[Zawgyi]

ေလ့က်င့္ခန္းလုပ္တဲ့ပံုေတြကို Facebook တင္သူေတြမွာ စိတ္ပိုင္းဆိုင္ရာျပႆနာရွိေနဟု ဆို

ခင္ဗ်ားတို႔ အားလံုးရဲ႕ Friends List ထဲမွာ တစ္ေယာက္မဟုတ္ တစ္ေယာက္ေတာ့ Gym သြားတိုင္း၊ ဒါမွမဟုတ္လည္း အားကစားေလ့က်င့္ခန္း တစ္ခုခုလုပ္တိုင္း Facebook ကို တင္တတ္တဲ့သူရွိတယ္မလား။ ဒါမွမဟုတ္ ခင္ဗာ်းကိုယ္တိုင္က အဲဒီလို တင္တတ္တဲ့သူမ်ိဳး ျဖစ္ေနၿပီလား။

” ဒီေန႔ေတာ့ ၁၅ မိုင္ေျပးခဲ့တယ္ေဟ့” လို႔ မနက္ခင္းမွာ ျမင္ရတာဟာ စိတ္ဓာတ္တက္ႂကြဖြယ္ရာ ျဖစ္ေပမယ့္ တစ္ခါတေလမွာလည္း သူမ်ားေတြအတြက္ စိတ္အေႏွာက္အယွက္ျဖစ္ေစႏိုင္ပါေသးတယ္။

Brunel University in London က သုေတသနပညာရွင္ေတြကေတာ့ ဘာေၾကာင့္လူေတြဟာ သူတို႔ရဲ႕ ေလ့က်င့္ခန္းလုပ္တဲ့ ပံုရိပ္ေတြတိုင္းကို Social Media မွာ တင္ၾကသလဲလို႔ ေလ့လာၾကည့္တဲ့အခါ

အာရံုစိုက္မႈနဲ႔ အထင္ႀကီးမႈကို ရယူလိုျခင္း

ကိုယ့္ရဲ႕ Gym မွာ သြားကစားတ့္ လႈပ္ရွားမႈတိုင္းကို မွတ္တမး္တင္ခ်င္တဲ့သူေတြဟာ အတၱႀကီးတဲ့သူေတြ ျဖစ္ဖို႔ မ်ားပါတယ္။ သူတို႔ရဲ႕ အဓိကပန္းတိုင္ကေတာ့ ကိုယ့္ရဲ႕ ႐ုပ္ဆင္းသြင္ျပင္ေပၚမွာ အခ်ိန္အမ်ားႀကီး ႁမွဳပ္ႏွံထားတာကို ျပခ်င္လို႔ပဲလို႔ ဆိုပါတယ္။ တကယ္လည္း သူတို႔ရဲ႕ ဒီလို Status ေတြဟာ တျခား Post ေတြထက္ Like ပိုရပါတယ္။
သူတို႔ဟာ သူတို႔ရဲ႕ ေအာင္ျမင္မႈတိုင္းကို Facebook ေပၚ တင္ေလ့ရွိၾကၿပီး Facebook ေပၚက လူေတြရဲ႕ အာရံုစိုက္မႈနဲ႔ အသိအမွတ္ျပဳမႈကို ရွာေဖြၾကပါတယ္။ ဒါေပမယ့္ Like ေတြ အမ်ားႀကီးရတယ္ဆိုတိုင္း လူေတြဟာ ဒီ Post ေတြကို ၾကည့္ရတာ ႀကိဳက္တယ္လို႔ မဆိုလိုပါဘူး။

ဒီလိုေတြ ရရင္ သူတို႔ရဲ႕ အတၱကို ေလ႐ိုက္ေပးေနသလို ျဖစ္တဲ့အတြက္ ပိုေအာင္ျမင္သူ၊ ပိုလုပ္ႏိုင္သူအျဖစ္ ထင္လို႔ ဒီလို လုပ္တိုင္း တင္ေနၾကတာ ျဖစ္ပါတယ္။ က်န္းမာေရးအတြက္ Gym သြားေဆာ့ကစားတာ ေကာငး္မြန္ေပမယ့္ Like ရဖို႔အတြက္ အမ်ားအသိအမွတ္ျပဳခံရဖို႔အတြက္ လုပ္ေနတာေတာ့ အဆင္မေျပဘူးလို႔ ဆိုရမွာ ျဖစ္ပါတယ္။

Yoe Lu (akhayar)

www.akhayar.com

Source : independent.co.uk
[Unicode]

လေ့ကျင့်ခန်းလုပ်တဲ့ပုံတွေကို Facebook တင်သူတွေမှာ စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေဟု ဆို

ခင်ဗျားတို့ အားလုံးရဲ့ Friends List ထဲမှာ တစ်ယောက်မဟုတ် တစ်ယောက်တော့ Gym သွားတိုင်း၊ ဒါမှမဟုတ်လည်း အားကစားလေ့ကျင့်ခန်း တစ်ခုခုလုပ်တိုင်း Facebook ကို တင်တတ်တဲ့သူရှိတယ်မလား။ ဒါမှမဟုတ် ခင်ဗာျးကိုယ်တိုင်က အဲဒီလို တင်တတ်တဲ့သူမျိုး ဖြစ်နေပြီလား။

” ဒီနေ့တော့ ၁၅ မိုင်ပြေးခဲ့တယ်ဟေ့” လို့ မနက်ခင်းမှာ မြင်ရတာဟာ စိတ်ဓာတ်တက်ကြွဖွယ်ရာ ဖြစ်ပေမယ့် တစ်ခါတလေမှာလည်း သူများတွေအတွက် စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါသေးတယ်။

Brunel University in London က သုတေသနပညာရှင်တွေကတော့ ဘာကြောင့်လူတွေဟာ သူတို့ရဲ့ လေ့ကျင့်ခန်းလုပ်တဲ့ ပုံရိပ်တွေတိုင်းကို Social Media မှာ တင်ကြသလဲလို့ လေ့လာကြည့်တဲ့အခါ

အာရုံစိုက်မှုနဲ့ အထင်ကြီးမှုကို ရယူလိုခြင်း

ကိုယ့်ရဲ့ Gym မှာ သွားကစားတ့် လှုပ်ရှားမှုတိုင်းကို မှတ်တမ်းတင်ချင်တဲ့သူတွေဟာ အတ္တကြီးတဲ့သူတွေ ဖြစ်ဖို့ များပါတယ်။ သူတို့ရဲ့ အဓိကပန်းတိုင်ကတော့ ကိုယ့်ရဲ့ ရုပ်ဆင်းသွင်ပြင်ပေါ်မှာ အချိန်အများကြီး မြှုပ်နှံထားတာကို ပြချင်လို့ပဲလို့ ဆိုပါတယ်။ တကယ်လည်း သူတို့ရဲ့ ဒီလို Status တွေဟာ တခြား Post တွေထက် Like ပိုရပါတယ်။
သူတို့ဟာ သူတို့ရဲ့ အောင်မြင်မှုတိုင်းကို Facebook ပေါ် တင်လေ့ရှိကြပြီး Facebook ပေါ်က လူတွေရဲ့ အာရုံစိုက်မှုနဲ့ အသိအမှတ်ပြုမှုကို ရှာဖွေကြပါတယ်။ ဒါပေမယ့် Like တွေ အများကြီးရတယ်ဆိုတိုင်း လူတွေဟာ ဒီ Post တွေကို ကြည့်ရတာ ကြိုက်တယ်လို့ မဆိုလိုပါဘူး။

ဒီလိုတွေ ရရင် သူတို့ရဲ့ အတ္တကို လေရိုက်ပေးနေသလို ဖြစ်တဲ့အတွက် ပိုအောင်မြင်သူ၊ ပိုလုပ်နိုင်သူအဖြစ် ထင်လို့ ဒီလို လုပ်တိုင်း တင်နေကြတာ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် Gym သွားဆော့ကစားတာ ကောင်းမွန်ပေမယ့် Like ရဖို့အတွက် အများအသိအမှတ်ပြုခံရဖို့အတွက် လုပ်နေတာတော့ အဆင်မပြေဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

Yoe Lu (akhayar)

www.akhayar.com

Source : independent.co.uk