[Zawgyi]

မယုံၾကည္ႏုိင္ေလာက္ေအာင္ သမုိင္းမွာထင္ရွားခဲ့တဲ့ လူထူးလူဆန္းမ်ား

ဒီေန႕ေခတ္မွာလည္း ဒီလုိ တမူထူးဆန္းတဲ့ သူေတြကုိ ေတြ႕ဖူးမွာျဖစ္ေပမယ့္ အျပင္မွာ တကယ္ရွိတယ္လုိ႕ ေျပာရင္ မယုံတဲ့သူကပုိမ်ားပါတယ္။ မိခင္၀မ္းဗုိက္ထဲကေန လူ႕ေလာကထဲေရာက္ခ်ိန္အထိ သူတုိ႕ေတြမွာ သူမ်ားထက္ပုိထူးတဲ့ ခႏၶာကုိယ္နဲ႕ ကုိယ္ရည္ကုိယ္ေသြးေတြကုိပုိင္ဆုိင္ထားရပါတယ္။ လူ႔ပတ္၀န္းက်င္မွာေတာ့ သူတုိ႕ျဖတ္သန္းရတဲ့ဘ၀က ခက္ခဲေကာင္းခက္ခဲႏုိင္ေပမယ့္ ေလာကဓံကုိ ၾကံ့ၾကံ႕ခုိင္ရင္ဆုိင္ၿပီး သူတုိ႕ရဲ႕ လက္ရွိဘ၀ကုိေရာင့္ရဲၿပီးေနႏုိင္တာကေတာ့ တကယ့္ကုိ ခ်ီးက်ဴးဖုိ႕ေကာင္းလွပါတယ္။


(၁) သစ္ပင္လူသားေတြလုိ႕ နာမည္ေပးခံထားရတဲ့ သူေတြ တကယ္ရွိတယ္ဆုိရင္ ယုံမွာလား။
သူတုိ႕ေတြဟာ ဆံပင္မွာသာမက မ်က္ႏွာတစ္ခုလုံးမွာပါ အေမႊးမွ်င္ေတြအမ်ားႀကီး ဖုံးလႊမ္းေနတာမုိ႕ ရုတ္တရက္ သူတုိ႕ကုိ ျမင္ေတြ႕တဲ့သူတုိင္း  ထိတ္လန္႕မိၾကမွာ ေသခ်ာပါတယ္။ ပထမဆုံးအေနနဲ႕ Petrus လုိ႕ေခၚတဲ့ သစ္ပင္လူသားေလးဟာ  အသက္(၁၀)ႏွစ္အရြယ္မွာ ပင္လယ္ဓားျပေတြထံ ေရာင္းစားခံခဲ့ရတာပါ။ အရြြယ္ေရာက္ခ်ိန္မွာေတာ့ ျပင္သစ္ဘုရင္ Henri II ကြယ္လြန္ခ်ိန္မွာ ဘုရင္အျဖစ္တင္ေျမွာက္ခံခဲ့ရျပီး သစ္ပင္လူသားလုိ႕ နာမည္တြင္ခဲ့တာပါ။   သူဟာ ေခ်ာေမာလွပတဲ့ ဘုရင္မနဲ႕ေပါင္းသင္းလက္ထပ္ခဲ့ရာက သားသမီး(၆)ဦး ထြန္းကားခဲ့တာျဖစ္ပါတယ္။ ကေလး(၆)ဦးအနက္ (၄)ဦးကေတာ့  ဖခင္ျဖစ္သူလိုပဲ မ်က္ႏွာေပၚမွာ အေမႊးအမွ်င္ေတြမ်ားစြာ ပါလာတာမုိ႕ သစ္ပင္လူသားေတြအၿဖစ္ ဆက္ၿပီး နာမည္တြင္ခဲ့တယ္လုိ႕ သိရပါတယ္။

(၂) အခုေနာက္ထပ္ေဖာ္ျပေပးမယ့္သူကေတာ့ ေၿခေထာက္သုံးေခ်ာင္းပါတဲ့ အာဂလူသားပါ။ သူကေတာ့ ေမြးရာပါ ေျခေထာက္သုံးေခ်ာင္းပါလာတာမုိ႕ ေက်ာင္းေနအရြယ္မွာထဲက လူအမ်ားၾကား ပုိၿပီးနာမည္ႀကီးခဲ့ပါတယ္။  မိခင္ျဖစ္သူက သူ႕ကုိ အမႊာအၿဖစ္(၁၉၈၉)ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး သူတစ္ဦးထဲသာ လူ႕ေလာကထဲ အသက္ရွင္ခြင့္ရခဲ့ပါတယ္။  ထူးျခားတာက သူ႕မွာ သာမန္လူနဲ႕မတူပဲ ေျခေထာက္တစ္ေခ်ာင္းအပုိပါလာခဲ့တာပါ။  သူဟာ အသက္(၈)ႏွစ္အရြယ္မွာေတာ့ အမရိကန္ႏုိင္ငံကုိေျပာင္းေရႊ႕ေနထုိင္ခဲ့ျပီး ဆက္ကပ္အဖြဲ႕၀င္တစ္ဦးအျဖစ္ တင္ဆက္ေဖ်ာ္ေျဖခဲ့ရင္း သူ႕ေခတ္သူ႕အခါအေလ်ာက္ နာမည္ႀကီးခဲ့ပါတယ္။ ဒါ့ျပင္ သူဟာ သူရွင္သန္ခဲ့တဲ့ ဘ၀အေၾကာင္းနဲ႕ပတ္သက္ၿပီး ျဖစ္ရပ္မွန္စာအုပ္ ေရးသားထုတ္ေ၀ခဲ့ဖူးပါတယ္။  အသက္(၇၇)ႏွစ္မွာ ကြယ္လြန္သြားခဲ့ေပမယ့္လည္း သမုိင္းမွာေတာ့ သူက ေလးစားဖြယ္အာဂလူသားအျဖစ္ ဂုဏ္သတင္းေမႊးခဲ့ပါတယ္။

(၃) လူႀကီးေတြေတာင္ မလုပ္ႏုိင္ေလာက္တဲ့အရာကုိ ကေလးငယ္ငယ္ေလးတစ္ေယာက္က လုပ္ႏုိင္တယ္ဆုိေတာ့ တကယ္ကုိ ယုံရခက္ပါတယ္။ သူေလးကေတာ့ အဂၤလိပ္စာလုံးေတြကုိ အလြတ္ေျပာႏုိင္ခဲ့တဲ့ ခရစ္ယာန္ ကေလးငယ္ေလး တစ္ဦးျဖစ္ပါတယ္။ (၁၇၂၁)ခုႏွစ္ေလာက္ကေမြးဖြားခဲ့တဲ့ အဆုိပါကေလးငယ္ေလးဟာ အရြယ္နဲ႕မလုိက္ေအာင္ မွတ္ဥာဏ္ေကာင္းလြန္းေနတာမုိ႕ လူႀကီးေတြေတာင္ ခ်ီးက်ဳးခဲ့ၿပီး ဂုဏ္သတင္းေက်ာ္ေဇာခဲ့တာပါ။ အ့ံအားသင့္စရာေကာင္းတာက သူဟာ အသက္(၁၀)လအရြယ္ထဲက စာရြက္မွာ ခ်ေရးထားတဲ့ နာမည္ေတြ ၊ စာသားေတြကုိ ကၽြမ္းကၽြမ္းက်င္က်င္ေျပာႏုိင္သူျဖစ္ပါတယ္။ အသက္(၃)ႏွစ္အရြယ္မွာေတာ့ Danish သမုိင္းေၾကာင္းကုိ စျပီး သင္ယူခဲ့တယ္လုိ႕သိရပါတယ္။

(၄) ေနာက္ဆုံးေဖာ္ျပေပးခ်င္တဲ့ ထူးၿခားတဲ့လူသားႏွစ္ဦးကေတာ့ လူထြားႀကီးေတြလုိ႕ နာမည္တြင္ခဲ့တဲ့ Giants စုံတြဲပါ။ ဘယ္ေလာက္ထိေတာင္ ထြားက်ဴိင္းလဲဆုိရင္ေတာ့ ခင္ပြန္းျဖစ္သူရဲ႕ အရပ္အေမာင္းက  (၇ေပ -၆ လက္မ)ရွိသလုိ ဇနီးျဖစ္သူရဲ႕ အရပ္အေမာင္းက (၇ေပ -၅လက္မ)ထိ ရွိတယ္လုိ႕ သိရပါတယ္။     သူတုိ႕စုံတြဲရဲ႕ ၿမင့္မားထြားက်ုိင္းတဲ့ ခႏၶာကုိယ္ သြင္ျပင္ေၾကာင့္ နာမည္ေက်ာ္ခဲ့တာမဟုတ္ဘဲ သရုပ္ေဆာင္စြမ္းရည္နဲ႕ ဂီတအရည္အေသြးေၾကာင့္ သူတုိ႕ကုိ   ပုိၿပီး လူသိမ်ားေစခဲ့တာျဖစ္ပါတယ္။


သူတုိ႕ေတြဟာ သာမန္လူေတြနဲ႕မတူကြဲၿပားတဲ့ အားနည္းခ်က္ အားသာခ်က္ေတြ ပုိင္ဆုိင္ထားၾကျပီး သူ႕ေခတ္သူ႕အခါအေလ်ာက္ နာမည္ေက်ာ္ၾကားခဲ့သူေတြျဖစ္ပါတယ္။ ပရိသတ္ေတြလည္း ကုိယ့္ရဲ႕လက္ရွိဘ၀ကုိ တန္ဖုိးထားျပီး အေကာင္းဆုံးေနထုိင္သြားႏိုင္ၾကပါေစေနာ္။

Stella (AKhayar)

www.Akhayar.com

[Unicode]

မယုံကြည်နိုင်လောက်အောင် သမိုင်းမှာထင်ရှားခဲ့တဲ့ လူထူးလူဆန်းများ

ဒီနေ့ခေတ်မှာလည်း ဒီလို တမူထူးဆန်းတဲ့ သူတွေကို တွေ့ဖူးမှာဖြစ်ပေမယ့် အပြင်မှာ တကယ်ရှိတယ်လို့ ပြောရင် မယုံတဲ့သူကပိုများပါတယ်။ မိခင်ဝမ်းဗိုက်ထဲကနေ လူ့လောကထဲရောက်ချိန်အထိ သူတို့တွေမှာ သူများထက်ပိုထူးတဲ့ ခန္ဓာကိုယ်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေကိုပိုင်ဆိုင်ထားရပါတယ်။ လူ့ပတ်ဝန်းကျင်မှာတော့ သူတို့ဖြတ်သန်းရတဲ့ဘဝက ခက်ခဲကောင်းခက်ခဲနိုင်ပေမယ့် လောကဓံကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ပြီး သူတို့ရဲ့ လက်ရှိဘဝကိုရောင့်ရဲပြီးနေနိုင်တာကတော့ တကယ့်ကို ချီးကျူးဖို့ကောင်းလှပါတယ်။

(၁) သစ်ပင်လူသားတွေလို့ နာမည်ပေးခံထားရတဲ့ သူတွေ တကယ်ရှိတယ်ဆိုရင် ယုံမှာလား။
သူတို့တွေဟာ ဆံပင်မှာသာမက မျက်နှာတစ်ခုလုံးမှာပါ အမွှေးမျှင်တွေအများကြီး ဖုံးလွှမ်းနေတာမို့ ရုတ်တရက် သူတို့ကို မြင်တွေ့တဲ့သူတိုင်း ထိတ်လန့်မိကြမှာ သေချာပါတယ်။ ပထမဆုံးအနေနဲ့ Petrus လို့ခေါ်တဲ့ သစ်ပင်လူသားလေးဟာ အသက်(၁၀)နှစ်အရွယ်မှာ ပင်လယ်ဓားပြတွေထံ ရောင်းစားခံခဲ့ရတာပါ။ အရွယ်ရောက်ချိန်မှာတော့ ပြင်သစ်ဘုရင် Henri II ကွယ်လွန်ချိန်မှာ ဘုရင်အဖြစ်တင်မြှောက်ခံခဲ့ရပြီး သစ်ပင်လူသားလို့ နာမည်တွင်ခဲ့တာပါ။ သူဟာ ချောမောလှပတဲ့ ဘုရင်မနဲ့ပေါင်းသင်းလက်ထပ်ခဲ့ရာက သားသမီး(၆)ဦး ထွန်းကားခဲ့တာဖြစ်ပါတယ်။ ကလေး(၆)ဦးအနက် (၄)ဦးကတော့ ဖခင်ဖြစ်သူလိုပဲ မျက်နှာပေါ်မှာ အမွှေးအမျှင်တွေများစွာ ပါလာတာမို့ သစ်ပင်လူသားတွေအဖြစ် ဆက်ပြီး နာမည်တွင်ခဲ့တယ်လို့ သိရပါတယ်။

(၂) အခုနောက်ထပ်ဖော်ပြပေးမယ့်သူကတော့ ခြေထောက်သုံးချောင်းပါတဲ့ အာဂလူသားပါ။ ပရိသတ်ကြီးရေ ။သူကတော့ မွေးရာပါ ခြေထောက်သုံးချောင်းပါလာတာမို့ ကျောင်းနေအရွယ်မှာထဲက လူအများကြား ပိုပြီးနာမည်ကြီးခဲ့ပါတယ်။ မိခင်ဖြစ်သူက သူ့ကို အမွှာအဖြစ်(၁၉၈၉)ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူတစ်ဦးသာ လူ့လောကထဲ အသက်ရှင်ခွင့်ရခဲ့ပါတယ်။ ထူးခြားတာက သူ့မှာ သာမန်လူနဲ့မတူပဲ ခြေထောက်တစ်ချောင်းအပိုပါလာခဲ့တာပါ။ သူဟာ အသက်(၈)နှစ်အရွယ်မှာတော့ အမရိကန်နိုင်ငံကိုပြောင်းရွှေ့နေထိုင်ခဲ့ပြီး ဆက်ကပ်အဖွဲ့ဝင်တစ်ဦးအဖြစ် တင်ဆက်ဖျော်ဖြေခဲ့ရင်း သူ့ခေတ်သူ့အခါအလျောက် နာမည်ကြီးခဲ့ပါတယ်။ ဒါ့ပြင် သူဟာ သူရှင်သန်ခဲ့တဲ့ ဘဝအကြောင်းနဲ့ပတ်သက်ပြီး ဖြစ်ရပ်မှန်စာအုပ် ရေးသားထုတ်ဝေခဲ့ဖူးပါတယ်။ အသက်(၇၇)နှစ်မှာ ကွယ်လွန်သွားခဲ့ပေမယ့်လည်း သမိုင်းမှာတော့ သူက လေးစားဖွယ်အာဂလူသားအဖြစ် ဂုဏ်သတင်းမွှေးခဲ့ပါတယ်။

(၃) လူကြီးတွေတောင် မလုပ်နိုင်လောက်တဲ့အရာကို ကလေးငယ်ငယ်လေးတစ်ယောက်က လုပ်နိုင်တယ်ဆိုတော့ တကယ်ကို ယုံရခက်ပါတယ်။ သူလေးကတော့ အင်္ဂလိပ်စာလုံးတွေကို အလွတ်ပြောနိုင်ခဲ့တဲ့ ခရစ်ယာန် ကလေးငယ်လေး တစ်ဦးဖြစ်ပါတယ်။ (၁၇၂၁)ခုနှစ်လောက်ကမွေးဖွားခဲ့တဲ့ အဆိုပါကလေးငယ်လေးဟာ အရွယ်နဲ့မလိုက်အောင် မှတ်ဉာဏ်ကောင်းလွန်းနေတာမို့ လူကြီးတွေတောင် ချီးကျုးခဲ့ပြီး ဂုဏ်သတင်းကျော်ဇောခဲ့တာပါ။ အံ့အားသင့်စရာကောင်းတာက သူဟာ အသက်(၁၀)လအရွယ်ထဲက စာရွက်မှာ ချရေးထားတဲ့ နာမည်တွေ ၊ စာသားတွေကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သူဖြစ်ပါတယ်။ အသက်(၃)နှစ်အရွယ်မှာတော့ Danish သမိုင်းကြောင်းကို စပြီး သင်ယူခဲ့တယ်လို့သိရပါတယ်။

(၄) နောက်ဆုံးဖော်ပြပေးချင်တဲ့ ထူးခြားတဲ့လူသားနှစ်ဦးကတော့ လူထွားကြီးတွေလို့ နာမည်တွင်ခဲ့တဲ့ Giants စုံတွဲပါ။ ဘယ်လောက်ထိတောင် ထွားကျိူင်းလဲဆိုရင်တော့ ခင်ပွန်းဖြစ်သူရဲ့ အရပ်အမောင်းက (၇ပေ -၆ လက်မ)ရှိသလို ဇနီးဖြစ်သူရဲ့ အရပ်အမောင်းက (၇ပေ -၅လက်မ)ထိ ရှိတယ်လို့ သိရပါတယ်။ သူတို့စုံတွဲရဲ့ မြင့်မားထွားကျိုင်းတဲ့ ခန္ဓာကိုယ် သွင်ပြင်ကြောင့် နာမည်ကျော်ခဲ့တာမဟုတ်ဘဲ သရုပ်ဆောင်စွမ်းရည်နဲ့ ဂီတအရည်အသွေးကြောင့် သူတို့ကို ပိုပြီး လူသိများစေခဲ့တာဖြစ်ပါတယ်။

သူတို့တွေဟာ သာမန်လူတွေနဲ့မတူကွဲပြားတဲ့ အားနည်းချက် အားသာချက်တွေ ပိုင်ဆိုင်ထားကြပြီး သူ့ခေတ်သူ့အခါအလျောက် နာမည်ကျော်ကြားခဲ့သူတွေဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကိုယ့်ရဲ့လက်ရှိဘဝကို တန်ဖိုးထားပြီး အကောင်းဆုံးနေထိုင်သွားနိုင်ကြပါစေနော်။

Stella (AKhayar)

www.Akhayar.com