[Zawgyi]

ပဲြထြက္ကစားခြင့္ရတဲ့ အေရအတြက္ထက္ ဆုဖလားပုိရခဲ့တဲ့ ဘင္ဖီကာဂုိးသမား

ဘင္ဖီကာအသင္းရဲ႕ ၀ါရင့္ဂုိးသမား ေပၚလုိလုိပက္စ္ Paulo Lopes ရဲ႕ နာမည္ကုိ ပရိသတ္ေတြ ၾကားဖူးခ်င္မွ ၾကားဖူးပါလိမ့္မယ္။ ဘင္ဖီကာ ပရိသတ္ေတြကိုယ္တိုင္ေတာင္ လုိပက္စ္နဲ႔ လမ္းမွာေတြ႕ရင္ သူ႔ကုိ မွတ္မိပါ့မလားပဲ။ လုိပက္စ္ဟာ အခုဆုိရင္ ေဘာလုံးသမားဘ၀က အနားယူသြားၿပီျဖစ္ၿပီး အံ့အားသင့္စရာေကာင္းတာက ဘင္ဖီကာအသင္းအတြက္ (၁၁)ပဲြသာ ပဲြထြက္ကစားခြင့္ရခဲ့ေပမယ့္ အသင္းနဲ႔အတူ ေပၚတူဂီအမွတ္ေပးဖလား အပါအ၀င္ ဆုဖလား (၁၂)လုံးအထိ ရယူႏုိင္ခဲ့လုိ႔ျဖစ္ပါတယ္။

Paulo-Lopes-with-Trophy

Paulo-Lopes-with-Trophy

အသက္(၄၀)အရြယ္ရွိၿပီျဖစ္တဲ့ ေပၚတူဂီဂုိးသမား လုိပက္စ္ဟာ ဘင္ဖီကာအသင္းမွာ ဆယ္စုႏွစ္ တစ္ခုၾကာ ကစားခဲ့ေပမယ့္ နံပါတ္(၁)မျဖစ္ခဲ့ဘဲ တတိယဦးစားေပးဂုိးသမားသာျဖစ္ခဲ့ရတယ္။ ဒါေပမဲ့ အခုအခ်ိန္မွေတာ့ သူဟာ ေအာင္ျမင္မႈအမ်ားဆုံး တတိယဦးစားေပးဂုိးသမားအျဖစ္ ရပ္တည္ႏုိင္ခဲ့ပါၿပီ။ ဘင္ဖီကာလူငယ္အသင္းကေန ထြက္ေပၚခဲ့သူ လုိပက္စ္ဟာ ၁၉၉၇ မွာ စီနီယာအသင္းအတြက္ ေခၚယူခံခဲ့ရေပမယ့္ တစ္ပဲြမွ မကစားခဲ့ရဘဲ ၂၀၀၂ ခုႏွစ္မွာ အသင္းနဲ႔ လမ္းခဲြခဲ့တယ္။ ၂၀၁၂ မွာ ဘင္ဖီကာအသင္းက လုိပက္စ္ကုိ ျပန္လည္ေခၚယူခဲ့ၿပီး အသင္းေဟာင္းဆီက ဖုန္းနဲ႔တစ္ဆင့္ ဆက္သြယ္ခဲ့ခ်ိန္မွာ လုိပက္စ္တစ္ေယာက္ မယုံႏုိင္ေလာက္ေအာင္ ျဖစ္ခဲ့ရပါတယ္။

Paulo-Lopes

Paulo-Lopes

၂၀၁၂၊ ေအာက္တိုဘာ (၁၈) ရက္၊ S.C. Freamunde နဲ႔ ကစားခဲ့တဲ့ပဲြမွာ အသင္းအတြက္ ပထမဆုံးအႀကိမ္ ပါ၀င္ကစားခြင့္ရခဲ့ၿပီး သူ အႏွစ္ႏွစ္အလလ ေစာင့္ေမွ်ာ္ေနတဲ့ ရည္မွန္းခ်က္ ျပည့္ေျမာက္ခ့ဲတယ္။ (၆)ႏွစ္အၾကာမွာေတာ့ လုိပက္စ္ဟာ ေဘာလုံးေလာကကုိ စြန္႔ခြာဖုိ႔ ဆုံးျဖတ္လုိက္ၿပီး ဘင္ဖီကာ ယူ-၂၃နည္းျပအျဖစ္ ေဆာင္ရြက္သြားေတာ့မွာပါ။ လုိပက္စ္က “ဆုဖလားေတြ၊ ဆုတံဆိပ္ေတြကုိ ျမင္တိုင္း ကၽြန္ေတာ္ စိတ္ေက်နပ္ဂုဏ္ယူမိပါတယ္။ ဒါေတြဟာ အသင္းလုိက္စုစည္းမႈ၊ ႀကိဳးစားမႈေတြေၾကာင့္ ရရွိခဲ့တာလုိ႔ ခံစားမိၿပီး ကၽြန္ေတာ့္ဂုိးသမားဘ၀တစ္ေလွ်ာက္ ရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြလုိ႔လည္း သတ္မွတ္ရမွာပါ”လုိ႔ ေျပာၾကားခဲ့တယ္။

Paulo-Lopes-ended-his-Benfica-career

Paulo-Lopes-ended-his-Benfica-career

လုိပက္စ္အေနနဲ႔ ဒီဆုဖလားေတြကုိ ထုိက္ထုိက္တန္တန္ ကုိင္ေျမွာက္ခြင့္ရခဲ့တာ ဟုတ္၊ မဟုတ္ကေတာ့ အျငင္းပြားစရာပါပဲ။ ဒါေပမဲ့ လုိပက္စ္ဟာ သူ႔ဘ၀ရည္မွန္းခ်က္အတိုင္း ျဖစ္ေျမာက္ေအာင္ ႀကိဳးစားခဲ့ၿပီး ဘ၀တစ္ေလွ်ာက္လုံး အားေပးခဲ့တဲ့ ဘင္ဖီကာအသင္းနဲ႔ ဆုဖလားေတြ ရယူႏုိင္ခဲ့တာဟာ သူ႔အတြက္ ေက်နပ္စရာလုိ႔ပဲ ေျပာရေတာ့မွာပါ . . .

REF:dreamteamfc
Photo:Benfica90,dreamteamfc,Diário de Notícias
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပွဲထွက်ကစားခွင့်ရတဲ့ အရေအတွက်ထက် ဆုဖလားပိုရခဲ့တဲ့ ဘင်ဖီကာဂိုးသမား

ဘင်ဖီကာအသင်းရဲ့ ဝါရင့်ဂိုးသမား ပေါ်လိုလိုပက်စ် Paulo Lopes ရဲ့ နာမည်ကို ပရိသတ်တွေ ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။ ဘင်ဖီကာ ပရိသတ်တွေကိုယ်တိုင်တောင် လိုပက်စ်နဲ့ လမ်းမှာတွေ့ရင် သူ့ကို မှတ်မိပါ့မလားပဲ။ လိုပက်စ်ဟာ အခုဆိုရင် ဘောလုံးသမားဘဝက အနားယူသွားပြီဖြစ်ပြီး အံ့အားသင့်စရာကောင်းတာက ဘင်ဖီကာအသင်းအတွက် (၁၁)ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် အသင်းနဲ့အတူ ပေါ်တူဂီအမှတ်ပေးဖလား အပါအဝင် ဆုဖလား (၁၂)လုံးအထိ ရယူနိုင်ခဲ့လို့ဖြစ်ပါတယ်။

Paulo-Lopes-with-Trophy

Paulo-Lopes-with-Trophy

အသက်(၄၀)အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီဂိုးသမား လိုပက်စ်ဟာ ဘင်ဖီကာအသင်းမှာ ဆယ်စုနှစ် တစ်ခုကြာ ကစားခဲ့ပေမယ့် နံပါတ်(၁)မဖြစ်ခဲ့ဘဲ တတိယဦးစားပေးဂိုးသမားသာဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အခုအချိန်မှတော့ သူဟာ အောင်မြင်မှုအများဆုံး တတိယဦးစားပေးဂိုးသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။ ဘင်ဖီကာလူငယ်အသင်းကနေ ထွက်ပေါ်ခဲ့သူ လိုပက်စ်ဟာ ၁၉၉၇ မှာ စီနီယာအသင်းအတွက် ခေါ်ယူခံခဲ့ရပေမယ့် တစ်ပွဲမှ မကစားခဲ့ရဘဲ ၂၀၀၂ ခုနှစ်မှာ အသင်းနဲ့ လမ်းခွဲခဲ့တယ်။ ၂၀၁၂ မှာ ဘင်ဖီကာအသင်းက လိုပက်စ်ကို ပြန်လည်ခေါ်ယူခဲ့ပြီး အသင်းဟောင်းဆီက ဖုန်းနဲ့တစ်ဆင့် ဆက်သွယ်ခဲ့ချိန်မှာ လိုပက်စ်တစ်ယောက် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။

Paulo-Lopes

Paulo-Lopes

၂၀၁၂၊ အောက်တိုဘာ (၁၈) ရက်၊ S.C. Freamunde နဲ့ ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက် ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရခဲ့ပြီး သူ အနှစ်နှစ်အလလ စောင့်မျှော်နေတဲ့ ရည်မှန်းချက် ပြည့်မြောက်ခဲ့တယ်။ (၆)နှစ်အကြာမှာတော့ လိုပက်စ်ဟာ ဘောလုံးလောကကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ပြီး ဘင်ဖီကာ ယူ-၂၃နည်းပြအဖြစ် ဆောင်ရွက်သွားတော့မှာပါ။ လိုပက်စ်က “ဆုဖလားတွေ၊ ဆုတံဆိပ်တွေကို မြင်တိုင်း ကျွန်တော် စိတ်ကျေနပ်ဂုဏ်ယူမိပါတယ်။ ဒါတွေဟာ အသင်းလိုက်စုစည်းမှု၊ ကြိုးစားမှုတွေကြောင့် ရရှိခဲ့တာလို့ ခံစားမိပြီး ကျွန်တော့်ဂိုးသမားဘဝတစ်လျှောက် ရရှိခဲ့တဲ့ အောင်မြင်မှုတွေလို့လည်း သတ်မှတ်ရမှာပါ”လို့ ပြောကြားခဲ့တယ်။

Paulo-Lopes-ended-his-Benfica-career

Paulo-Lopes-ended-his-Benfica-career

လိုပက်စ်အနေနဲ့ ဒီဆုဖလားတွေကို ထိုက်ထိုက်တန်တန် ကိုင်မြှောက်ခွင့်ရခဲ့တာ ဟုတ်၊ မဟုတ်ကတော့ အငြင်းပွားစရာပါပဲ။ ဒါပေမဲ့ လိုပက်စ်ဟာ သူ့ဘဝရည်မှန်းချက်အတိုင်း ဖြစ်မြောက်အောင် ကြိုးစားခဲ့ပြီး ဘဝတစ်လျှောက်လုံး အားပေးခဲ့တဲ့ ဘင်ဖီကာအသင်းနဲ့ ဆုဖလားတွေ ရယူနိုင်ခဲ့တာဟာ သူ့အတွက် ကျေနပ်စရာလို့ပဲ ပြောရတော့မှာပါ . . .

REF:dreamteamfc
Photo:Benfica90,dreamteamfc,Diário de Notícias
Naing Linn(Akhayar)
www.akhayar.com