နေချိန်မှာပဲ သူမကိုဝိုင်းဝိုင်းလည်ကြွေနေသူတွေကြားက Production Assistant ဖြစ်သူ Cash Warren အပေါ် ချစ်သဒ္ဓါစိတ်တွေ ယိုဖိတ်ခဲ့ပါသတဲ့။ Cash က စကြွေခဲ့တာဖြစ်ပြီး အချိန်တော်တော်ကြာ စွဲလမ်းခဲ့ပြီးမှ ရိုက်ကွင်းအချိန်တစ်ခုမှာ ရင်းနှီးခဲ့ကြပြီး ၄ နှစ်အကြာ LA မှာ လက်ထပ်ခဲ့ကြပါသတဲ့။

Wiz Khalifa နဲ့ Amber Rose

(၆) Wiz Khalifa နဲ့ Amber Rose

သူတို့ ၂ဦးကတော့ 2013 မှာ လက်ထပ်ခဲ့သူတွေဖြစ်ပြီး လက်မထပ်ခင်မှာရော၊ စတင် Date မလုပ်ခင်မှာပါ Wiz အနေနဲ့ ဘယ်လောက်ထိ Amber ကို ကြွေခဲ့လဲဆိုတာ ဖုံးမနိုင်ဖိမရဖြစ်ခဲ့ပါတယ်တဲ့။ Amber ကတော့ Wiz နဲ့ Twitter မှာ စတင်တွေ့ခဲ့တာဖြစ်ပြီး Wiz အကြောင်းအင်တာဗျူးလုပ်တဲ့လုူတစ်ယောက်က “တစ်ကမ္ဘာလုံးမှာ မင်းနဲ့အတူရှိချင်ဆုံး အမျိုးသမီးက ဘယ်သူများလဲ” ဆိုတော့ မဆိုင်းမတွဘဲ “Amber Rose” လို့ ဖြေခဲ့တာပါ။ အဲ့ဒီ Interview ကို Amber မြင်ပြီးနောက် ပြန် ဝေမျှခဲ့ပြီး Twitter မှာပဲ “ချစ်စရာကောင်းတယ်” လို့ ပြန်ရေးခဲ့ပါတယ်။ အဲ့နောက်မှာ ချစ်ဇာတ်လမ်းလေးတွေစပြီး လက်ထပ်လိုက်ကြပါလေရောတဲ့။

Wiz Khalifa နဲ့ Amber Rose

(၇) Tom Cruise နဲ့ Katie Holmes

Tom Cruise ရဲ့ ဇနီးဟောင်းဖြစ်ခဲ့သူ Katie ကတော့ သူမ ငယ်ငယ်လေးတည်းက Tom အပေါ် စွဲလန်းလွန်းတာများ သူမရဲ့ ဖတ်စာအုပ်တွေထဲမှာ Tom ရဲ့ ပုံတွေ သိမ်းထားခဲ့တဲ့ထိပါပဲ။ Tom နဲ့ လက်ထပ်ခဲ့ရတဲ့နေ့ဟာ သူမဘဝရဲ့ အိပ်မက်တွေအားလုံး ဖြစ်လာသလိုပါပဲဆိုပြီး ဝမ်းအသာဆုံးမိန်းကလေးဖြစ်ခဲ့ပါတယ်တဲ့။

Tom Cruise နဲ့ Katie Holmes

ကိုယ်ငယ်စဉ်တည်းက ကြွေရ၊ ရူးသွပ်ရတဲ့ မင်းသားမင်းသမီးတွေနဲ့ လက်ထပ်ခွင့်ရတဲ့ သူတို့ကတော့ အချိန်တော်တော်ကြာ ခွာမပြဲကြခင်အထိတော့ ကံအကောင်းဆုံးလူသားတွေဖြစ်ခဲ့ကြမှာပါ။

EiEiKhineMinn ( Akhayar )