[Zawgyi]

‘ေတာင္သူလယ္သမားေန႔’ ဘယ္လုိျဖစ္ေပၚလာခဲ့တာလဲ

ျမန္မာႏုိင္ငံဧ။္ အဓိက အစားအစာမွာ ဆန္စပါးျဖစ္သည္ႏွင့္အညီ ေတာင္သူလယ္သမားေန႔သည္လည္း ျမန္မာႏုိင္ငံဧ။္ အေရးၾကီး ေန႔ထူးေန႔ျမတ္မ်ားထဲမွ တစ္ရက္ျဖစ္ပါသည္။ ျမန္မာႏုိင္ငံသည္ ယခုထက္ထိ လယ္ယာစိုက္ပ်ိဳးေရးႏုိင္ငံျဖစ္ေနေသးေသာ္လည္း လယ္ယာစုိက္ပ်ိဳးသူအမ်ားစုမွာ ေရႊ႔ေျပာင္းအလုပ္သမားမ်ားအျဖစ္ အသြင္ေျပာင္းကုန္ၾကျပီ ျဖစ္သည္။

ေတာင္သူလယ္သမားေန႔

ေတာင္သူလယ္သမားေန႔

မေလးရွား၊ ထိုင္းကဲ့သို႔ ႏိုင္ငံမ်ားသို႔ သြားေရာက္အလုပ္လုပ္ကိုင္သူမ်ား၍ လယ္စုိက္သူ ရွားကုန္ေသာ္လည္း က်န္ရွိေနေသာ လယ္သမားၾကီးမ်ားဧ။္ အခန္းက႑ႏွင့္ ေက်းဇူးတရားကိုေတာ့ ေမ့ေဖ်ာက္၍ ရမည္ မဟုတ္ေပ။ ေခတ္အဆက္ဆက္တြင္လည္း ေတာင္သူလယ္သမားမ်ားသည္ ဂုတ္ေသြးစုပ္မႈ၊ ဖိႏွိပ္ခံရမႈမ်ားႏွင့္ ရုန္းကန္ခဲ့ရေလသည္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

ပေဒသရာဇ္ေခတ္တြင္ ေတာင္သူလယ္သမားတို႔ဧ။္ ဘဝမွာ ပိုေနျမဲက်ားေနျမဲ ျဖစ္ေနခဲ့ေသာ္လည္း အဂၤလိပ္တုိ႔ ျမန္မာႏုိင္ငံကို နယ္ခ်ဲ႕သိမ္းပိုက္ျပီးသည့္အခါတြင္ေတာ့ လႈပ္လႈပ္ရွားရွား ျဖစ္လာခဲ့ရသည္။ ၁၈၆၉ ခုႏွစ္တြင္ ဆူးအက္တူးေျမာင္းဖြင့္လွစ္လိုက္သည့္အခါ အဂၤလိပ္တို႔က ထုိပြင့္လင္းလာေသာ ကုန္သြယ္ေရးလမ္းေၾကာင္းကို အသံုးျပဳ၍ ျမန္မာႏုိင္ငံမွ ဆန္စပါးကို ျပည္ပသို႔ အေျမာက္အျမားတင္ပို႕ရန္ တုိးခ်ဲ႕လုပ္ေဆာင္ခဲ့ၾကသည္။

ဆန္စပါးတင္ပို႔မႈ အေျခအေနေကာင္းလာ၍ အဂၤလိပ္တို႔ ေငြရလမ္းေျဖာင့္လာေသာ္လည္း ေဒသခံျမန္မာလယ္သမားတို႔ ဘဝတြင္မူ အဂၤလိပ္အစိုးရက ခ်မွတ္ထားေသာ ေျမခြန္ေတာ္ကဲ့သို႔ အခြန္မ်ား ဖိစီးႏွိပ္စက္မႈ၊ စာမတတ္ေျမာက္မႈ၊ အရင္းအႏွီးမရွိမႈ၊ အသိပညာအားနည္းမႈႏွင့္ ေငြတုိးေခ်း ခ်စ္တီးမ်ားဧ။္ ႏွိပ္စက္မႈေၾကာင့္ ေက်ာမြဲျမဲ မြဲဆဲ၊ ဆင္းရဲျမဲ ဆင္းရဲ ျဖစ္ေနခဲ့ရသည္။

၁၉၃၀ ျပည့္ႏွစ္တြင္ ကမာၻ႕စီးပြားပ်က္ကပ္ဧ။္ ဂယက္ ျမန္မာႏုိင္ငံသို႔ လာေရာက္ ရိုက္ခတ္ျပီး စပါးေစ်းက်၊ ျမန္မာလယ္သမားမ်ား လယ္ယာမဲ့ဘဝသို႔ ေရာက္ေသာအခါ တစ္ခ်ိန္လံုးနင္းျပားျဖစ္ခဲ့ေသာ လယ္သမားမ်ား ဆက္လက္သည္းမခံႏုိင္ေတာ့ဘဲ ၁၉၃၀ ျပည့္ႏွစ္ ဒီဇင္ဘာလ ၂၂ ရက္ေန႔တြင္ ျမန္မာ့သမုိင္းတြင္ ထင္ရွားေသာ ေတာင္သူလယ္သမားအေရးေတာ္ပံုၾကီး  ေပၚေပါက္လာေလေတာ့သည္။

၎အေရးေတာ္ပံုၾကီးကို ဆရာစံက သာယာဝတီနယ္တြင္ စခန္းခ်ဦးေဆာင္ခဲ့ျပီး သုပဏၰကဂဠဳနရာဇာ” ေခၚ ဂဠဳန္ဆရာစံဟု ေက်ာ္ၾကားလာခဲ့သည္။ လက္နက္အင္အားခ်င္းမမွ်ေသာ္လည္း စိတ္ဓာတ္ျပင္းထန္မႈေၾကာင့္ အဂၤလိပ္တို႔က ယင္းအေရးေတာ္ပံုကို ၃ႏွစ္နီးပါးခန္႔ ျပင္းျပင္းထန္ထန္ ရင္ဆိုင္ခဲ့ရျပီး ေနာက္ဆံုး ဆရာစံကို ဖမ္းဆီးကြပ္မ်က္ႏုိင္ခဲ့၍သာ အေရးေတာ္ပံုရပ္နားသြားခဲ့ရျခင္း ျဖစ္သည္။ သို႔ေသာ္လည္း ထိုအေရးေတာ္ပံုေၾကာင့္ ျမန္မာႏုိင္ငံသားမ်ား စိတ္တြင္ ေတာ္လွန္ေရးစိတ္ဓာတ္မ်ား ရွင္သန္ကိန္းဝပ္လာခဲ့ရသည္။

ထုိသို႔ သမုိင္းေၾကာင္းၾကီးခဲ့ေသာ္လည္း ေတာင္သူလယ္သမားတို႔အတြက္ တစ္စံုတရာအသိအမွတ္ျပဳ၊ ဂုဏ္ျပဳမႈမရွိဘဲ လြတ္လပ္ေရးရျပီးေနာက္ပိုင္းမွသာ ဇန္နဝါရီလ ၁ရက္ေန႔ကို ေတာင္သူလယ္သမားေန႔ဟု သတ္မွတ္ေပးခဲ့သည္။

HP Pavilion

HP Pavilion

HP Pavilion အေၾကာင္း အေသးစိတ္သိရွိရန္ 

ေတာ္လွန္ေရးေကာင္စီအာဏာသိမ္းအျပီး ၁၉၆၄ ခုႏွစ္တြင္ ေတာင္ငူျမိဳ႕နယ္၊ ခေပါင္းျမိဳ႕နယ္၌ က်င္းပျပဳလုပ္ေသာ ေတာင္သူလယ္သမားႏွီးေႏွာဖလွယ္ပြဲတြင္ ေတာ္လွန္ေရးေကာင္စီ အာဏာသိမ္းသည့္ေန႔ျဖစ္ေသာ ၁၉၆၂ ခုႏွစ္ မတ္လ( ၂ ) ရက္ ေန႔ကို ေတာင္သူလယ္သမားေန႔ဟု ေျပာင္းလဲ သတ္မွတ္ခဲ့သည္မွာ ယေန႔တုိင္ ျဖစ္သည္။ အခရာဝုိင္းေတာ္သားမ်ားအေနျဖင့္လည္း ၂၀၁၈ ခုႏွစ္၊ မတ္လ ၂ရက္ေန႔တြင္ က်ေရာက္ေသာ ေတာင္သူလယ္သမားေန႔တြင္ ေတာင္သူဦးၾကီးမ်ားဧ။္ မယိုင္လဲေသာ၊ ၾကံ႕ၾကံ႕ခံႏုိင္ေသာ စိတ္ဓာတ္ႏွင့္ ေက်းဇူးတရားကို ဂုဏ္ျပဳမွတ္တမ္းတင္အပ္ပါသည္။

ရုိးလူ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

‘တောင်သူလယ်သမားနေ့’ ဘယ်လိုဖြစ်ပေါ်လာခဲ့တာလဲ

မြန်မာနိုင်ငံဧ။် အဓိက အစားအစာမှာ ဆန်စပါးဖြစ်သည်နှင့်အညီ တောင်သူလယ်သမားနေ့သည်လည်း မြန်မာနိုင်ငံဧ။် အရေးကြီး နေ့ထူးနေ့မြတ်များထဲမှ တစ်ရက်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ယခုထက်ထိ လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်နေသေးသော်လည်း လယ်ယာစိုက်ပျိုးသူအများစုမှာ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အသွင်ပြောင်းကုန်ကြပြီ ဖြစ်သည်။

တောင်သူလယ်သမားနေ့

တောင်သူလယ်သမားနေ့

မလေးရှား၊ ထိုင်းကဲ့သို့ နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သူများ၍ လယ်စိုက်သူ ရှားကုန်သော်လည်း ကျန်ရှိနေသော လယ်သမားကြီးများဧ။် အခန်းကဏ္ဍနှင့် ကျေးဇူးတရားကိုတော့ မေ့ဖျောက်၍ ရမည် မဟုတ်ပေ။ ခေတ်အဆက်ဆက်တွင်လည်း တောင်သူလယ်သမားများသည် ဂုတ်သွေးစုပ်မှု၊ ဖိနှိပ်ခံရမှုများနှင့် ရုန်းကန်ခဲ့ရလေသည်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

ပဒေသရာဇ်ခေတ်တွင် တောင်သူလယ်သမားတို့ဧ။် ဘဝမှာ ပိုနေမြဲကျားနေမြဲ ဖြစ်နေခဲ့သော်လည်း အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို နယ်ချဲ့သိမ်းပိုက်ပြီးသည့်အခါတွင်တော့ လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ရသည်။ ၁၈၆၉ ခုနှစ်တွင် ဆူးအက်တူးမြောင်းဖွင့်လှစ်လိုက်သည့်အခါ အင်္ဂလိပ်တို့က ထိုပွင့်လင်းလာသော ကုန်သွယ်ရေးလမ်းကြောင်းကို အသုံးပြု၍ မြန်မာနိုင်ငံမှ ဆန်စပါးကို ပြည်ပသို့ အမြောက်အမြားတင်ပို့ရန် တိုးချဲ့လုပ်ဆောင်ခဲ့ကြသည်။

ဆန်စပါးတင်ပို့မှု အခြေအနေကောင်းလာ၍ အင်္ဂလိပ်တို့ ငွေရလမ်းဖြောင့်လာသော်လည်း ဒေသခံမြန်မာလယ်သမားတို့ ဘဝတွင်မူ အင်္ဂလိပ်အစိုးရက ချမှတ်ထားသော မြေခွန်တော်ကဲ့သို့ အခွန်များ ဖိစီးနှိပ်စက်မှု၊ စာမတတ်မြောက်မှု၊ အရင်းအနှီးမရှိမှု၊ အသိပညာအားနည်းမှုနှင့် ငွေတိုးချေး ချစ်တီးများဧ။် နှိပ်စက်မှုကြောင့် ကျောမွဲမြဲ မွဲဆဲ၊ ဆင်းရဲမြဲ ဆင်းရဲ ဖြစ်နေခဲ့ရသည်။

၁၉၃၀ ပြည့်နှစ်တွင် ကမ္ဘာ့စီးပွားပျက်ကပ်ဧ။် ဂယက် မြန်မာနိုင်ငံသို့ လာရောက် ရိုက်ခတ်ပြီး စပါးဈေးကျ၊ မြန်မာလယ်သမားများ လယ်ယာမဲ့ဘဝသို့ ရောက်သောအခါ တစ်ချိန်လုံးနင်းပြားဖြစ်ခဲ့သော လယ်သမားများ ဆက်လက်သည်းမခံနိုင်တော့ဘဲ ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာ့သမိုင်းတွင် ထင်ရှားသော တောင်သူလယ်သမားအရေးတော်ပုံကြီး  ပေါ်ပေါက်လာလေတော့သည်။

၎င်းအရေးတော်ပုံကြီးကို ဆရာစံက သာယာဝတီနယ်တွင် စခန်းချဦးဆောင်ခဲ့ပြီး သုပဏ္ဏကဂဠုနရာဇာ” ခေါ် ဂဠုန်ဆရာစံဟု ကျော်ကြားလာခဲ့သည်။ လက်နက်အင်အားချင်းမမျှသော်လည်း စိတ်ဓာတ်ပြင်းထန်မှုကြောင့် အင်္ဂလိပ်တို့က ယင်းအရေးတော်ပုံကို ၃နှစ်နီးပါးခန့် ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံး ဆရာစံကို ဖမ်းဆီးကွပ်မျက်နိုင်ခဲ့၍သာ အရေးတော်ပုံရပ်နားသွားခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအရေးတော်ပုံကြောင့် မြန်မာနိုင်ငံသားများ စိတ်တွင် တော်လှန်ရေးစိတ်ဓာတ်များ ရှင်သန်ကိန်းဝပ်လာခဲ့ရသည်။

ထိုသို့ သမိုင်းကြောင်းကြီးခဲ့သော်လည်း တောင်သူလယ်သမားတို့အတွက် တစ်စုံတရာအသိအမှတ်ပြု၊ ဂုဏ်ပြုမှုမရှိဘဲ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှသာ ဇန်နဝါရီလ ၁ရက်နေ့ကို တောင်သူလယ်သမားနေ့ဟု သတ်မှတ်ပေးခဲ့သည်။

HP Pavilion

HP Pavilion

HP Pavilion အကြောင်း အသေးစိတ်သိရှိရန် 

တော်လှန်ရေးကောင်စီအာဏာသိမ်းအပြီး ၁၉၆၄ ခုနှစ်တွင် တောင်ငူမြို့နယ်၊ ခပေါင်းမြို့နယ်၌ ကျင်းပပြုလုပ်သော တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲတွင် တော်လှန်ရေးကောင်စီ အာဏာသိမ်းသည့်နေ့ဖြစ်သော ၁၉၆၂ ခုနှစ် မတ်လ( ၂ ) ရက် နေ့ကို တောင်သူလယ်သမားနေ့ဟု ပြောင်းလဲ သတ်မှတ်ခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။ အခရာဝိုင်းတော်သားများအနေဖြင့်လည်း ၂၀၁၈ ခုနှစ်၊ မတ်လ ၂ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့တွင် တောင်သူဦးကြီးများဧ။် မယိုင်လဲသော၊ ကြံ့ကြံ့ခံနိုင်သော စိတ်ဓာတ်နှင့် ကျေးဇူးတရားကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ရိုးလူ (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။