[Zawgyi]

‘Valentine’s Day’ မွာ တစ္ကုိယ္တည္း ျဖတ္သန္းရသူေတြရဲ႕ အက်င့္စရုိက္မ်ား

အင္း ‘Valentine’s Day’ ဆုိတာ Single ေတြအတြက္ မၾကားခ်င္ဆုံးေန႔ပဲ။ အခ်စ္ဆုိတဲ့ စကားလုံးကုိ ကုိယ္နဲ႔မဆုိင္သလုိ တစ္ႏွစ္လုံးေနတုန္းက အေကာင္း၊  ‘ခ်စ္သူမ်ားေန႔’ ေရာက္ခါမွ ေလွာင္စရာကုိ ျဖစ္ကုန္ေရာ။ ဒါေပမယ့္ ဂရုစုိက္စရာေတာ့ မလုိပါဘူး။ တကယ္ေတာ့ Singleဆုိတာ ခက္ခဲလွတဲ့ ေပ်ာ္စရာေကာင္းလွတဲ့ ေလာကစည္းစိမ္ကုိ ဘယ္သူ႕မွဂရုစုိက္စရာမလုိဘဲ တစ္ကုိယ္ေတာ္ျဖတ္သန္းေနၾကတာပါ။ သြားခ်င္တဲ့ေနရာကုိ ဘယ္သူ႕မွခြင့္ေတာင္းစရာမလုိတဲ့ Single ဘဝကုိ ဘာျဖစ္လုိ႔ ဝင္ေရာက္ၾကတာလဲဆုိတာ Single အေပါင္းသူေတာ္ေကာင္းေတြကုိ စစ္တမ္းေကာက္ၿပီးတဲ့ေနာက္မွာေတာ့ . . ။

၁။ အီစီကလီသမား

တခ်ိဳ႕ Single ေတြက်ေတာ့ Facebook မွာျဖစ္ျဖစ္၊ Viber မွာပဲျဖစ္ျဖစ္ ေတြ႕ရင္ ဖြန္ေၾကာင္မယ္၊ ဒါေပမယ့္ ရည္းစားမထားခ်င္ဘူး။ သူ႕အေနနဲ႔ ရည္းစားထားဖုိ႔ထက္ အီစီကလီေျပာရတာကုိ ပုိအားသန္လုိ႔ပါ။ ဒီလုိ Single ေတြကေတာ့ ဒုနဲ႔ေဒးရွိပါတယ္။

မဂၤလာလက္ဖြဲ႕

မဂၤလာလက္ဖြဲ႕

၂။ ရင့္က်က္လာသူ

သူကေတာ့ ဘာမွနားမလည္ခင္က ရည္းစားေတြ ထားခဲ့ဖူးတယ္။ နားလည္လာေတာ့ အခ်စ္မပါတဲ့ Relationship တစ္ခုကုိ ဆက္မတြဲခ်င္ေတာ့ဘူးလုိ႔ ခံယူၿပီး တစ္ေယာက္တည္းေအးေဆးေနေတာ့တာ။ ဒီလုိ Single က အခ်စ္စစ္ကုိ ေစာင့္ေနတဲ့ Single ဗ်။ တခ်ိဳ႕ေတြကလည္း ဘြဲ႕မရေသးရင္၊ လုိခ်င္တဲ့ပန္းတုိင္မေရာက္ေသးရင္ ရည္းစားသနာမထားခ်င္တဲ့သေဘာပါ။ ရည္မွန္းခ်က္ႀကီးတာလား ဘာလားေတာ့မသိ။

၃။ ခ်ိန္ပါ

ဒီ Single ဘဝကေတာ့ သနားစရာေကာင္းပါတယ္။ ကုိယ္စိတ္ဝင္စားလုိ႔ ခ်ိန္မယ္ၾကံခါရွိေသး၊ တျခားသူေနာက္ ေကာင္မေလးက ပါသြားၿပီ။ အာ့ေၾကာင့္ သူ႕ကုိ “ခ်ိန္ပါ” လုိ႔ေခၚတယ္။ ခ်ိန္လုိက္တုိင္း ပါသြားလုိက္ လုံးလည္လုိက္ေနရင္းနဲ႔ Single ဘဝမွာ ေသာင္တင္ေနတာေပါ့။

၄။ ပုိးဟပ္

ပုိးဟပ္ကေတာ့ ခ်ိန္ပါထက္ နည္းနည္းျမင့္တယ္။ ကုိယ္စိတ္ဝင္စားတဲ့ ေကာင္မေလးကုိ အမွန္အကန္လုိက္ေနၿပီ၊ ေကာင္မေလးနဲ႔ ညဘက္ဆုိ ဖုန္းေတြေျပာလုိက္၊ အျပင္မွာ မုန္႔ထြက္စားလုိက္နဲ႔ ကုိယ္ပုိးေနတုန္းမွာ တျခားတစ္ေကာင္က ဟပ္သြားလုိ႔ သူ႕ကုိ ပုိးဟပ္လုိ႔ေခၚတာ။ ပုိးလုိက္တုိင္း အဟပ္ခံလုိက္ရတုိင္းနဲ႔ Single ျဖစ္ေနတာ။

၅။ စီလီကြန္သမား

ဒီလုိေကာင္ေတြက Single ဘဝသာ ေရာက္ေနတာ ေခသူမဟုတ္ဖူး။ ဓာတ္တုိင္ကုိေတာင္ ထဘီဝတ္ေပးရင္ ေတာင့္တယ္ေျဖာင့္တယ္ေျပာၾကတဲ့ ငယ္ျဖဴႏွာပူးေတြပါ။ သူတုိ႔က နားပူမခံခ်င္လုိ႔ အျပင္မွာ ရည္းစားမထားဘူး၊ ပုိက္ဆံသိန္း ၃ဝရွိရင္ စီလီကြန္ရုပ္ပဲ ဝယ္မယ့္သေဘာ။ ပန္းဆယ္မ်ိဳးမွာမပါတဲ့ လက္သမားေတြေပါ့ဗ်ာ။

မဂၤလာလက္ဖြဲ႕

မဂၤလာလက္ဖြဲ႕

၆။ အသည္းကြဲမင္းသား

“အပ်ိဳႀကီး . . . တကယ္လုပ္မွာလား ေျပာစမ္းပါ၊ ရည္ရြယ္တဲ့ မင္းအေၾကာင္းကုိ တကယ္လုိ႔မင္းနဲ႔ မေပါင္းျဖစ္ရင္ေတာ့ အားက်မခံ လူပ်ိဳႀကီးပဲ လုပ္ေတာ့မယ္” ဆုိတဲ့ သီခ်င္းလုိပဲ တကယ္ခ်စ္ရတဲ့သူနဲ႔ ကြဲခဲ့လုိ႔ပဲျဖစ္ျဖစ္၊ မရခဲ့လုိ႔ပဲျဖစ္ျဖစ္ အခ်စ္သစ္မရွာခ်င္တာနဲ႔ တစ္ေယာက္တည္းေအးေဆးေနေတာ့တာပါ။

၇။ FA စစ္စစ္

ျဗဟၼျပည္က ဆင္းလာတဲ့ FA စစ္စစ္သမားေတြက Single အသုိင္းအဝုိင္းမွာဆုိရင္ ဂုဏ္သိကၡာအရွိဆုံးလူတန္းစားပါ။ မိဘေတြက ဘယ္လုိပဲတုိက္တြန္းပါေစဦး၊ FA သမားေတြက ဆန္႔က်င္ဘက္လိင္ကုိ စိတ္ဝင္စားလုိ႔ကုိ မရတာ။ FA သမားေတြဆုိတာက လက္ဖက္ရည္ဆုိင္ထုိင္ရင္ေတာင္ စမူဆာကုိ မစားဘဲနဲ႔ အီၾကာေကြးကုိပဲ က်စ္က်စ္ပါေအာင္ ဆုပ္ထားတဲ့လူမ်ိဳး။

Single ေတြကုိေတာ့ အေသးစိတ္အမ်ိဳးအစားခြဲၿပီး ေဖာ္ျပခဲ့ၿပီးပါၿပီ။ အခုေဖာ္ျပခဲ့တဲ့ (၇) ေယာက္ကေတာ့ ‘Valentine’s Day’ မွာ တစ္ေယာက္တည္းျဖတ္သန္းရဦးမွာပါ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

‘Valentine’s Day’ မှာ တစ်ကိုယ်တည်း ဖြတ်သန်းရသူတွေရဲ့ အကျင့်စရိုက်များ

အင်း ‘Valentine’s Day’ ဆိုတာ Single တွေအတွက် မကြားချင်ဆုံးနေ့ပဲ။ အချစ်ဆိုတဲ့ စကားလုံးကို ကိုယ်နဲ့မဆိုင်သလို တစ်နှစ်လုံးနေတုန်းက အကောင်း၊  ‘ချစ်သူများနေ့’ ရောက်ခါမှ လှောင်စရာကို ဖြစ်ကုန်ရော။ ဒါပေမယ့် ဂရုစိုက်စရာတော့ မလိုပါဘူး။ တကယ်တော့ Singleဆိုတာ ခက်ခဲလှတဲ့ ပျော်စရာကောင်းလှတဲ့ လောကစည်းစိမ်ကို ဘယ်သူ့မှဂရုစိုက်စရာမလိုဘဲ တစ်ကိုယ်တော်ဖြတ်သန်းနေကြတာပါ။ သွားချင်တဲ့နေရာကို ဘယ်သူ့မှခွင့်တောင်းစရာမလိုတဲ့ Single ဘဝကို ဘာဖြစ်လို့ ဝင်ရောက်ကြတာလဲဆိုတာ Single အပေါင်းသူတော်ကောင်းတွေကို စစ်တမ်းကောက်ပြီးတဲ့နောက်မှာတော့ . . ။

၁။ အီစီကလီသမား

တချို့ Single တွေကျတော့ Facebook မှာဖြစ်ဖြစ်၊ Viber မှာပဲဖြစ်ဖြစ် တွေ့ရင် ဖွန်ကြောင်မယ်၊ ဒါပေမယ့် ရည်းစားမထားချင်ဘူး။ သူ့အနေနဲ့ ရည်းစားထားဖို့ထက် အီစီကလီပြောရတာကို ပိုအားသန်လို့ပါ။ ဒီလို Single တွေကတော့ ဒုနဲ့ဒေးရှိပါတယ်။

မင်္ဂလာလက်ဖွဲ့

မင်္ဂလာလက်ဖွဲ့

၂။ ရင့်ကျက်လာသူ

သူကတော့ ဘာမှနားမလည်ခင်က ရည်းစားတွေ ထားခဲ့ဖူးတယ်။ နားလည်လာတော့ အချစ်မပါတဲ့ Relationship တစ်ခုကို ဆက်မတွဲချင်တော့ဘူးလို့ ခံယူပြီး တစ်ယောက်တည်းအေးဆေးနေတော့တာ။ ဒီလို Single က အချစ်စစ်ကို စောင့်နေတဲ့ Single ဗျ။ တချို့တွေကလည်း ဘွဲ့မရသေးရင်၊ လိုချင်တဲ့ပန်းတိုင်မရောက်သေးရင် ရည်းစားသနာမထားချင်တဲ့သဘောပါ။ ရည်မှန်းချက်ကြီးတာလား ဘာလားတော့မသိ။

၃။ ချိန်ပါ

ဒီ Single ဘဝကတော့ သနားစရာကောင်းပါတယ်။ ကိုယ်စိတ်ဝင်စားလို့ ချိန်မယ်ကြံခါရှိသေး၊ တခြားသူနောက် ကောင်မလေးက ပါသွားပြီ။ အာ့ကြောင့် သူ့ကို “ချိန်ပါ” လို့ခေါ်တယ်။ ချိန်လိုက်တိုင်း ပါသွားလိုက် လုံးလည်လိုက်နေရင်းနဲ့ Single ဘဝမှာ သောင်တင်နေတာပေါ့။

၄။ ပိုးဟပ်

ပိုးဟပ်ကတော့ ချိန်ပါထက် နည်းနည်းမြင့်တယ်။ ကိုယ်စိတ်ဝင်စားတဲ့ ကောင်မလေးကို အမှန်အကန်လိုက်နေပြီ၊ ကောင်မလေးနဲ့ ညဘက်ဆို ဖုန်းတွေပြောလိုက်၊ အပြင်မှာ မုန့်ထွက်စားလိုက်နဲ့ ကိုယ်ပိုးနေတုန်းမှာ တခြားတစ်ကောင်က ဟပ်သွားလို့ သူ့ကို ပိုးဟပ်လို့ခေါ်တာ။ ပိုးလိုက်တိုင်း အဟပ်ခံလိုက်ရတိုင်းနဲ့ Single ဖြစ်နေတာ။

၅။ စီလီကွန်သမား

ဒီလိုကောင်တွေက Single ဘဝသာ ရောက်နေတာ ခေသူမဟုတ်ဖူး။ ဓာတ်တိုင်ကိုတောင် ထဘီဝတ်ပေးရင် တောင့်တယ်ဖြောင့်တယ်ပြောကြတဲ့ ငယ်ဖြူနှာပူးတွေပါ။ သူတို့က နားပူမခံချင်လို့ အပြင်မှာ ရည်းစားမထားဘူး၊ ပိုက်ဆံသိန်း ၃ဝရှိရင် စီလီကွန်ရုပ်ပဲ ဝယ်မယ့်သဘော။ ပန်းဆယ်မျိုးမှာမပါတဲ့ လက်သမားတွေပေါ့ဗျာ။

မင်္ဂလာလက်ဖွဲ့

မင်္ဂလာလက်ဖွဲ့

၆။ အသည်းကွဲမင်းသား

“အပျိုကြီး . . . တကယ်လုပ်မှာလား ပြောစမ်းပါ၊ ရည်ရွယ်တဲ့ မင်းအကြောင်းကို တကယ်လို့မင်းနဲ့ မပေါင်းဖြစ်ရင်တော့ အားကျမခံ လူပျိုကြီးပဲ လုပ်တော့မယ်” ဆိုတဲ့ သီချင်းလိုပဲ တကယ်ချစ်ရတဲ့သူနဲ့ ကွဲခဲ့လို့ပဲဖြစ်ဖြစ်၊ မရခဲ့လို့ပဲဖြစ်ဖြစ် အချစ်သစ်မရှာချင်တာနဲ့ တစ်ယောက်တည်းအေးဆေးနေတော့တာပါ။

၇။ FA စစ်စစ်

ဗြဟ္မပြည်က ဆင်းလာတဲ့ FA စစ်စစ်သမားတွေက Single အသိုင်းအဝိုင်းမှာဆိုရင် ဂုဏ်သိက္ခာအရှိဆုံးလူတန်းစားပါ။ မိဘတွေက ဘယ်လိုပဲတိုက်တွန်းပါစေဦး၊ FA သမားတွေက ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားလို့ကို မရတာ။ FA သမားတွေဆိုတာက လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် စမူဆာကို မစားဘဲနဲ့ အီကြာကွေးကိုပဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့လူမျိုး။

Single တွေကိုတော့ အသေးစိတ်အမျိုးအစားခွဲပြီး ဖော်ပြခဲ့ပြီးပါပြီ။ အခုဖော်ပြခဲ့တဲ့ (၇) ယောက်ကတော့ ‘Valentine’s Day’ မှာ တစ်ယောက်တည်းဖြတ်သန်းရဦးမှာပါ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။