[Zawgyi]

ကမာၻ႔အသက္ငယ္ဆံုး ဘီလ်ံနာမေလးျဖစ္ဖုိ႔ အလွဴေငြေတြ ထည့္ဝင္ျခင္းခံေနရတဲ့ Kylie Jenner

ျပီးခဲ့တဲ့ တစ္ပတ္က ထြက္ရွိခဲ့တဲ့ Forbes ရဲ႕စစ္တမ္းမွာ အသက္ ၂၀ သာရွိေသးတဲ့ Kylie Jenner ရဲ႕ အသားတင္ၾကြယ္ဝမႈဟာ အေမရိကန္ေဒၚလာ သန္း ၉၀၀ အထိ ရွိေနျပီလို႔ ေဖာ္ျပခဲ့ပါတယ္။။ သူဟာ Kylie Cosmetics ရဲ႕ ပဲ့ကုိင္ရွင္လည္း ျဖစ္ျပီး Kardashian နဲ႔ Jenner မိသားစုဝင္ေတြထဲက တစ္ေယာက္လည္း ျဖစ္ပါတယ္။

Kylie Jenner

Kylie Jenner

အခုလို အေမရိကန္ေဒၚလာ သန္း ၉၀၀ ဖိုးနီးပါးေလာက္ ၾကြယ္ဝခ်မ္းသာလာတဲ့အတြက္ Kylie Jenner ဟာ ကမာၻ႔အသက္အငယ္ဆံုး ကုိယ့္ထူးကုိယ္ခၽြန္ ဘီလ်ံနာမေလး ျဖစ္ဖို႔ ေဒၚလာ သန္း ၁၀၀ ပဲ လိုအပ္ေတာ့တဲ့ အေျခအေနကုိ ေရာက္ရွိလာခဲ့ပါတယ္။

ဒါေၾကာင့္ပဲ Twitter မွာ လူေတာ္ေတာ္မ်ားမ်ားက “Kylie Jenner တစ္ေယာက္ ကမာၻ႔အသက္အငယ္ဆံုး ဘီလ်ံနာျဖစ္ဖို႔ က်န္တဲ့ ေဒၚလာ သန္းတစ္ရာကို ဝုိင္းလွဴလိုက္ၾကရေအာင္ေဟ့” ဆိုျပီး ဟာသျပက္လံုးထုတ္ခဲ့ၾကပါတယ္။

ဒီဟာသျပက္လံုးဟာ အခုတစ္ခါမွာေတာ့ တကယ္အေကာင္အထည္ေပၚလာျပီ ျဖစ္ပါတယ္။ Josh Ostrovsky (နာမည္ေျပာင္ The Fat Jew) ဆိုတဲ့ လူတစ္ေယာက္က GoFundMe Campaign ဆိုတာကို ဖန္တီးလိုက္ျပီးေတာ့ Kylie ကုိယ္စား ၂၆၈ ေဒၚလာ စတင္မတည္ျပီး တျခားသူေတြကိုလည္း အလွဴခံခဲ့ပါတယ္။

Campaign ရဲ႕ Caption မွာလည္း “Kylie Jenner တစ္ေယာက္ ေဒၚလာ ၁ ဘီလီယံမရွိတဲ့ ကမာၻမွာ ကၽြန္ေတာ္ မေနခ်င္ပါဘူး။ ‘ဒီေတာ့  သူ ၁ ဘီလီယံျပည့္ဖို႔ လိုတဲ့ သန္း ၁၀၀ ကို ဝုိင္းကူမွ ျဖစ္မယ္၊ ဒီသတင္းစကားကို ကမာၻကို ျဖန္႔လိုက္ပါ၊ ဒါ လံုးဝကို အေရးၾကီးပါတယ္” လို႔  အလန္းၾကီး ေရးထားခဲ့ပါတယ္။

ဒါမ်ိဳးကို လွဴတဲ့သူ မရွိဘူးလို႔ မထင္ပါနဲ႔။ တခ်ိဳ႕လူေတြဟာ ဒီကိစၥအတြက္ ၅ ေဒၚလာေလာက္ ထည့္ဝင္သလို လူတစ္ေယာက္ဆုိ ေဒၚလာ ၁၀၀ ေတာင္ ထည့္ဝင္ခဲ့တာပါ။ လူေတြဟာ ဒီလို ေၾကာင္ေတာင္ေတာင္ႏုိင္တဲ့ ကိစၥမ်ိဳးအတြက္ ပိုက္ဆံေတြ အမ်ားၾကီး ျဖဳန္းမွာမဟုတ္လို႔ ရည္မွန္းခ်က္ေတာ့ မျပည့္ႏုိင္ေပမယ့္ အင္တာနက္မွာေတာ့ ေျပာစမွတ္ ျဖစ္က်န္ရစ္ပါျပီ။

အရမ္းခ်မ္းသာေနျပီးသားလူတစ္ေယာက္ကို ေထာက္ပံ့လွဴဒါန္းတာ ဒါပထမဆံုးအၾကိမ္ေတာ့ မဟုတ္ပါဘူး။ ျပီးခဲ့တဲ့ ဧျပီလတုန္းကလည္း Elon Mask တစ္ေယာက္ Tesla စက္ရံုၾကမ္းျပင္မွာ အိပ္ေပ်ာ္ေနတယ္လို႔ သတင္းေဖာ္ျပခဲ့တဲ့အတြက္ Elon Mask အိပ္ဖို႔ အိပ္ရာ ဝယ္ေပးဖို႔ အလွဴေငြေကာက္ခံခဲ့ရာမွာ ေဒၚလာ ၇၀၀၀ ေက်ာ္ေလာက္ရရွိခဲ့ဖူးပါတယ္တဲ့၊ ၾကံၾကံဖန္ဖန္ပါပဲဗ်ာ။

Yoe Lu (Akhayar)

www.akhayar.com

Source : Business Insider
[Unicode]

ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာမလေးဖြစ်ဖို့ အလှူငွေတွေ ထည့်ဝင်ခြင်းခံနေရတဲ့ Kylie Jenner

ပြီးခဲ့တဲ့ တစ်ပတ်က ထွက်ရှိခဲ့တဲ့ Forbes ရဲ့စစ်တမ်းမှာ အသက် ၂၀ သာရှိသေးတဲ့ Kylie Jenner ရဲ့ အသားတင်ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ သန်း ၉၀၀ အထိ ရှိနေပြီလို့ ဖော်ပြခဲ့ပါတယ်။။ သူဟာ Kylie Cosmetics ရဲ့ ပဲ့ကိုင်ရှင်လည်း ဖြစ်ပြီး Kardashian နဲ့ Jenner မိသားစုဝင်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

Kylie Jenner

Kylie Jenner

အခုလို အမေရိကန်ဒေါ်လာ သန်း ၉၀၀ ဖိုးနီးပါးလောက် ကြွယ်ဝချမ်းသာလာတဲ့အတွက် Kylie Jenner ဟာ ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာမလေး ဖြစ်ဖို့ ဒေါ်လာ သန်း ၁၀၀ ပဲ လိုအပ်တော့တဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။

ဒါကြောင့်ပဲ Twitter မှာ လူတော်တော်များများက “Kylie Jenner တစ်ယောက် ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာဖြစ်ဖို့ ကျန်တဲ့ ဒေါ်လာ သန်းတစ်ရာကို ဝိုင်းလှူလိုက်ကြရအောင်ဟေ့” ဆိုပြီး ဟာသပြက်လုံးထုတ်ခဲ့ကြပါတယ်။

ဒီဟာသပြက်လုံးဟာ အခုတစ်ခါမှာတော့ တကယ်အကောင်အထည်ပေါ်လာပြီ ဖြစ်ပါတယ်။ Josh Ostrovsky (နာမည်ပြောင် The Fat Jew) ဆိုတဲ့ လူတစ်ယောက်က GoFundMe Campaign ဆိုတာကို ဖန်တီးလိုက်ပြီးတော့ Kylie ကိုယ်စား ၂၆၈ ဒေါ်လာ စတင်မတည်ပြီး တခြားသူတွေကိုလည်း အလှူခံခဲ့ပါတယ်။

Campaign ရဲ့ Caption မှာလည်း “Kylie Jenner တစ်ယောက် ဒေါ်လာ ၁ ဘီလီယံမရှိတဲ့ ကမ္ဘာမှာ ကျွန်တော် မနေချင်ပါဘူး။ ‘ဒီတော့  သူ ၁ ဘီလီယံပြည့်ဖို့ လိုတဲ့ သန်း ၁၀၀ ကို ဝိုင်းကူမှ ဖြစ်မယ်၊ ဒီသတင်းစကားကို ကမ္ဘာကို ဖြန့်လိုက်ပါ၊ ဒါ လုံးဝကို အရေးကြီးပါတယ်” လို့  အလန်းကြီး ရေးထားခဲ့ပါတယ်။

ဒါမျိုးကို လှူတဲ့သူ မရှိဘူးလို့ မထင်ပါနဲ့။ တချို့လူတွေဟာ ဒီကိစ္စအတွက် ၅ ဒေါ်လာလောက် ထည့်ဝင်သလို လူတစ်ယောက်ဆို ဒေါ်လာ ၁၀၀ တောင် ထည့်ဝင်ခဲ့တာပါ။ လူတွေဟာ ဒီလို ကြောင်တောင်တောင်နိုင်တဲ့ ကိစ္စမျိုးအတွက် ပိုက်ဆံတွေ အများကြီး ဖြုန်းမှာမဟုတ်လို့ ရည်မှန်းချက်တော့ မပြည့်နိုင်ပေမယ့် အင်တာနက်မှာတော့ ပြောစမှတ် ဖြစ်ကျန်ရစ်ပါပြီ။

အရမ်းချမ်းသာနေပြီးသားလူတစ်ယောက်ကို ထောက်ပံ့လှူဒါန်းတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း Elon Mask တစ်ယောက် Tesla စက်ရုံကြမ်းပြင်မှာ အိပ်ပျော်နေတယ်လို့ သတင်းဖော်ပြခဲ့တဲ့အတွက် Elon Mask အိပ်ဖို့ အိပ်ရာ ဝယ်ပေးဖို့ အလှူငွေကောက်ခံခဲ့ရာမှာ ဒေါ်လာ ၇၀၀၀ ကျော်လောက်ရရှိခဲ့ဖူးပါတယ်တဲ့၊ ကြံကြံဖန်ဖန်ပါပဲဗျာ။

Yoe Lu (Akhayar)

www.akhayar.com

Source : Business Insider