[Zawgyi]



Pedro

Pedro




REF: BBC Sport
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ချယ်လ်ဆီးအသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တဲ့ ပတ်ဒရို Pedro

ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ပတ်ဒရို Pedro ဟာ အသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ပတ်ဒရို Pedro ဟာ အသင်းနဲ့ (၁)နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်သစ်အရ ပတ်ဒရို Pedro ဟာ ချယ်လ်ဆီးအသင်း မှာ (၂၀၂၀)အထိဆက်ရှိသွားတော့မှာပါ။

Pedro

Pedro

အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ ပတ်ဒရို Pedro ဟာ ချယ်လ်ဆီးအသင်းကို (၂၀၁၅)ခုနှစ်က ဘာစီလိုနာအသင်းကနေ ပေါင်(၂၁)သန်းနဲ့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့သူပါ။

ချယ်လ်ဆီးအသင်း နည်းပြသစ် ဆာရီ Sarri ဟာလည်း တိုက်စစ်အားသန်တဲ့နည်းပြ ဖြစ်တာကြောင့် ပတ်ဒရို အနေနဲ့ အခုထက်ပိုပြီး ခြေစွမ်းပြကစားနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ပတ်ဒရို Pedro ဟာ လက်ရှိအချိန်ထိ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း(၁၃၁)ပွဲ ကစားထားပြီး သွင်းဂိုး(၂၈)ဂိုးသွင်းယူထားကာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်နဲ့ FA Cup ချန်ပီယံဆုတွေကို (၁)ကြိမ်စီရရှိထားပါတယ်။

ပတ်ဒရို Pedro က ” ကျွန်တော် ဒီမှာအဆင်ပြေနေပါတယ် ပြီးတော့ အသင်းနဲ့အတူ ဆုဖလားတွေထပ်ပြီးရယူသွားလိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

REF: BBC Sport
Photo:  101 Great Goals , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com