[Zawgyi]

ၿသဂုတ္လမွာ စတင္ျပသေတာ့မယ့္ Paul Walker အေၾကာင္း Documentary ရုပ္ရွင္

ကြယ္လြန္သြားျပီျဖစ္တဲ့ မင္းသားေခ်ာ Paul Walker ရဲ႕ ဘဝဇာတ္ေၾကာင္းကို ရုိက္ကူးထားတဲ့ Documentary အမ်ိဳးအစား ရုပ္ရွင္ဇာတ္ကားဟာ ၾသဂုတ္လမွာ စတင္ျပသေတာ့မယ္လို႔ သိရပါတယ္။

Paul Walker

Paul Walker

“I Am Paul Walker” လို႔ နာမည္ေပးထားတဲ့ ဒီဇာတ္ကားဟာ ရုပ္ရည္ေခ်ာေမာျပီး ပရိသတ္အားေပးမႈအျပည့္ရထားတဲ့ Paul Walker တစ္ေယာက္ ဝမ္းနည္းဖြယ္ ကားမေတာ္တဆအျဖစ္ဆိုးၾကီးမွာ ေသဆံုးခဲ့ရတဲ့အတြက္ သူ႔ပရိသတ္၊ မိသားစုနဲ႔ သူငယ္ခ်င္းေတြ ေၾကကြဲရတဲ့ အေၾကာင္းကို မွတ္တမ္းတင္ေဖာ္ျပမွာ ျဖစ္ပါတယ္။

Paul Walker in the fast and the furious

Paul Walker in the fast and the furious

Paul Walker ဟာ Street Racing ဇာတ္ကားတြဲျဖစ္တဲ့ “Fast & Furious” ရုပ္ရွင္ဇာတ္ကားတြဲေတြမွာ ပါဝင္ခဲ့့ျပီး ၂၀၁၃ ခုႏွစ္က ျဖစ္တဲ့ ကားမေတာ္တဆမႈမွာ ေသဆံုးခဲ့ရပါတယ္။

Paul Walker ေတြ ပါဝင္တဲ့ ကားမေတာ္တဆမႈ

Paul Walker ေတြ ပါဝင္တဲ့ ကားမေတာ္တဆမႈ

အဲဒီတုန္းက Paul Walker ရဲ႕ Racing Team အသင္းေဖာ္ Roger Rodas က ကားကုိ ေမာင္းႏွင္ခဲ့တာ ျဖစ္ျပီး Paul Walker က ေဘးထုိင္ခံုမွာ လိုက္စီးခဲ့တာပါ။ သူတို႔ႏွစ္ေယာက္ရဲ႕ကားဟာ Santa Clarita ျမိဳ႕မွာရွိတဲ့ လမ္းေဘးမီးတုိင္တစ္ခုကို ဝင္တုိက္ခဲ့ျပီး မီးေလာင္ေသဆံုးခဲ့ရပါတယ္။ ဒီျဖစ္စဥ္ကို ရဲတပ္ဖြဲ႔ရဲ႕ စံုစမ္းမႈအရ အရွိန္ႏႈန္းျမွင့္ေမာင္းႏွင္မႈဟာ ကားမေတာ္တဆမႈရဲ႕ အဓိကတရားခံျဖစ္ျပီး သူတို႔ဟာ တစ္နာရီကို မိုင္ ၈၀ ကေန ၉၃ မိုင္နႈန္းအထိ ေမာင္းႏွင္ခဲ့ၾကတယ္လို႔ ဆုိပါတယ္။

Paul Walker နဲ႔ Roger Rodas

Paul Walker နဲ႔ Roger Rodas

Paul Walker အေၾကာင္း ရုိက္ကူးထားတဲ့ ဒီ Documentary ဇာတ္ကားမွာ သူ႔မိသားစုဝင္ေတြ၊ သူ႔သူငယ္ခ်င္းေတြနဲ႔ သူ႔မိသားစုေတြရဲဲ႕ အင္တာဗ်ဴးေတြ ပါဝင္သလို ‘Fast and Furious’ မွာ တြဲဖက္သရုပ္ေဆာင္ခဲ့တဲ့ မင္းသား Tyrese Gibson နဲ႔ အင္တာဗ်ဴးေတြက အစပါဝင္ပါတယ္။

Tyrese Gibson

Tyrese Gibson

ဒီဇာတ္ကားကို Healh Ledger၊ Chris Farley နဲ႔ Muhammad Ali တို႔ အေၾကာင္းရုိက္ကူးထုတ္လုပ္ခဲ့တဲ့ Adrian Buitenhuis က ရိုက္ကူးတင္ဆက္ထားတာ ျဖစ္ပါတယ္။ “I Am Paul Walker” ဇာတ္ကားကုိ ၾသဂုတ္လ ၉ ရက္ေန႔မွာ စတင္ျပသမွာ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : cnn.com
[Unicode]

သြဂုတ်လမှာ စတင်ပြသတော့မယ့် Paul Walker အကြောင်း Documentary ရုပ်ရှင်

ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားချော Paul Walker ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ Documentary အမျိုးအစား ရုပ်ရှင်ဇာတ်ကားဟာ သြဂုတ်လမှာ စတင်ပြသတော့မယ်လို့ သိရပါတယ်။

Paul Walker

Paul Walker

“I Am Paul Walker” လို့ နာမည်ပေးထားတဲ့ ဒီဇာတ်ကားဟာ ရုပ်ရည်ချောမောပြီး ပရိသတ်အားပေးမှုအပြည့်ရထားတဲ့ Paul Walker တစ်ယောက် ဝမ်းနည်းဖွယ် ကားမတော်တဆအဖြစ်ဆိုးကြီးမှာ သေဆုံးခဲ့ရတဲ့အတွက် သူ့ပရိသတ်၊ မိသားစုနဲ့ သူငယ်ချင်းတွေ ကြေကွဲရတဲ့ အကြောင်းကို မှတ်တမ်းတင်ဖော်ပြမှာ ဖြစ်ပါတယ်။

Paul Walker in the fast and the furious

Paul Walker in the fast and the furious

Paul Walker ဟာ Street Racing ဇာတ်ကားတွဲဖြစ်တဲ့ “Fast & Furious” ရုပ်ရှင်ဇာတ်ကားတွဲတွေမှာ ပါဝင်ခဲ့ပြီး ၂၀၁၃ ခုနှစ်က ဖြစ်တဲ့ ကားမတော်တဆမှုမှာ သေဆုံးခဲ့ရပါတယ်။

Paul Walker တွေ ပါဝင်တဲ့ ကားမတော်တဆမှု

Paul Walker တွေ ပါဝင်တဲ့ ကားမတော်တဆမှု

အဲဒီတုန်းက Paul Walker ရဲ့ Racing Team အသင်းဖော် Roger Rodas က ကားကို မောင်းနှင်ခဲ့တာ ဖြစ်ပြီး Paul Walker က ဘေးထိုင်ခုံမှာ လိုက်စီးခဲ့တာပါ။ သူတို့နှစ်ယောက်ရဲ့ကားဟာ Santa Clarita မြို့မှာရှိတဲ့ လမ်းဘေးမီးတိုင်တစ်ခုကို ဝင်တိုက်ခဲ့ပြီး မီးလောင်သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်စဉ်ကို ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမှုအရ အရှိန်နှုန်းမြှင့်မောင်းနှင်မှုဟာ ကားမတော်တဆမှုရဲ့ အဓိကတရားခံဖြစ်ပြီး သူတို့ဟာ တစ်နာရီကို မိုင် ၈၀ ကနေ ၉၃ မိုင်နှုန်းအထိ မောင်းနှင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Paul Walker နဲ့ Roger Rodas

Paul Walker နဲ့ Roger Rodas

Paul Walker အကြောင်း ရိုက်ကူးထားတဲ့ ဒီ Documentary ဇာတ်ကားမှာ သူ့မိသားစုဝင်တွေ၊ သူ့သူငယ်ချင်းတွေနဲ့ သူ့မိသားစုတွေရဲ့ အင်တာဗျူးတွေ ပါဝင်သလို ‘Fast and Furious’ မှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Tyrese Gibson နဲ့ အင်တာဗျူးတွေက အစပါဝင်ပါတယ်။

Tyrese Gibson

Tyrese Gibson

ဒီဇာတ်ကားကို Healh Ledger၊ Chris Farley နဲ့ Muhammad Ali တို့ အကြောင်းရိုက်ကူးထုတ်လုပ်ခဲ့တဲ့ Adrian Buitenhuis က ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ “I Am Paul Walker” ဇာတ်ကားကို သြဂုတ်လ ၉ ရက်နေ့မှာ စတင်ပြသမှာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : cnn.com