[Zawgyi]

ပထမဆုံးအႀကိမ္ ေရာင္းအားတက္သြားခဲ့ေပမယ့္ အနာဂတ္ မလွပေသးတဲ့ PC ေတြရဲ႕ ကံၾကမၼာ

Smartphone ေတြ ေခတ္ေကာင္းလာတဲ့ ၂၀၁၀ ေနာက္ပိုင္း ကြန္ပ်ဴတာေစ်းကြက္ တစ္ျဖည္းျဖည္း ထိုးဆင္းလာတာ သတိထားမိမွာပါ။ ဒါကလည္း စမတ္ဖုန္းတလုံးသုံးေနရတာက ပိုၿပီး Portable ဆန္သလို အင္တာနက္ၾကည့္တာ၊ ဂိမ္းကစားတာေတြကို ကြန္ပ်ဴတာ တစ္လုံးလို စြမ္းေဆာင္လာႏိုင္တာျဖစ္လို႔ ေတာ္႐ုံ PC တစ္စုံဆင္ဖို႔ မစဥ္းစားၾကေတာ့လို႔ပါ။

Apple’s MacBook Pro

အဲ့ဒါေၾကာင့္ ကမာၻတစ္ဝန္း PC တင္ပို႔မႈ ၂၀၁၂ ေနာက္ပိုင္း သိသိသာသာ က်ဆင္းသြားခဲ့ၿပီး ေရာင္းအားတက္လာခဲ့တဲ့ စမတ္ဖုန္းေတြကို သရဖူလြဲေျပာင္းေပးခဲ့ရတာလည္း ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ကြန္ပ်ဴတာေတြရဲ႕ အခန္းက႑ အေရးပါလာၿပီလို႔ မဆိုႏိုင္ေသးေပမယ့္ PC တင္ပို႔ေရာင္းခ်မႈ ၆ ႏွစ္တာကာလအတြင္း ပထမဦးဆုံးအႀကိမ္ တိုးတက္လာခဲ့ၿပီလို႔ IDC နဲ႔ Gartner လို Market သုေတသနပညာရွင္တို႔က ေၾကညာလိုက္ပါၿပီ။ ဒီလို PC ေတြ ေရာင္းအားေကာင္းလာခဲ့တာကို Windows ကြန္ပ်ဴတာတမ်ိဳးထဲရဲ႕ ေရာင္းအားနဲ႔ ဆုံးျဖတ္ခဲ့တာမဟုတ္သလို ARM Processor သုံးထားတဲ့ Chrombook ေတြက တစ္ဖက္တစ္လမ္းကပါဝင္ေနခဲ့ျဖစ္တယ္လို႔ သိရပါတယ္။ IDC အဆိုအရ ၂၀၁၈ ခုႏွစ္ အေစာပိုင္းကာလမွာ PC ေရာင္းအား ၂.၇ ရာခိုင္ႏႈန္း ပိုမ်ားလာခဲ့သလို Gartner အေနနဲ႔လည္း ၿပီးခဲ့တဲ့ႏွစ္ေတြရဲ႕ ေရာင္းအားထက္ ၁.၄ ရာခိုင္ႏႈန္း ပိုတိုးတက္လာခဲ့တယ္လို႔ ေျပာၾကားထားပါတယ္။

Samsung Chromebook Plus

အခုလို Researcher ႏွစ္ေယာက္ ေလ့လာထားခ်က္မွာ Windows PC ေတြ မဟုတ္တဲ့ Chromebook နဲ႔ Apple လို ကြန္ပ်ဴတာေတြရဲ႕ ေရာင္းအားက Android OS သုံး စမတ္ဖုန္းေတြနဲ႔ အၿပိဳင္ျဖစ္ေနခဲ့တဲ့အတြက္လည္း ႏွစ္စဥ္ႏွစ္တိုင္း တင္ပို႔ေရာင္းခ်ေနတဲ့ PC ေစ်းကြက္မွာ ထည့္သြင္းစဥ္းစားခဲ့တာျဖစ္ပါတယ္။ “Windows 10” OS အသုံးျပဳထားတဲ့ တစ္ကိုယ္ရည္သုံး PC ေတြကေတာ့ အဓိကေနရာက ပါဝင္ေနခဲ့တာျဖစ္ၿပီး Surface Pro လို Microsoft ထုတ္ကုန္ပစၥည္းဟာ Business PC အေနနဲ႔ ထိပ္ဆုံးက ရပ္တည္ေနခဲ့တာျဖစ္ပါတယ္။

Microsoft Surface Pro

၂၀၁၈ ခုႏွစ္မွာ PC ေရာင္းအားေကာင္းလာခဲ့တာ စီးပြားေရးအရ ဝယ္လိုအားမ်ားေနခဲ့တာျဖစ္သလို Gartner ရဲ႕ Marketing Analyst ျဖစ္သူ Mikako Kitagawa က “အခုလို PC တင္ပို႔ေရာင္းခ်မႈ အားေကာင္းေနတာ ေနာက္ ၂ ႏွစ္အတြင္း Windows 10 ေခတ္ကုန္သြားရင္ အားေပ်ာ့လာႏိုင္တယ္လို႔” ေျပာဆိုထားပါတယ္။ ဒါေၾကာင့္ အခုလို ေရာင္းအားေကာင္းေနတာဟာ Windows 10 OS ရဲ႕ အရွိန္အဟုန္ေၾကာင့္လည္း ပါဝင္ေနခဲ့တာ ျဖစ္တယ္လို႔ ကြၽမ္းက်င္သူေတြ သုံးသပ္ထားပါတယ္။ ဒါ့အျပင္ PC ေစ်းကြက္ကို လႊမ္းမိုးခ်ဳပ္ကိုင္ေနတဲ့ HP ၊ Lenovo ၊ Dell ၊ Apple နဲ႔ Acer တို႔လို PC ထုတ္လုပ္သူေတြ ယွဥ္ၿပိဳင္မႈအားေကာင္းေနဆဲကာလမွာ ေရာင္းအားေကာင္းေနတာျဖစ္ေပမယ့္လည္း မေသခ်ာ မေရရာတဲ့ သေဘာေဆာင္ေနတာျဖစ္လို႔ လာမယ့္ႏွစ္အတြင္း PC ေစ်းကြက္ အေျခအေန ဘယ္လို ရွိမလဲဆိုတာ မသုံးသပ္ႏိုင္ေသးပါဘူး။

2B (Akhayar)

www.akhayar.com

Ref: The Verge

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပထမဆုံးအကြိမ် ရောင်းအားတက်သွားခဲ့ပေမယ့် အနာဂတ် မလှပသေးတဲ့ PC တွေရဲ့ ကံကြမ္မာ

Smartphone တွေ ခေတ်ကောင်းလာတဲ့ ၂၀၁၀ နောက်ပိုင်း ကွန်ပျူတာစျေးကွက် တစ်ဖြည်းဖြည်း ထိုးဆင်းလာတာ သတိထားမိမှာပါ။ ဒါကလည်း စမတ်ဖုန်းတလုံးသုံးနေရတာက ပိုပြီး Portable ဆန်သလို အင်တာနက်ကြည့်တာ၊ ဂိမ်းကစားတာတွေကို ကွန်ပျူတာ တစ်လုံးလို စွမ်းဆောင်လာနိုင်တာဖြစ်လို့ တော်ရုံ PC တစ်စုံဆင်ဖို့ မစဥ်းစားကြတော့လို့ပါ။

Apple’s MacBook Pro

အဲ့ဒါကြောင့် ကမ္ဘာတစ်ဝန်း PC တင်ပို့မှု ၂၀၁၂ နောက်ပိုင်း သိသိသာသာ ကျဆင်းသွားခဲ့ပြီး ရောင်းအားတက်လာခဲ့တဲ့ စမတ်ဖုန်းတွေကို သရဖူလွဲပြောင်းပေးခဲ့ရတာလည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ ကွန်ပျူတာတွေရဲ့ အခန်းကဏ္ဍ အရေးပါလာပြီလို့ မဆိုနိုင်သေးပေမယ့် PC တင်ပို့ရောင်းချမှု ၆ နှစ်တာကာလအတွင်း ပထမဦးဆုံးအကြိမ် တိုးတက်လာခဲ့ပြီလို့ IDC နဲ့ Gartner လို Market သုတေသနပညာရှင်တို့က ကြေညာလိုက်ပါပြီ။ ဒီလို PC တွေ ရောင်းအားကောင်းလာခဲ့တာကို Windows ကွန်ပျူတာတမျိုးထဲရဲ့ ရောင်းအားနဲ့ ဆုံးဖြတ်ခဲ့တာမဟုတ်သလို ARM Processor သုံးထားတဲ့ Chrombook တွေက တစ်ဖက်တစ်လမ်းကပါဝင်နေခဲ့ဖြစ်တယ်လို့ သိရပါတယ်။ IDC အဆိုအရ ၂၀၁၈ ခုနှစ် အစောပိုင်းကာလမှာ PC ရောင်းအား ၂.၇ ရာခိုင်နှုန်း ပိုများလာခဲ့သလို Gartner အနေနဲ့လည်း ပြီးခဲ့တဲ့နှစ်တွေရဲ့ ရောင်းအားထက် ၁.၄ ရာခိုင်နှုန်း ပိုတိုးတက်လာခဲ့တယ်လို့ ပြောကြားထားပါတယ်။

Samsung Chromebook Plus

အခုလို Researcher နှစ်ယောက် လေ့လာထားချက်မှာ Windows PC တွေ မဟုတ်တဲ့ Chromebook နဲ့ Apple လို ကွန်ပျူတာတွေရဲ့ ရောင်းအားက Android OS သုံး စမတ်ဖုန်းတွေနဲ့ အပြိုင်ဖြစ်နေခဲ့တဲ့အတွက်လည်း နှစ်စဥ်နှစ်တိုင်း တင်ပို့ရောင်းချနေတဲ့ PC စျေးကွက်မှာ ထည့်သွင်းစဥ်းစားခဲ့တာဖြစ်ပါတယ်။ “Windows 10” OS အသုံးပြုထားတဲ့ တစ်ကိုယ်ရည်သုံး PC တွေကတော့ အဓိကနေရာက ပါဝင်နေခဲ့တာဖြစ်ပြီး Surface Pro လို Microsoft ထုတ်ကုန်ပစ္စည်းဟာ Business PC အနေနဲ့ ထိပ်ဆုံးက ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

Microsoft Surface Pro

၂၀၁၈ ခုနှစ်မှာ PC ရောင်းအားကောင်းလာခဲ့တာ စီးပွားရေးအရ ဝယ်လိုအားများနေခဲ့တာဖြစ်သလို Gartner ရဲ့ Marketing Analyst ဖြစ်သူ Mikako Kitagawa က “အခုလို PC တင်ပို့ရောင်းချမှု အားကောင်းနေတာ နောက် ၂ နှစ်အတွင်း Windows 10 ခေတ်ကုန်သွားရင် အားပျော့လာနိုင်တယ်လို့” ပြောဆိုထားပါတယ်။ ဒါကြောင့် အခုလို ရောင်းအားကောင်းနေတာဟာ Windows 10 OS ရဲ့ အရှိန်အဟုန်ကြောင့်လည်း ပါဝင်နေခဲ့တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ထားပါတယ်။ ဒါ့အပြင် PC စျေးကွက်ကို လွှမ်းမိုးချုပ်ကိုင်နေတဲ့ HP ၊ Lenovo ၊ Dell ၊ Apple နဲ့ Acer တို့လို PC ထုတ်လုပ်သူတွေ ယှဥ်ပြိုင်မှုအားကောင်းနေဆဲကာလမှာ ရောင်းအားကောင်းနေတာဖြစ်ပေမယ့်လည်း မသေချာ မရေရာတဲ့ သဘောဆောင်နေတာဖြစ်လို့ လာမယ့်နှစ်အတွင်း PC စျေးကွက် အခြေအနေ ဘယ်လို ရှိမလဲဆိုတာ မသုံးသပ်နိုင်သေးပါဘူး။

2B (Akhayar)

www.akhayar.com

Ref: The Verge

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။