[Zawgyi]



Penshoppe

Penshoppe




Teresa Khine

Teresa Khine











Su Yi Htet (Akhayar)
[Unicode]

Myanmar Plaza မှာ Grand Opening ပွဲကို ကျင်းပပြုလုပ်ခဲ့တဲ့ Penshoppe

ကမ္ဘောဒီးယား၊ ဆော်ဒီအာရေဗျ၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေမှာ လက်ရှိ ဆိုင်ခွဲပေါင်း ၄၀၀ ကျော် ဖွင့်လှစ်ထားတဲ့ Penshoppe ဟာ အခုဆိုရင် Myanmar Plaza မှာပါ အသစ်ထပ်မံဖွင့်လှစ်လိုက်ပြန်ပါပြီ။ လက်ရှိမှာဆိုရင် Penshoppe ကို Junction City City Mall St.John နဲ့ Myanmar Plaza တို့မှာ ဖွင့်လှစ်ထားပြီးတော့ ဆိုင်ခွဲသစ်ဖြစ်တဲ့ Myanmar Plaza က Penshoppe ကိုတော့ နိုဝင်ဘာလ (၃) ရက်နေ့က Grand Opening ပွဲနဲ့အတူ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

Penshoppe

Penshoppe

Penshoppe ရဲ့ Myanmar Plaza Branch Grand Opening ပွဲမှာဆိုရင် အစီအစဉ်တင်ဆက်သူအဖြစ် Teresa က ဆောင်ရွက်ပေးခဲ့ပြီးတော့ Angel Lamung ၊ Dee ၊လဲ့ယမင်း၊ ဆုပြည့်နန္ဒာ၊ ထွဋ်မြတ်ရွှေရည်၊ Carrieland Audrey Wai Eaint Treasure နဲ့ Stylist Yoko San စတဲ့ နာမည်ကျော်တွေ တက်ရောက်ခဲ့ကြပါတယ်။

Penshoppe Myanmar Plaza Grand Opening

Penshoppe Myanmar Plaza Grand Opening

Teresa Khine

Teresa Khine

ဒါ့အပြင် Penshoppe ရဲ့ ပထမဦးဆုံး တန်းစီသူ အယောက် (၁၀၀) အတွက် 50% Discount ပေးတဲ့အစီအစဉ်မှာ Penshoppe ချစ်သူတွေ ပါဝင်အားပေးခဲ့ကြပြီးတော့ Penshoppe နဲ့ပတ်သက်တဲ့ မေးခွန်းလေးတွေ ဖြေပြီး လက်ဆောင်ယူတဲ့ အစီအစဉ်တွေ၊ Anynomous Dance Group ရဲ့ အကအလှတွေနဲ့အတူ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါတယ်။

Penshoppe Myanmar Plaza Grand Opening

Penshoppe Myanmar Plaza Grand Opening

Penshoppe ဟာ လက်ရှိမှာ International Celebrities တွေလည်းဖြစ်၊ Brand Endorser တွေလည်း ဖြစ်တဲ့ Zayn Malik၊Sandara Park၊Paris Jackson၊ Nam Joo Hyuk၊ Jordan Berrett တို့နဲ့အတူ နိုင်ငံတကာ ဈေးကွက်အနှံ့ကို ထိုးဖောက်မယ့် အဝတ်အထည်တွေ ဆက်လက်ရှေ့ဆက်နေသလို နာမည်ကျော် ငွေကြယ်ပွင့်တွေဖြစ်တဲ့ Kendall Jenner၊ Bella Hadid၊ Gigi Hadid၊ Zac Efron၊ Kaia Gerber၊Cara Delevingne ၊One Direction၊ Ian Somerhalder၊ Cameron Dallas၊Lucky Blue Smith နဲ့ Mario Mauer တို့ပါ ကိုယ်စားပြုထားတဲ့ နာမည်ကျော် Brand တစ်ခုလည်း ဖြစ်ပါတယ်။

Penshoppe Myanmar Plaza Grand Opening

Penshoppe Myanmar Plaza Grand Opening

နာမည်ကျော် Global Fashion Brand တစ်ခုဖြစ်တဲ့ Penshoppe ဟာ လူငယ်ဆန်ဆန် ဆန်းသစ်ပြီး ဆွဲဆောင်မှုရှိတဲ့ Casual Wear တွေကြောင့် လူသိများ ကျော်ကြားပါတယ်။ Penshoppe မှာ ဆွဲဆောင်မှုရှိလှတဲ့ တန်ဖိုးတစ်ခုနဲ့ အရည်အသွေးမှီမှီ၊ ခေတ်ရေစီးကြောင်းမှာလည်း လိုက်လျောညီထွေဖြစ်တဲ့ အဝတ်အစားတွေ၊ Accessories တွေကို ရရှိနိုင်မှာပါ။

Penshoppe Myanmar Plaza Grand Opening

Penshoppe Myanmar Plaza Grand Opening

Penshoppe ရဲ့ Customer တွေဟာ လူငယ်ဆန်ပြီး အထာကျကျလေးတွေမှ ကြိုက်တဲ့သူတွေဖြစ်သလို ခေတ်ရေစီးကြောင်းမှာလည်း အသစ်အဆန်းတွေကို အမြဲရှာဖွေနေတတ်တဲ့
သူတွေဖြစ်ပါတယ်။ ကိုယ့်ရဲ့ Lifestyle မှာ Fashion နဲ့ ရောစပ်ပြီး ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းချင်တဲ့သူတွေအတွက် Penshoppe က လုံးဝလုံး၀ ကွက်တိပါပဲ။

Su Yi Htet (Akhayar)