[ZawGyi]

A ေသြးပိုင္ရွင္ေတြ ဘာေၾကာင္႔ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္လြယ္သလဲ

ခုခ်ိန္ကစျပီး A ေသြးသမားေတြအေနနဲ႔ ဘူေဖးေကၽြးတိုင္းမ်ားမ်ားမစားဖို႔နဲ႔ ခရီးသြားလာလုိ႔အစားအေသာက္စားတဲ႔အခါ သူမ်ားေတြထက္သတိထားဖုိ႔မွာခ်င္ပါတယ္ေနာ္။ ဘာေၾကာင္႔လဲဆုိေတာ႔ A ေသြးပိုင္ရွင္ေတြဟာ တျခားေသြးအမ်ိဳးအစားေတြထက္ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္လြယ္တယ္လုိ႔သိရွိရလို႔ပါပဲ။

Washington University School of Medicine ရဲ႕ေလ႔လာခ်က္ေတြအရ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ေစတဲ႔ Escherichia coli (E.coli) ဟာ A ေသြးပိုင္ရွင္ေတြကိုပိုဒုကၡေပးပါတယ္။ ဒီဘက္တီးရီးယားက A ေသြးပိုင္ရွင္ေတြရဲ႕ အူလမ္းေၾကာင္းမွာရွိတဲ႔ဆဲလ္ေတြမွာ ကပ္တြယ္ေစမယ္႔ပရိုတင္းေတြကိုထုတ္လုပ္တာေၾကာင္႔ျဖစ္ပါတယ္။ ဒါေပမဲ႔ Bေသြး နဲ႔ O ေသြးအမ်ိဳးအစားေတြမွာေတာ႔ ဒီလိုအျဖစ္မ်ိဳးမေတြ႔ရွိရဘူးလုိ႔ဆုိပါတယ္။

E-coli

E-coli

က်န္းမာတဲ႔ လူ ၁၀၆ ေယာက္က ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ေစတဲ႔ E.coli ပါတဲ႔ေရေတြကို ေသာက္သံုးခဲ႔ျပီးအစမ္းသပ္ခံခဲ႔ၾကပါတယ္။ ဒီလုိစမ္းသပ္ရာမွာ O ေသြးနဲ႔ B ေသြးေတြက ဝမ္းပ်က္ဝမ္းေလွ်ာကို ခံႏိုင္ရည္ရွိခဲ႔ၾကျပီး ၅၆ ရာခိုင္ႏႈန္းေလာက္သာ ဝမ္းေလွ်ာခဲ႔ၾကပါတယ္။ A ေသြးနဲ႔ AB ေသြးေတြကေတာ႔ ဝမ္းပ်က္ဝမ္းေလွ်ာပိုျဖစ္ၾကျပီး A ေသြး၈၁ ရာခိုင္ႏႈန္းက အခုလုိဝမ္းပ်က္ဝမ္းေလွ်ာဒဏ္ကိုခံခဲ႔ရတာျဖစ္ပါတယ္။ ဒီလုိလုပ္ေဆာင္တာက ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ေစတဲ႔ပရိုတင္းကိုပိုျပီးထိထိေရာက္ေရာက္ တိုက္ဖ်က္ႏိုင္တဲ႔ေဆးကိုထုတ္လုပ္ႏိုင္ဖုိ႔ျဖစ္ပါတယ္။

E. coli ေၾကာင္႔ တစ္ႏွစ္အတြင္း Infections သန္းေပါင္းမ်ားစြာဝင္ျပီး လူေပါင္းမ်ားစြာ ေသဆံုးေနၾကရပါတယ္။ ဒါဟာလည္း ညစ္ပတ္တဲ႔ပတ္ဝန္းက်င္နဲ႔ ဖြ႔ံျဖိဳးဆဲႏိုင္ငံေတြမွာ ပိုျပီးပ်႕ံပြားႏိုင္ပါတယ္။ ဒီလိုမျဖစ္ေစဖုိ႔ အစာသန္႔ဖုိ႔၊ေရသန္႔ဖုိ႔၊လက္သန္႔ဖုိ႔ကို ပိုျပီးဂရုစိုက္သင္႔တဲ႔အျပင္ ခရီးသြားလာရင္လည္းပိုမိုသတိထားသင္႔ပါတယ္။

အထူးသျဖင္႔ A ေသြးပိုင္ရွင္ေတြအေနနဲ႔ ဝမ္းေလွ်ာဝမ္းပ်က္ဒဏ္ကိုပိုမိုခံစားရႏိုင္တာမုိ႔ အျခားသူေတြထက္ပိုမိုသတိထားဖုိ႔လုိအပ္တာျဖစ္တယ္လုိ႔သိရပါတယ္ေနာ္။

www.akhayar.com

[Unicode]

A သွေးပိုင်ရှင်တွေ ဘာကြောင့်ဝမ်းပျက်ဝမ်းလျှောဖြစ်လွယ်သလဲ

ခုချိန်ကစပြီး A သွေးသမားတွေအနေနဲ့ ဘူဖေးကျွေးတိုင်းများများမစားဖို့နဲ့ ခရီးသွားလာလို့အစားအသောက်စားတဲ့အခါ သူများတွေထက်သတိထားဖို့မှာချင်ပါတယ်နော်။ ဘာကြောင့်လဲဆိုတော့ A သွေးပိုင်ရှင်တွေဟာ တခြားသွေးအမျိုးအစားတွေထက် ဝမ်းပျက်ဝမ်းလျှောဖြစ်လွယ်တယ်လို့သိရှိရလို့ပါပဲ။

Washington University School of Medicine ရဲ့လေ့လာချက်တွေအရ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ Escherichia coli (E.coli) ဟာ A သွေးပိုင်ရှင်တွေကိုပိုဒုက္ခပေးပါတယ်။ ဒီဘက်တီးရီးယားက A သွေးပိုင်ရှင်တွေရဲ့ အူလမ်းကြောင်းမှာရှိတဲ့ဆဲလ်တွေမှာ ကပ်တွယ်စေမယ့်ပရိုတင်းတွေကိုထုတ်လုပ်တာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ Bသွေး နဲ့ O သွေးအမျိုးအစားတွေမှာတော့ ဒီလိုအဖြစ်မျိုးမတွေ့ရှိရဘူးလို့ဆိုပါတယ်။

E-coli

E-coli

ကျန်းမာတဲ့ လူ ၁၀၆ ယောက်က ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ E.coli ပါတဲ့ရေတွေကို သောက်သုံးခဲ့ပြီးအစမ်းသပ်ခံခဲ့ကြပါတယ်။ ဒီလိုစမ်းသပ်ရာမှာ O သွေးနဲ့ B သွေးတွေက ဝမ်းပျက်ဝမ်းလျှောကို ခံနိုင်ရည်ရှိခဲ့ကြပြီး ၅၆ ရာခိုင်နှုန်းလောက်သာ ဝမ်းလျှောခဲ့ကြပါတယ်။ A သွေးနဲ့ AB သွေးတွေကတော့ ဝမ်းပျက်ဝမ်းလျှောပိုဖြစ်ကြပြီး A သွေး၈၁ ရာခိုင်နှုန်းက အခုလိုဝမ်းပျက်ဝမ်းလျှောဒဏ်ကိုခံခဲ့ရတာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တာက ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ပရိုတင်းကိုပိုပြီးထိထိရောက်ရောက် တိုက်ဖျက်နိုင်တဲ့ဆေးကိုထုတ်လုပ်နိုင်ဖို့ဖြစ်ပါတယ်။

E. coli ကြောင့် တစ်နှစ်အတွင်း Infections သန်းပေါင်းများစွာဝင်ပြီး လူပေါင်းများစွာ သေဆုံးနေကြရပါတယ်။ ဒါဟာလည်း ညစ်ပတ်တဲ့ပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီးပျံ့ပွားနိုင်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အစာသန့်ဖို့၊ရေသန့်ဖို့၊လက်သန့်ဖို့ကို ပိုပြီးဂရုစိုက်သင့်တဲ့အပြင် ခရီးသွားလာရင်လည်းပိုမိုသတိထားသင့်ပါတယ်။

အထူးသဖြင့် A သွေးပိုင်ရှင်တွေအနေနဲ့ ဝမ်းလျှောဝမ်းပျက်ဒဏ်ကိုပိုမိုခံစားရနိုင်တာမို့ အခြားသူတွေထက်ပိုမိုသတိထားဖို့လိုအပ်တာဖြစ်တယ်လို့သိရပါတယ်နော်။

www.akhayar.com