Font of the Week လေး Peace Sans ကို Free ဒေါင်းပြီး သုံးကြည့်ကြမယ်

 

ဖောင့်တွေရဲ့ နောက်ကွယ်မှာ ထူးခြားဆန်းပြားတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ချစ်စရာကောင်းတဲ့ ရည်ရွယ်ချက်လေးတွေ ရှိတယ်ဆိုရင် သင်ယုံလိုက်ပါ။ ဖောင့်အမျိုးမျိုး ရှိရာမှာ တစ်ချို့ဖောင့်တွေက ဝယ်သုံးရတာ ဖြစ်ပြီး တစ်ချို့ဖောင့်တွေက အခမဲ့ ရယူအသုံးပြုနိုင်ပါတယ်။ ဒီလို အခမဲ့ ရရှိနိုင်တဲ့ Font တွေကို ပေးတဲ့ Website တွေထဲကမှ Behance က ရွေးချယ်ထားတဲ့ ဒီတစ်ပတ်ရဲ့ Free Font of the Week  က Peace Sans ပါတဲ့ဗျာ။

 

You May Also Like : “Weekly Special for Akhayar Tech (ကာတွန်းတွေကို Free ဒေါင်းမယ်)

 

Peace Sans ဆိုတဲ့ အတိုင်း ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ဖန်တီးထားတာပါတဲ့။ “ပို၍ ကောင်းမွန်သော ကမ္ဘာအတွက်” ဆိုပြီး ကြွေးကြော်ထားတဲ့ ဒီ Font လေးဟာ Font သားထူပြီး ချစ်ဖို့ ကောင်းတဲ့ Curves လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ Peace Sans ရဲ့ ဖန်တီးရှင်တွေကတော့ Designer: Sergey Ryadovoy နဲ့ Art DirectorIvan Gladkikh တို့ ဖြစ်ပြီး ဒီ Font ဟာ အီတလီ၊စပိန်နဲ့ ပြင်သစ်ဘာသာစကား အပါအဝင် ဘာသာစကား ၁၈မျိုးမှာ လိုက်လျောညီထွေစွာ အသုံးပြုနိုင်ပါတယ်။

 

Peace Sans

 

Peace Sans ကို Logotypes၊ Branding ၊ Headlines, Posters နဲ့ Titles တွေမှာ အသုံးပြုဖို့ သင့်တော်တဲ့ ဖောင့်လို့ အကြံပြုထားကြပြီး ဒေါင်းလုတ်ဆွဲရယူအသုံးပြုချင်တယ်ဆိုရင်တော့ ဒီလင့်မှာ ရယူနိုင်ပါကြောင်း အခရာပရိသတ်ကြီးကို မောင်းထု အသိပေးအပ်ပါတယ် ခင်ဗျား။

 

ရိုးလူ (အခရာ)

www.akhayar.com

Ref : howdesign.com, behance.net
Photo Credit : behance.net