[Zawgyi]
Pogba
Pogba
ဒါကြောင့် မန်ယူနည်းပြမော်ရင်ဟို Mourinho ဟာ ပေါ့ဘာရဲ့နေရာမှာ ဖယ်လေနီ Fellaini ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုမှာဖြစ်ပြီး အလက်ဆစ်ဆန်းချက်ဇ် Alexis Sanchez ၊ လူကာကူ Lukaku တို့ကိုလည်း အရန်စာရင်းမှာသာ ထည့်ထားပါတယ်။ ပေါ့ဘာ မပါတဲ့ မန်ယူအသင်း မန်စီးတီးကို အသာရနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာပါ . .
REF:manutd
Naing Linn(Akhayar)
www.akhayar.com
[Unicode]
မန်ချက်စတာဒါဘီပွဲကို ဒဏ်ရာကြောင့် လွဲချော်မယ့် ပေါ့ဘာ Pogba
မန်ယူအသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါ့ဘာ Pogba ဟာ ဒဏ်ရာပြဿနာကြောင့် ဒီနေ့ညကစားမယ့် မန်ချက်စတာဒါဘီပွဲကို လွဲချော်မှာဖြစ်ပါတယ်။ ပေ့ါဘာဟာ ပြီးခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး သောကြာနေ့က အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တယ်။ ပေါ့ဘာအနေနဲ့ ဒဏ်ရာက ပြန်လည်သက်သာလာဖို့ ကြိုးစားခဲ့ပေမယ့် မန်ချက်စတာဒါဘီပွဲမှာ ပါဝင်ကစားဖို့ မဖြစ်နိုင်တော့တာကြောင့် ဒီပွဲကို လွဲချော်မှာဖြစ်ပါတယ်။
Pogba
Pogba
ဒါကြောင့် မန်ယူနည်းပြမော်ရင်ဟို Mourinho ဟာ ပေ့ါဘာရဲ့နေရာမှာ ဖယ်လေနီ Fellaini ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုမှာဖြစ်ပြီး အလက်ဆစ်ဆန်းချက်ဇ် Alexis Sanchez ၊ လူကာကူ Lukaku တို့ကိုလည်း အရန်စာရင်းမှာသာ ထည့်ထားပါတယ်။ ပေ့ါဘာ မပါတဲ့ မန်ယူအသင်း မန်စီးတီးကို အသာရနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာပါ . .
မန်စီးတီးနဲ့ပွဲအတွက် မန်ယူပွဲထွက်လူစာရင်း
De Gea; Young, Lindelof, Smalling, Shaw; Matic, Herrera, Fellaini; Lingard, Rashford, Martial.
Substitutes: Romero, Darmian, Jones, Fred, Mata, Alexis, Lukaku.
REF:manutd
Photo:Premier League,Getty Images
Naing Linn(Akhayar)
www.akhayar.com