Peace Sign ထောင်ပြီး ဓာတ်ပုံရိုက်ခြင်းကနေ လက်ဗွေကူးယူမှု အန္တရာယ် ရှိလာနိုင်

 

ဓာတ်ပုံရိုက်နေစဉ်အတွင်း လက်နှစ်ချောင်းထောင်ပြီး Peace sign လုပ်ခြင်းဟာ သင့်ရဲ့ လက်ဗွေ ကို မသမာသူတွေက ရယူစေနိုင်တယ်လို့ Japan’s National Institute of Informatics က ပရော်ဖက်ဆာတစ်ယောက်ဖြစ်တဲ့ Isao Echizen က ဆိုပါတယ်။

စမ်းသပ်ချက်တစ်ခုမှာ Echizen ဟာ ၃မီတာအကွာအဝေးက High-Resolution Digital Camera နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ခုကနေ Fingerprints တစ်ခုကို ဘယ်လို  ကူးယူလို့ ရတယ်ဆိုတာ လက်တွေ့ပြသခဲ့ပါတယ်။ ကူးယူထားတဲ့ Fingerprints တွေကလည်း မူရင်းနဲ့ ၁၀၀ ရာခိုင်နှုန်းနီးပါး ကိုက်ညီတယ်လို့ Echizen က ပြောထားပါတယ်။ Commercial Camera ကို သုံးပြီး Fingerprints တွေပေါ်မှာ အခြေခံပြီး သတင်းအချက်အလက်တွေကို ဖြန့်ထုတ်ခြင်း မှာ သူတို့ အနေနဲ့ ကမ္ဘာပေါ်မှာ ပထမဆုံးလို့လည်း ဆိုထားပါသေးတယ်။

 

You May Also Like : “သင့်ဖုန်းမှာ Gooligan Virus ကိုက်နေပြီလား

 

ဒါတွေကို ကာကွယ်ဖို့ကတော့ သင့်ရဲ့ လက်ချောင်းထိပ်ဖျားကို ကာကွယ်ထားဖို့ပါပဲ။ Biometric Jammers လို့ ခေါ်တဲ့ အဖြူရောင် အခရိုင်းလစ်ဆေးနဲ့ လက်သည်းပန်းချီပုံတွေ ရောပြီး ပြုလုပ်ထားတဲ့ Transparent Film Stickers နဲ့ Fingerprints ကို ကူးယူခြင်းမှ ကာကွယ်နိုင်ပါတယ်။

ပြီးတော့ အခုထိလည်း Hackers တွေအနေနဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး လူတွေရဲ့ Fingerprints ကို ကူးယူနေတယ်ဆိုတဲ့ အထောက်အထားမတွေ့ရသေးပါဘူး။

ဒါပေမယ့် နည်းပညာသစ်တွေဟာ လက်တစ်ကမ်းအကွာ ကို ရောက်ရှိလာတာနဲ့ အမျှ ဈေးဝယ်ခြင်းနဲ့ လုံခြုံရေး စနစ်တွေမှာ လက်ဗွေစနစ်ကို ပိုပိုပြီး အသုံးပြုလာကြပါပြီ။ Biometric Jammers တွေကလည်း အနည်းဆုံး ၂နှစ်လောက်အထိ Commercial အနေနဲ့ အသုံးပြုလို့ ရသေးမှာ မဟုတ်ပါဘူး။ အဲဒီအချိန်ထိတော့ ဓာတ်ပုံရိုက်ရင် လက်အိတ်ဝတ်ပြီး ရိုက်ဖို့ကို ထည့်သွင်းစဉ်းစားပါလို့ Echizen က ပြောကြားထားပါတယ် ခင်ဗျာ။

 

ရိုးလူ (အခရာ)

www.akhayar.com

Ref : www.reuters.com