[Zawgyi]

ပယ္နယ္တီ ကန္သြင္းတဲ႔ ပံုစံေၾကာင္႔ ေ၀ဖန္မႈေတြခံေနရတဲ႔ ေပါ႔ဘာ Pogba

မန္ယူအသင္းကြင္းလယ္လူ ေပါ႔ဘာ Pogba ဟာ သူ႔ရဲ႕ပယ္နယ္တီ ကန္သြင္းတဲ႔ ပံုစံေၾကာင္႔ ေ၀ဖန္မႈေတြခံေနရပါတယ္။ မန္ယူ ( ၂ – ၁ )အဲဗာတန္ပြဲစဥ္မွာ ရရိွခဲ႔တဲ႔ ပယ္နယ္တီကို ေပါ႔ဘာကန္ဖို႔ ဟန္ေရးျပင္ခဲ႔ရာမွာ ေျခလွမ္းေပါင္း (၃၀)ေက်ာ္ၾကာခဲ႔တာပါ။ ဒီအေနအထားနဲ႔ ပတ္သက္ျပီး ေပါ႔ဘာကို လူမႈကြန္ယက္ေတြမွာ ေလွာင္ေျပာင္တဲ႔ Post ေတြတင္ခဲ႔ၾကသလို မန္ယူဂႏၳ၀င္ေနာက္ခံလူ ဂယ္ရီနဗီးလ္ Gary Neville အပါအ၀င္ တျခားကစားသမားေဟာင္းေတြကလည္း သူ႔ရဲ႕ကန္ခ်က္ကို ေ၀ဖန္ျပစ္တင္ေနၾကပါတယ္။

Pogba

Pogba

ေပါ႔ဘာဟာ ဒီႏွစ္ေဘာလံုးရာသီမွာ မန္ယူအသင္းရရိွတဲ႔ ပယ္နယ္တီေတြကို ကန္သြင္းဖို႔ တာ၀န္ယူထားသူျဖစ္ျပီး အခုလိုပံုစံဆန္းဆန္းနဲ႔ ရရိွလာတဲ႔ ပယ္နယ္တီေတြကို ကန္သြင္းေနသူပါ။ ေပါ႔ဘာရဲ႕ လက္ရိွပယ္နယ္တီကန္တဲ႔ ပံုစံဟာ ျပိဳင္ဘက္ ဂိုးသမားအေနနဲ႔ ေဘာလံုးလမ္းေၾကာင္း တြက္ဆရပိုလြယ္ေနတာေၾကာင္႔ အခုလိုေ၀ဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရတာပဲျဖစ္ပါတယ္။

Pickford-Saves

Pickford-Saves

အဲဗာတန္နဲ႔ ပြဲမွာလည္း ပစ္ဖို႔ဒ္ Pickford ဟာ ေပါ႔ဘာရဲ႕ ကန္ခ်က္ကိုကာကြယ္ႏိုင္ခဲ႔ျပီး ေပါ႔ဘာအေနနဲ႔ ေနာက္တစ္ဆင္႔ထပ္ကန္မွ ဂိုး၀င္ခဲ႔တာပါ။ လက္ရိွမွာေတာ႔ ေပါ႔ဘာဟာ သူ႔ရဲ႕ပယ္နယ္တီကန္သြင္းတဲ႔ပံုစံကို ေျပာင္းလဲမယ္လို႔လည္း ေျပာဆိုထားပါတယ္။ ဒီႏွစ္ေဘာလံုးရာသီမွာ ေပါ႔ဘာဟာ လက္ရိွအခ်ိန္ထိ မန္ယူအသင္းအတြက္ ပယ္နယ္တီ (၅)ၾကိမ္ကန္သြင္းထားျပီး (၃)ၾကိမ္ဂိုး၀င္ခဲ႔သလို (၂)ၾကိမ္လြဲေခ်ာ္ခဲ႔တာေၾကာင္႔ သူ႔ရဲ႕ပယ္နယ္တီစြမ္းေဆာင္ရည္ဟာ ဒီထက္ပိုျပီးတိုးတက္လာဖို႔ကေတာ႔ လိုအပ္ေနတာ အမွန္ပါပဲ။

Ref: The Sun
Photo: The Times 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပယ်နယ်တီ ကန်သွင်းတဲ့ ပုံစံကြောင့် ဝေဖန်မှုတွေခံနေရတဲ့ ပေါ့ဘာ Pogba

မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာ Pogba ဟာ သူ့ရဲ့ပယ်နယ်တီ ကန်သွင်းတဲ့ ပုံစံကြောင့် ဝေဖန်မှုတွေခံနေရပါတယ်။ မန်ယူ ( ၂ – ၁ )အဲဗာတန်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပယ်နယ်တီကို ပေါ့ဘာကန်ဖို့ ဟန်ရေးပြင်ခဲ့ရာမှာ ခြေလှမ်းပေါင်း (၃၀)ကျော်ကြာခဲ့တာပါ။ ဒီအနေအထားနဲ့ ပတ်သက်ပြီး ပေါ့ဘာကို လူမှုကွန်ယက်တွေမှာ လှောင်ပြောင်တဲ့ Post တွေတင်ခဲ့ကြသလို မန်ယူဂန္ထဝင်နောက်ခံလူ ဂယ်ရီနဗီးလ် Gary Neville အပါအဝင် တခြားကစားသမားဟောင်းတွေကလည်း သူ့ရဲ့ကန်ချက်ကို ဝေဖန်ပြစ်တင်နေကြပါတယ်။

Pogba

Pogba

ပေါ့ဘာဟာ ဒီနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းရရှိတဲ့ ပယ်နယ်တီတွေကို ကန်သွင်းဖို့ တာဝန်ယူထားသူဖြစ်ပြီး အခုလိုပုံစံဆန်းဆန်းနဲ့ ရရှိလာတဲ့ ပယ်နယ်တီတွေကို ကန်သွင်းနေသူပါ။ ပေါ့ဘာရဲ့ လက်ရှိပယ်နယ်တီကန်တဲ့ ပုံစံဟာ ပြိုင်ဘက် ဂိုးသမားအနေနဲ့ ဘောလုံးလမ်းကြောင်း တွက်ဆရပိုလွယ်နေတာကြောင့် အခုလိုဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။

Pickford-Saves

Pickford-Saves

အဲဗာတန်နဲ့ ပွဲမှာလည်း ပစ်ဖို့ဒ် Pickford ဟာ ပေါ့ဘာရဲ့ ကန်ချက်ကိုကာကွယ်နိုင်ခဲ့ပြီး ပေါ့ဘာအနေနဲ့ နောက်တစ်ဆင့်ထပ်ကန်မှ ဂိုးဝင်ခဲ့တာပါ။ လက်ရှိမှာတော့ ပေါ့ဘာဟာ သူ့ရဲ့ပယ်နယ်တီကန်သွင်းတဲ့ပုံစံကို ပြောင်းလဲမယ်လို့လည်း ပြောဆိုထားပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ ပေါ့ဘာဟာ လက်ရှိအချိန်ထိ မန်ယူအသင်းအတွက် ပယ်နယ်တီ (၅)ကြိမ်ကန်သွင်းထားပြီး (၃)ကြိမ်ဂိုးဝင်ခဲ့သလို (၂)ကြိမ်လွဲချော်ခဲ့တာကြောင့် သူ့ရဲ့ပယ်နယ်တီစွမ်းဆောင်ရည်ဟာ ဒီထက်ပိုပြီးတိုးတက်လာဖို့ကတော့ လိုအပ်နေတာ အမှန်ပါပဲ။

Ref: The Sun
Photo: The Times 
Ko Kyue(Akhayar)
www.akhayar.com