ချယ်လ်ဆီးတောင်ပံတိုက်စစ်ကစားသမား ပတ်ဒရို Pedro ဟာ အာဆင်နယ်ကို ( ၄ – ၁ )နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ မှတ်တမ်းကောင်းတစ်ခုကို ရရှိခဲ့ပါတယ်။ ဒါကတော့ ပတ်ဒရို ဟာ ကမ္ဘာ့ဖလား ၊ ယူရို ၊ ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ၊ UEFA Super Cup နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတွေကို ရရှိခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဆိုတဲ့ မှတ်တမ်းကောင်းပဲဖြစ်ပါတယ်။ ပတ်ဒရို ဟာ ကမ္ဘာ့ဖလား နဲ့ ယူရိုချန်ပီယံဆုတွေကို (၁)ကြိမ်စီ စပိန်အသင်းနဲ့ ရရှိခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ် (၃)ကြိမ် ၊ UEFA Super Cup (၃)ကြိမ် နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား (၂)ကြိမ်ကို ဘာစီလိုနာအသင်းနဲ့ ရရှိခဲ့တာဖြစ်သလို ယူရိုပါလိဂ်ချန်ပီယံဆုကိုတော့ ချယ်လ်ဆီးအသင်းနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာတော့ ပတ်ဒရို ဟာ ချယ်လ်ဆီးအသင်းအတွက် (၁)ဂိုးသွင်းယူနိုင်ခဲ့သလို ၂၀၁၀ – ၂၀၁၁ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၊ ၂၀၁၅ UEFA Super Cup ပြိုင်ပွဲ ၊ ၂၀၀၉ ဖီဖာကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွေမှာလည်း (၁)ဂိုးစီသွင်းယူနိုင်ခဲ့ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ ပတ်ဒရို ဟာ လက်ရှိအချိန်ထိ ကစားသမားဘ၀မှာ ဆုဖလားပေါင်း(၂၆)လုံးထိရရှိထားပြီး ဒါကကစားသမားတစ်ယောက်အတွက် များပြားတဲ့ အရေအတွက်ပဲဖြစ်ပါတယ်။ ပတ်ဒရို ရရှိခဲ့တဲ့ မှတ်တမ်းကောင်းဟာ သူ့အတွက် ဂုဏ်ယူစရာဖြစ်ခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ ပတ်ဒရို ဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း(၅၂)ပွဲကစား (၁၃)ဂိုးသွင်းယူခဲ့ပါတယ်။

ပတ်ဒရို ရဲ့ ကစားသမားဘ၀ အောင်မြင်မှုများ

Club

Barcelona B

Tercera División: 2007–08

Barcelona

La Liga: 2008–09, 2009–10, 2010–11, 2012–13, 2014–15
Copa del Rey: 2008–09, 2011–12, 2014–15
Supercopa de España: 2009, 2010, 2011, 2013
UEFA Champions League: 2008–09, 2010–11, 2014–15
UEFA Super Cup: 2009, 2011, 2015
FIFA Club World Cup: 2009, 2011

Chelsea

Premier League: 2016–17
FA Cup: 2017–18
UEFA Europa League: 2018–19

International

Spain

FIFA World Cup: 2010
UEFA European Championship: 2012

Ref: Bleacher Report Football
Photo: Daily Mail , Chelsea Twitter
Ko Kyue(Akhayar)
www.akhayar.com