[Zawgyi]

အပ်ိဳၾကီးဖားဖားျဖစ္လာျပီျဖစ္တဲ့  Paul Walker ရဲ့ သမီးေလး Meadow Walker

It’s been a long day, without you my friend ဆိုတဲ့ သီခ်င္းေလးၾကားရင္ Fast & Furious ထဲက Paul Walker ၾကီးကိုပဲ ေျပးျမင္ျပီး မ်က္ရည္လည္မိတယ္မလား။ ေသေသာသူ ၾကာရင္ေမ့ဆိုေပမယ့္ Paul ကို ခ်စ္ၾက ခင္ၾကသူေတြကေတာ့ ခုထိ သတိရမဆံုး ရွိေနဦးမွာပါ။

Paul ရဲ့ အလြမ္းေျပအျဖစ္ သူ႔သမီးေလး Meadow Rain Walker ေလးရဲ့ လတ္တေလာ လႈပ္ရွားမႈအေၾကာင္းေလးေျပာျပခ်င္ပါတယ္ဗ်။ Paul Walker ေသတာ ၄ ႏွစ္ေက်ာ္တဲ့အခ်ိန္မွာ အသက္ ၁၉ ႏွစ္ရွိျပီျဖစ္တဲ့ Meadow ဟာ Paul ရဲ့ Charity Foundation “Reach Out Worldwide” အတြက္ ဆက္လက္လုပ္ကိုင္ေနပါတယ္။

Meadow ဟာ Roger Rodas ရဲ့ ပိုင္ဆုိင္မႈကေန ေလ်ာ္ေၾကးအေနနဲ႔ $10.1  million ေလာက္ ရရွိခဲ့ပါေသးတယ္။ Roger Rodas ဟာ ၂၀၁၃ ခုႏွစ္က ျဖစ္ပြားတဲ့ Paul ရဲ့ ကားတုိက္မႈမွာ ကားေမာင္းသူအျဖစ္နဲ႔ အဓိကတာဝန္အရွိဆံုးျဖစ္ျပီး ဒီမေတာ္တဆမႈမွာ သူေရာ၊  Paul ေရာ အသက္ဆံုးရွဳံးခဲ့ရတာ ျဖစ္ပါတယ္။အဲ့ဒါအျပင္ Meadow နဲ႔ သူ႔ရဲ့ ေရွ႕ေနဟာ Porsche ကားကုမၸဏီကိုပါ သူ႔အေဖရဲ့ ကားမေတာ္တဆမႈနဲ႔ ေသဆံုးရမႈအတြက္ တရားစြဲဆုိထားပါေသးတယ္။

You May Also Like : ” ၂၈ ႏွစ္မွာ အျငိမ္းစားယူသြားတဲ့ သန္းၾကြယ္သူေဌးမေလး JP Livingston

Paul ရဲ့ ၄၂ ႏွစ္ေျမာက္ေမြးေန႔ျဖစ္တဲ့ ၂၀၁၅ စက္တင္ဘာမွာ ဒီ Foundation ကို တရားဝင္တည္ေထာင္ေၾကာင္းေၾကညာခဲ့ျပီး Paul ရဲ့ ဒီ Foundation တည္ေထာင္ရျခင္း ရည္မွန္းခ်က္ဟာ ရုိးရုိးေလးပဲ၊ “ Do Good” ပါတဲ့။ ဒီ Foundation ဟာ အဏၰဝါသိပၸံေလ့လာေရးနယ္ပယ္က ေက်ာင္းသားနဲ႔ သုေတသနျပဳသူေတြကို ပညာသင္ဆုေတြလည္း ေထာက္ပံ့ေပးေနပါေသးတယ္။

Meadow ဟာ သူနဲ႔ သူ႔အေဖ Paul တို႔ရဲ့ ဓာတ္ပုံေလးေတြကို သူ႔ရဲ့ Instagram အေကာင့္မွာ ျပန္ျပန္တင္ေလ့ ရွိျပီး သူ႔ရဲ့ လွပ ႏုနယ္ေခ်ာေမာတဲ့ မ်က္ႏွာေလးနဲ႔ Paul ရဲ့ သမီးျဖစ္ေနတာေၾကာင့္ သူ႔ရဲ့ Instagram Followers ဟာ 1.5 Million ရွိသြားျပီ ျဖစ္ပါတယ္ခင္ဗ်ာ။

ရိုးလူ (အခရာ)

www.akhayar.com
[ Unicode]

အပျိုကြီးဖားဖားဖြစ်လာပြီဖြစ်တဲ့  Paul Walker ရဲ့ သမီးလေး Meadow Walker

It’s been a long day, without you my friend ဆိုတဲ့ သီချင်းလေးကြားရင် Fast & Furious ထဲက Paul Walker ကြီးကိုပဲ ပြေးမြင်ပြီး မျက်ရည်လည်မိတယ်မလား။ သေသောသူ ကြာရင်မေ့ဆိုပေမယ့် Paul ကို ချစ်ကြ ခင်ကြသူတွေကတော့ ခုထိ သတိရမဆုံး ရှိနေဦးမှာပါ။

Paul ရဲ့ အလွမ်းပြေအဖြစ် သူ့သမီးလေး Meadow Rain Walker လေးရဲ့ လတ်တလော လှုပ်ရှားမှုအကြောင်းလေးပြောပြချင်ပါတယ်ဗျ။ Paul Walker သေတာ ၄ နှစ်ကျော်တဲ့အချိန်မှာ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ Meadow ဟာ Paul ရဲ့ Charity Foundation “Reach Out Worldwide” အတွက် ဆက်လက်လုပ်ကိုင်နေပါတယ်။

Meadow ဟာ Roger Rodas ရဲ့ ပိုင်ဆိုင်မှုကနေ လျော်ကြေးအနေနဲ့ $10.1  million လောက် ရရှိခဲ့ပါသေးတယ်။ Roger Rodas ဟာ ၂၀၁၃ ခုနှစ်က ဖြစ်ပွားတဲ့ Paul ရဲ့ ကားတိုက်မှုမှာ ကားမောင်းသူအဖြစ်နဲ့ အဓိကတာဝန်အရှိဆုံးဖြစ်ပြီး ဒီမတော်တဆမှုမှာ သူရော၊  Paul ရော အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။အဲ့ဒါအပြင် Meadow နဲ့ သူ့ရဲ့ ရှေ့နေဟာ Porsche ကားကုမ္ပဏီကိုပါ သူ့အဖေရဲ့ ကားမတော်တဆမှုနဲ့ သေဆုံးရမှုအတွက် တရားစွဲဆိုထားပါသေးတယ်။

You May Also Like : ” ၂၈ နှစ်မှာ အငြိမ်းစားယူသွားတဲ့ သန်းကြွယ်သူဌေးမလေး JP Livingston

Paul ရဲ့ ၄၂ နှစ်မြောက်မွေးနေ့ဖြစ်တဲ့ ၂၀၁၅ စက်တင်ဘာမှာ ဒီ Foundation ကို တရားဝင်တည်ထောင်ကြောင်းကြေညာခဲ့ပြီး Paul ရဲ့ ဒီ Foundation တည်ထောင်ရခြင်း ရည်မှန်းချက်ဟာ ရိုးရိုးလေးပဲ၊ “ Do Good” ပါတဲ့။ ဒီ Foundation ဟာ အဏ္ဏဝါသိပ္ပံလေ့လာရေးနယ်ပယ်က ကျောင်းသားနဲ့ သုတေသနပြုသူတွေကို ပညာသင်ဆုတွေလည်း ထောက်ပံ့ပေးနေပါသေးတယ်။

Meadow ဟာ သူနဲ့ သူ့အဖေ Paul တို့ရဲ့ ဓာတ်ပုံလေးတွေကို သူ့ရဲ့ Instagram အကောင့်မှာ ပြန်ပြန်တင်လေ့ ရှိပြီး သူ့ရဲ့ လှပ နုနယ်ချောမောတဲ့ မျက်နှာလေးနဲ့ Paul ရဲ့ သမီးဖြစ်နေတာကြောင့် သူ့ရဲ့ Instagram Followers ဟာ 1.5 Million ရှိသွားပြီ ဖြစ်ပါတယ်ခင်ဗျာ။

ရိုးလူ (အခရာ)

www.akhayar.com